ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg အခန်း ၁၅ စာ. ၇၄-စာ. ၇၇
  • အဖြစ်ဆိုးတွေကို အတူတူ ရင်ဆိုင်ကြသူတွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြစ်ဆိုးတွေကို အတူတူ ရင်ဆိုင်ကြသူတွေ
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • တွေးတောစရာ သင်ခန်းစာ
  • အတွေးနယ်ချဲ့ကြည့်ပါ
  • ထပ်လေ့လာပါ
  • “အမေသွားတဲ့နေရာကို ကျွန်မလိုက်မယ်”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ရုသနဲ့ နောမိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘မိခင်သွားလေရာရာသို့ လိုက်ပါမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ရုသနဲ့ နောမိအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg အခန်း ၁၅ စာ. ၇၄-စာ. ၇၇

၁၅ နောမိနဲ့ ရုသ

အဖြစ်ဆိုးတွေကို အတူတူ ရင်ဆိုင်ကြသူတွေ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ဘဝမှာ အဖြစ်ဆိုး တစ်ခုပြီးတစ်ခု နောမိ ကြုံရတယ်။ အစ္စရေးပြည်မှာ အငတ်ဘေး ဆိုက်တော့ ဇာတိမြို့ ဘက်သလီဟင်ကနေ မောဘပြည်ကို မိသားစုလိုက် ပြောင်းလာတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်း ဆုံးသွားတယ်။ နောမိခမျာ တိုင်းတစ်ပါးမှာ သားနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တယ်။ နောက်တော့ ယေဟောဝါဘုရားကို မကိုးကွယ်တဲ့ မောဘအမျိုးသမီးတွေနဲ့ သားနှစ်ယောက် အိမ်ထောင်ကျသွားတယ်။ ဆယ်နှစ်လောက်အကြာမှာ အဖြစ်ဆိုး ကြုံရပြန်တယ်။ သားနှစ်ယောက်စလုံး ဆုံးသွားလို့ပါ။ နှစ်ယောက်စလုံးမှာ သားသမီး မကျန်ခဲ့ဘူး။ နောမိဟာ ခင်ပွန်းနဲ့ သားနှစ်ယောက်သာမက မြေးချီခွင့်ပါ ဆုံးရှုံးသွားတာပဲ။

မောဘပြည်မှာ ဆက်နေစရာအကြောင်း မရှိတော့လို့ ဘက်သလီဟင်မြို့ ပြန်ဖို့ နောမိ ဆုံးဖြတ်လိုက်တယ်။ ဘက်သလီဟင်မြို့ ရောက်ဖို့ တစ်ပတ်လောက် ခရီးနှင်ရနိုင်တယ်။ ချွေးမနှစ်ယောက် ဖြစ်တဲ့ ရုသနဲ့ ဩရပလည်း အတူလိုက်လာတယ်။ ဒါပေမဲ့ ချွေးမနှစ်ယောက်စလုံး နောက်အိမ်ထောင်ပြု၊ သားသမီး ယူနိုင်တဲ့ အရွယ်ကောင်းလေးတွေ။ ဒါကြောင့် မိသားစုဆွေမျိုး၊ နေရင်းပြည်ကို ထားခဲ့ပြီး မိမိနောက် နောမိ မလိုက်ခိုင်းရက်ဘူး။ မိဘတွေဆီ ပြန်ဖို့ သူတို့ကို ပြောတယ်။ နောမိဟာ ကိုယ်ကျိုးမကြည့်တဲ့၊ တစ်ယောက်တည်း ခရီးဆက်ဖို့ သတ္တိရှိတဲ့ အမျိုးသမီးပါပဲ။ မိဘတွေဆီ ပြန်ဖို့ နောမိ ပြောတော့ ရုသနဲ့ ဩရပ အော်ငိုကြတယ်။ အဲဒီနောက် နောမိကို သြရပ နမ်းပြီး ထွက်သွားတယ်။ ရုသကတော့ အနားကနေ မခွာဘူး။

“အမေ့ကို ထားရစ်ပြီး လှည့်ပြန်သွားဖို့ မတိုက်တွန်းပါနဲ့။ အမေ သွားတဲ့ နေရာကို ကျွန်မ လိုက်မယ်။ အမေ အိပ်တဲ့ နေရာမှာ ကျွန်မ အိပ်မယ်။ အမေ့ရဲ့ လူမျိုးဟာ ကျွန်မရဲ့ လူမျိုး။ အမေ့ရဲ့ ဘုရားသခင်ဟာ ကျွန်မရဲ့ ဘုရားသခင်ပါပဲ။ အမေ သေတဲ့ နေရာမှာ ကျွန်မ သေပြီး သင်္ဂြိုဟ်ခံပါ့မယ်” လို့ ရုသ ပြောတယ်။ ကိုယ့်မိသားစု၊ ယဉ်ကျေးမှု၊ မောဘဘုရားတွေကို ထားခဲ့ပြီး အစ္စရေးပြည်ကို လိုက်လာဖို့၊ နောမိရဲ့ ဘုရား ယေဟောဝါကို မိမိရဲ့ ဘုရားအဖြစ် ကိုးကွယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သစ္စာရှိတဲ့၊ သတ္တိရှိတဲ့ အမျိုးသမီးလေးပါပဲ။

