ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • CO-pgm24 စာ. ၇-၈
  • တက်ရောက်သူများ သိသင့်သိအပ်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တက်ရောက်သူများ သိသင့်သိအပ်ရာ
  • ၂၀၂၄ ခရိုင်အစည်းအဝေး အစီအစဉ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၃ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၅ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၁၉ ခရိုင်အစည်းအဝေး အစီအစဉ်
နောက်ထပ် ကြည့်ပါ
၂၀၂၄ ခရိုင်အစည်းအဝေး အစီအစဉ်
CO-pgm24 စာ. ၇-၈

တက်ရောက်သူများ သိသင့်သိအပ်ရာ

ဧည့်ကြိုများ သင့်ကို ကူညီပေးဖို့ ဧည့်ကြိုတွေကို တာဝန်ချထားပါတယ်။ ကားရပ်နားခြင်း၊ အဆောက်အအုံအတွင်း ဝင်ထွက်သွားလာခြင်း၊ နေရာဦးခြင်းနဲ့ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် အပြည့်အဝ ပူးပေါင်းကူညီပါ။

နှစ်ခြင်း တခြားအမှတ်အသား ဖော်ပြထားတာမျိုး မရှိရင် နှစ်ခြင်းခံမယ့်သူတွေအတွက် နေရာကို စင်မြင့်ရှေ့တန်းမှာ သီးသန့်သတ်မှတ်ထားပါမယ်။ နှစ်ခြင်းခံမယ့်သူတွေဟာ စနေနေ့မနက် နှစ်ခြင်းဟောပြောချက် မတိုင်မီ သတ်မှတ်ထားတဲ့နေရာမှာ ရောက်နေသင့်တယ်။ တဘက် ယူလာပြီး ဣန္ဒြေရှိရှိ ဝတ်ဆင်လာသင့်တယ်။

အလှူငွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတဲ့ ခရိုင်အစည်းအဝေးကို ပျော်ရွှင်စွာ တက်ရောက်နိုင်အောင် နေရာထိုင်ခင်း၊ ရုပ်သံပိုင်း စက်ကိရိယာတွေနဲ့ တခြားဝန်ဆောင်မှု များစွာအတွက် အတော်အတန် အကုန်အကျခံ စီစဉ်ထားပါတယ်။ စေတနာအလျောက် လှူဒါန်းတဲ့ အလှူငွေတွေက ဒီကုန်ကျစရိတ် တွေကို ကာမိစေပြီး ကမ္ဘာချီလုပ်ငန်းကိုလည်း ထောက်မပေးတယ်။ သင့်အတွက်လွယ်ကူစေဖို့ ထင်ထင်ရှားရှား မှတ်သားထားတဲ့ အလှူငွေပုံးတွေကို ဒီအဆောက်အအုံ နေရာအနှံ့မှာ ထားပေးထားပါတယ်။ donate.jw.org ကနေလည်း အလှူငွေ ထည့်နိုင်ပါတယ်။ အလှူငွေအားလုံးကို သိပ်တန်ဖိုးထားပါတယ်။ ကမ္ဘာချီလုပ်ငန်းကို ရက်ရောစွာ ထောက်ပံ့ပေးတဲ့ သင့်အလှူငွေအတွက် အုပ်ချုပ်ရေးအဖွဲ့က ကျေးဇူးတင်ပါတယ်။

ရှေးဦး သူနာပြု အရေးပေါ်အတွက်သာ ဖြစ်ကြောင်း မှတ်သားစေလိုပါတယ်။

ပျောက်တွေ့ဌာန ကောက်ရတဲ့ ပစ္စည်းတွေကို ပျောက်တွေ့ဌာနဆီ ပို့ပေးပါ။ တစ်ခုခု ပျောက်သွားရင်လည်း ဒီဌာနဆီ သွားပြီး ပစ္စည်းအမျိုးအမည်ကို ပြောပြပါ။ မိဘနဲ့ ကွဲသွားပြီး မသွားတတ် မလာတတ် ဖြစ်နေတဲ့ ကလေးတွေကို ဒီဌာန ပို့ပေးသင့်တယ်။ အဲဒီလို စိတ်ပူစရာတွေ မဖြစ်အောင် ကိုယ့်ရဲ့ကလေးတွေကို ကိုယ်နဲ့အတူထားပြီး စောင့်ရှောက်ပေးပါ။

နေရာထိုင်ခင်း တခြားသူတွေကို စာနာပါ။ မိသားစုရင်းချာတွေ၊ ကိုယ်နဲ့ တစ်ကားတည်း အတူစီးသူတွေ၊ တစ်အိမ်တည်း အတူနေသူတွေ ဒါမှမဟုတ် လက်ရှိ သင်နဲ့ ကျမ်းစာလေ့လာနေသူတွေအတွက်သာ ထိုင်ခုံဦးထားနိုင်တယ်ဆိုတာ သတိရပါ။ ပစ္စည်းတွေကို ကိုယ် မဦးထားတဲ့ အနားတစ်ဝိုက်က ခုံတွေပေါ်မှာ တင်မထားပါနဲ့။

စေတနာ့ဝန်ထမ်းဌာန အစည်းအဝေးကြီး အစီအစဉ်နဲ့ပတ်သက်တဲ့ အလုပ်တွေမှာ လုပ်အားပေးချင်တယ်ဆိုရင် သတင်းအချက်အလက်နဲ့ စေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားပါ။

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပါတယ်

© 2024 Watch Tower Bible and Tract Society of Pennsylvania

အထူး အစည်းအဝေး

သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း

သင်တန်းပို့ချသူနဲ့ ဇနီးမောင်နှံတို့ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းရဲ့ စာကြည့်တိုက်တွင် လေ့လာစဉ် ဘုရားရေးရာ အကြောင်း ဆွေးနွေးဖို့ အီလက်ထရွန်နစ် ကိရိယာများ အသုံးပြုနေကြ။ တခြားသင်တန်းသားတွေလည်း လေ့လာနေတာ တွေ့နိုင်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်ထားလိုသူတွေအတွက် အစည်းအဝေးကို တက်ရောက်ဖို့ အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်သူအားလုံးကို ဖိတ်ခေါ်ပါတယ်။ နေရာနဲ့ အချိန် အတိအကျကို ကြေညာပေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