၁ ဧနောက်
ဘုရားသခင်နဲ့အတူ လျှောက်လှမ်းသူ
ဧနောက်ဟာ တစ်ခေတ်တည်းသားတွေနဲ့ အကွာကြီး ကွာသူ ဖြစ်လို့ တစ်ခါတလေ အထီးကျန်နိုင်တယ်။ ‘စစ်မှန်တဲ့ ဘုရားသခင်နဲ့ ဆက်လျှောက်လှမ်းတယ်’ လို့ ကျမ်းစာဖော်ပြတာ အဲဒီခေတ်မှာ ဧနောက်တစ်ယောက်ပဲ ရှိတယ်။ သာမန်လူတစ်ယောက်က စစ်မှန်တဲ့ ဘုရားသခင်နဲ့အတူ ဘယ်လိုလုပ်ပြီး လျှောက်လှမ်းနိုင်သလဲ။ သတ္တိရှိခြင်းနဲ့ပတ်သက်ပြီး ဧနောက်ဆီကနေ ဘာသင်ယူနိုင်သလဲ။
အနည်းဆုံး နည်းနှစ်နည်းအားဖြင့် စစ်မှန်တဲ့ ဘုရားသခင်နဲ့အတူ ဧနောက် လျှောက်လှမ်းတယ်။ ပထမ၊ ဘုရားတရားမဲ့သူတွေကို မတုပခြင်းအားဖြင့်ပါ။ ဧနောက်ဟာ အာဒံနဲ့ ဧဝရဲ့ ခုနစ်ဆက်မြောက် မျိုးဆက် ဖြစ်တယ်။ ဧနောက် မွေးချိန်မှာ အာဒံ အသက်ရှင်နေသေးတယ်။ အသက်တော့ ကြီးနေပြီ။ (“ဧနောက်ခေတ်မှ တရားသူကြီးခေတ်” အချိန်ပြဇယားကို ကြည့်ပါ။) အာဒံနဲ့ ဧဝရဲ့ ပုန်ကန်တဲ့ လမ်းစဉ်ကို လူတိုင်းနီးပါး လိုက်ကြတယ်။ အာဒံနဲ့ ဧဝရဲ့ သားငယ်၊ ဦးဆုံး ယုံကြည်ခြင်း စံနမူနာရှင် အာဗေလကို အစ်ကိုအရင်း ကာအိန သတ်လိုက်တယ်။ ကာအိနရဲ့ သားမြေးတချို့ဆိုရင် ပိုလို့တောင် ဆိုးလာကြတယ်။ (က. ၄:၂၃၊ ၂၄) ရက်စက်တဲ့ သဘောထား ကူးစက်မလာဖို့ ဧနောက် သတ္တိရှိရှိ အန်တုတယ်။ အေးအေးချမ်းချမ်း နေတယ်။ ဒါကြောင့် ဘုရားနှစ်သက်မှု ရတယ်။
ဧနောက်ခေတ်မတိုင်ခင် နှစ်များစွာကတည်းက “ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်စပြုကြပြီ။” (က. ၄:၂၆) ကြည်ညိုလေးစားတဲ့သဘောနဲ့ ခေါ်ပုံမရဘူး။ မထီမဲ့မြင် ခေါ်ကြတာ။ အဲဒီလိုခေါ်တဲ့အထဲမှာ ဧနောက် မပါဘူး။ ယေဟောဝါဘုရားရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ဧနောက် မြတ်နိုးလေးစားတယ်။ ဒါကြောင့် တစ်ခေတ်တည်းသားတွေနဲ့ အကွာကြီး ကွာတာ။
သတင်းစကား နားခါးလွန်းလို့ ဧနောက်ကို လူတွေ ရန်မူလာချိန်မှာ ယေဟောဝါဘုရား ကာကွယ်
စစ်မှန်တဲ့ ဘုရားသခင်နဲ့အတူ ဧနောက် လျှောက်လှမ်းတဲ့ ဒုတိယနည်းကတော့ ဘုရား ခိုင်းတာ လုပ်ခြင်းပါပဲ။ ပရောဖက်အဖြစ် အမှုဆောင်ဖို့ ဧနောက်ကို ဘုရား အထူးတာဝန် ပေးတယ်။ “ယေဟောဝါဘုရားက သန့်ရှင်းတဲ့ ကောင်းကင်တမန် အမြောက်အမြားနဲ့အတူ ကြွလာပြီ။ လူအားလုံးကို တရားစီရင်လိမ့်မယ်။ ဘုရားတရားမဲ့ လမ်းစဉ်အတိုင်း ကျူးလွန်ခဲ့တဲ့ တရားမဲ့ လုပ်ရပ်အားလုံး၊ ဘုရားကို ဆန့်ကျင်ပြောဆိုတဲ့ ထိတ်လန့်ဖွယ် စကားအားလုံးအတွက် တရားမဲ့တဲ့ အပြစ်သားတွေမှာ အပြစ်ရှိကြောင်း ဖော်ပြလိမ့်မယ်” ဆိုပြီး လူဆိုးတွေဆီ သွားပြောရမှာ ဖြစ်လို့ ဧနောက် သတ္တိရှိဖို့ ပိုလိုလာတယ်။
ယေဟောဝါဘုရား ကြိုပြောသလို တကယ် ဖြစ်လာမယ်ဆိုတာ ဧနောက် အခိုင်အမာ ယုံကြည်တယ်။ ဧနောက် သွားပြောရတဲ့ တရားစီရင်ခြင်းသတင်းဟာ တော်တော် ပြင်းထန်တယ်။ “တရားမဲ့” ဆိုတဲ့ စကားလုံး သုံးကြိမ် သုံးထားတယ်။ ကြားတဲ့သူတွေ တော်တော် နားခါးကြမှာ။ ဒါပေမဲ့ ယေဟောဝါဘုရား ပြောစေချင်တာကို ဧနောက် သတ္တိရှိရှိ ပြောတယ်။
လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ ကျမ်းစာမှာ အတိအကျ ဖော်ပြမထားဘူး။ ဒါပေမဲ့ ဧနောက် အသက်အန္တရာယ် ကြုံလာတာတော့ သိရတယ်။ “အဲဒီနောက် သူ့ကို ဘုရားသခင် သိမ်းယူတဲ့အတွက် နောက်ထပ် မတွေ့ရတော့ဘူး” လို့ ကျမ်းစာ ဆိုထားလို့ပဲ။ ဧနောက်ကို လူဆိုးတွေ မုန်းတီးရန်လိုကြပုံရတယ်။ ဒါပေမဲ့ မိတ်ဆွေ ဧနောက်ကို ယေဟောဝါဘုရား အထိခိုက်မခံဘူး၊ အသတ်မခံဘူး။ “သိမ်းယူ” လိုက်တယ်။ ဝေဒနာ မခံစားဘဲ သေဆုံးသွားစေတယ်။ ဘယ်သူမှ ဒုက္ခပေးလို့မရတော့ဘူး။ တစ်နေ့ကျရင် ဧနောက်ကို ယေဟောဝါဘုရား အသက်ပြန်ရှင်လာစေမယ်။
“ပြောင်းရွှေ့မခံရခင်မှာ သူဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့တယ်” လို့ ကျမ်းစာမှာ ဖတ်ရတယ်။ အခွင့်ထူးပါပဲ။ တစ်နေ့ကျရင် ပရဒိသုမှာ အေးအေးချမ်းချမ်း အသက်ရှင်ရမယ်ဆိုတာ စိတ်အာရုံမှာ ယေဟောဝါဘုရား မြင်စေတာ ဖြစ်နိုင်တယ်။ ကိုယ့်ကို ယေဟောဝါဘုရား တကယ် ချစ်တာပဲ၊ ယုံကြည်ခြင်း ခိုင်မာတဲ့အတွက်၊ သတ္တိ မလျော့တဲ့အတွက် ဆုချလိုက်တာပဲဆိုတာ ဧနောက် ခေါင်းမချခင် သေချာပေါက် သိသွားတယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ဧနောက် ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ဘယ်နည်းနဲ့ “ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်စပြု” တာ ဖြစ်မလဲ။ (က. ၄:၂၆။ က၀၁ ၉/၁၅ ၂၉ ပိုဒ်. ၃)
၂။ ဧနောက်ဟာ ဘာတာဝန် ရတဲ့ ဦးဆုံး ပုဂ္ဂိုလ် ဖြစ်သလဲ။ ဘာကြောင့် တာဝန် ကျေပွန်နိုင်သလဲ။ (က၀၁ ၉/၁၅ ၃၁ ပိုဒ်. ၅)
၃။ သတ္တိ စမ်းသပ်ခံရနိုင်မှန်း ပရောဖက်တာဝန် မရခင်ကတည်းက ဧနောက် ဘာကြောင့် ရိပ်မိနိုင်သလဲ။ (က၀၆ ၁၀/၁ ၁၉ ပိုဒ်. ၁၃-၁၄) ရုပ်ပုံ က
ရုပ်ပုံ က
၄။ လူတချို့ ထင်သလို ကောင်းကင်ကို ဧနောက် သိမ်းယူခံရတာ မဟုတ်ကြောင်း ဘယ်လို ရှင်းပြနိုင်သလဲ။ (ယော. ၃:၁၃။ ဟီ. ၁၁:၅၊ ၁၃)
တွေးတောစရာ သင်ခန်းစာ
ဘယ်အချိန်မှာ ဟောပြောဖို့ သတ္တိ အထူး လိုအပ်နိုင်သလဲ။ ဧနောက်အဖြစ်မှာလိုပဲ ကျွန်တော်တို့ သတ္တိရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ ရုပ်ပုံ ခ
ရုပ်ပုံ ခ
ဘုရားနဲ့ ကျွန်တော်တို့ သတ္တိရှိရှိ လျှောက်လှမ်းရင် ဘုရား ဘယ်လို ခံစားရမလဲ။ (ပညာ. ၂၇:၁၁။ ဟီ. ၁၁:၅)
ဧနောက်ရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ဧနောက် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံဖို့ ဧနောက်ရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။
ယုံကြည်ခြင်း ရှိသူတွေကို တုပပါ၊ ယုံကြည်ခြင်း မဲ့သူတွေကို မတုပပါနဲ့—ဧနောက်နဲ့ လာမက် (၂:၅၃)
ယုံကြည်ခြင်း ရှိလာဖို့ ဧနောက်ကို ဘာက ကူညီပေးသလဲ။
“ကသောင်းကနင်းနိုင်သော ဤကာလတွင် ဘုရားသခင်နှင့်အတူ သွားလာလော့” (က၀၅ ၉/၁ ၁၃-၁၇)