ချစ်ရသူတွေ ဆုံးပါးသွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသမီးနှစ်ယောက် ဘုရားလူမျိုးအလယ်မှာ နှစ်သိမ့်မှု ရ

ဒီလိုနဲ့ ဘက်သလီဟင်မြို့ကို ရောက်လာတော့ မတွေ့ရတဲ့ နှစ်တွေအတွင်း လောကဓံကြောင့် နောမိ ပြောင်းလဲသွားတာကို ကြည့်ပြီး အမျိုးသမီးတချို့ အံ့ဩနေကြတယ်။ မိမိကို ယေဟောဝါ ခါးသီးတဲ့ ဒုက္ခတွေ ကြုံစေပြီး လက်ဗလာနဲ့ ပြန်ပို့လိုက်ပြီဆိုပြီး နောမိ ညည်းတယ်။ အများကြီး စွန့်လွှတ်အနစ်နာခံပြီး လိုက်လာတဲ့ ရုသအနေနဲ့ နောမိစကားကြောင့် စိတ်နာချင်ရင် စိတ်နာသွားနိုင်တယ်။ ဒါပေမဲ့ ရုသ စိတ်နာသွားတယ်ဆိုတာမျိုး ကျမ်းစာမှာ ဖော်ပြမထားဘူး။ စိတ်မနာတဲ့အပြင် ကိုယ်တိုင်နဲ့ နောမိရဲ့ ဝမ်းရေးအတွက် အနီးနားက လယ်တွေထဲ သွားပြီး ကောက်သင်းလိုက်ကောက်တယ်။

ဘက်သလီဟင်မြို့ကို ရုသနဲ့ နောမိ ရောက်လာ။ ဝန်တင်ထားတဲ့ မြည်းကို ဆွဲရင်း၊ နောမိလက်ကို တွဲရင်း ရုသ လျှောက်လာ။ တခြားသူတွေ တအံ့တဩ ကြည့်နေ။

လယ်ထဲမှာ မနားတမ်း ကောက်သင်းကောက်နေတဲ့ ရုသကို သတိထားမိသွားသူကတော့ ရာခပ်ရဲ့ သား၊ သိပ်ချမ်းသာတဲ့ လယ်ပိုင်ရှင် ဗောဇပါ။ ဗောဇဟာ ယေဟောဝါကို ကိုးကွယ်သူလည်း ဖြစ်တယ်။ ဗောဇ မေးမြန်းကြည့်လိုက်တော့ နောမိကို ရုသ ရှာကျွေးနေမှန်း သိသွားတယ်။ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားတဲ့အတွက် ရုသကို ချီးမွမ်းတယ်။ ရုသကို မနှောင့်ယှက်ဖို့ အလုပ်သမားတွေကို မှာတယ်။

ဗောဇ ဘယ်လောက်တောင် ကြင်နာမှု ရှိတဲ့အကြောင်း အဲဒီညမှာ ရုသ ပြောပြတော့ နောမိ သိပ်ဝမ်းသာသွားတယ်။ ရုသကို ဗောဇ လက်ထပ်ကောင်း လက်ထပ်နိုင်တယ်ဆိုပြီး တွေးမိသွားလို့ ဖြစ်မယ်။ ဗောဇဟာ နောမိခင်ပွန်း ဧလိမလက်ရဲ့ ဆွေမျိုး ဖြစ်တယ်။ ရုသလိုမျိုး သားသမီး မရှိဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားသူတွေဟာ ကွယ်လွန်သူ ခင်ပွန်းရဲ့ ဆွေမျိုးနီးစပ်တစ်ယောက်နဲ့ လက်ထပ်နိုင်တယ်လို့ ပညတ်တရားမှာ ဖော်ပြထားတယ်။ ဒါမှ ခင်ပွန်းရဲ့ နာမည်နဲ့ အမွေကို ဆက်ခံမယ့် မျိုးဆက် ရှိလာနိုင်မှာ။—တရား. ၂၅:၅၊ ၆။

ဂျူးထုံးစံအရ ရုသ ဘာလုပ်ရမယ်ဆိုတာ နောမိ ပြောပြတယ်။ ဂျူးထုံးစံကို ကြားတော့ ရုသစိတ်ထဲ ထူးဆန်းနေနိုင်တယ်၊ လန့်နေနိုင်တယ်။ ဒါပေမဲ့ နောမိ ပြောတဲ့အတိုင်း ကောက်နယ်တလင်းကို ညဘက် သွားတယ်။ ကောက်နယ်တလင်းထဲက စပါးပုံနားမှာ အမျိုးသားတွေ အိပ်လေ့ရှိတယ်။ ရုသ တိတ်တိတ်လေး လာ၊ ဗောဇခြေထောက်မှာ ဖုံးထားတဲ့ အဝတ်ကို ဖယ်ပြီး ခြေရင်းမှာ အိပ်နေလိုက်တယ်။ သန်းခေါင်အချိန်မှာ ဗောဇ လန့်နိုးလာတော့ “သခင်ဟာ ပြန်ဝယ်ခွင့်ရှိသူ ဖြစ်တဲ့အတွက် ကျွန်မကို ကာကွယ်စောင့်ရှောက်ပေးပါ” လို့ ရုသ ပြောလိုက်တယ်။ ရုသရဲ့ သောကကို ဗောဇ သတိထားမိသွားပုံပဲ။ ရုသရဲ့ သတ္တိ၊ ယေဟောဝါနဲ့ နောမိအပေါ် ထားတဲ့ ခိုင်မြဲတဲ့ မေတ္တာအတွက် ချီးကျူးတယ်။ ပြန်ဝယ်ချင်ကြောင်း ပြောတယ်။ ဒါပေမဲ့ ပြန်ဝယ်ခွင့် ရှိမရှိ သေချာအောင် ဗောဇ လုပ်ရဦးမယ်။

နောက်တစ်နေ့ ဘက်သလီဟင်မြို့တံခါးကို ဗောဇ သွား၊ မြို့အကြီးအကဲတွေနဲ့ စကားပြောပြီး ပညတ်တရား တောင်းဆိုတဲ့အတိုင်း လုပ်စရာ ရှိတာတွေ လုပ်တယ်။ အဲဒီနောက် ရုသကို လက်ထပ်ယူတယ်။ ဒီလိုနဲ့ ဩဗက်လို့ ခေါ်တဲ့ သားလေး ရလာတယ်။ မြေးလေး ဩဗက်ကို နောမိ သိပ်ချစ်တယ်။ ဩဗက်ဆီကနေ ဘုရင်ဒါဝိဒ် ဆင်းသက်လာတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက် အဲဒီမျိုးရိုးကနေ မေရှိယ ဆင်းသက်လာတယ်။ (မ. ၁:၅၊ ၆၊ ၁၆) အဖြစ်ဆိုးတွေကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြတဲ့ နောမိနဲ့ ရုသကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးလိုက်တာပါပဲ။

ကျမ်းမှတ်တမ်းကို ဖတ်ပါ–

  • ရုသ ၁:၁–၄:၂၂

ဆွေးနွေးရန်–

သတ္တိရှိကြောင်း နောမိနဲ့ ရုသ ဘယ်နည်းတွေနဲ့ ပြသလဲ။

ရှာဖွေလေ တွေ့ရှိလေ

  1. ၁။ ကောက်သင်းကောက်ခွင့်ပညတ်ဟာ ဘာကြောင့် ထူးခြားသလဲ။ (ia ၃၉ ပိုဒ်. ၂၃၊ အောက်ခြေမှတ်ချက်) ရုပ်ပုံ က

ဗောဇရဲ့ လယ်မှာ ကောက်ရိတ်နေတဲ့ အလုပ်သမတွေနောက်ကနေ ရုသ ကောက်သင်းလိုက်ကောက်နေ။

ရုပ်ပုံ က

ရုပ်ပုံ က

  1. ၂။ လိင်အကျင့်ယိုယွင်းဖို့ ဗောဇဆီ ရုသ သွားတာ မဟုတ်မှန်း ဘယ်လို သိရသလဲ။ (ia ၄၇ ပိုဒ်. ၁၇-၁၈)

  2. ၃။ ရုသကို “သမီး” လို့ ခေါ်လိုက်တာကနေ ဗောဇအကြောင်း ဘာသိရသလဲ။ (ရုသ ၂:၈။ က၁၆.၁၁ ၃ ပိုဒ်. ၄-၆)

  3. ၄။ ရုသကို လက်ထပ်ယူဖို့ မိတ်ဆွေဆိုတဲ့လူ ဘာကြောင့် ငြင်းသလဲ။ ရုသကို လက်ထပ်ဖို့ လက်ခံလိုက်တာကနေ ဗောဇအကြောင်း ဘာသိရသလဲ။ (က၂၃.၀၃ ၁၄) ရုပ်ပုံ ခ

    မိတ်ဆွေဆိုတဲ့လူက ဖိနပ် လှမ်းပေးနေ။

    ရုပ်ပုံ ခ

တွေးတောစရာ သင်ခန်းစာ

  • အလုပ်ကြိုးစားတဲ့၊ ကျေးဇူးသိတတ်တဲ့ ရုသရဲ့ စံနမူနာကို ငွေကြေးကျပ်တည်းချိန်မှာ ဘယ်လို အတုယူ နိုင်သလဲ။ ရုပ်ပုံ ဂ

    ရုပ်ပုံ– ကြင်ဖော်မဲ့ မိခင်တစ်ယောက် ငွေကြေးအခက်အခဲ ကြုံနေ။ ဒီအခန်းမှာ ရုပ်ပုံ နောက်သုံးပုံနဲ့ ခွဲဖော်ပြထား။ ဘေလ်စာရွက် အထပ်လိုက်ကို ကြင်ဖော်မဲ့ မိခင် စိုးရိမ်တကြီး ကြည့်နေ။ အနောက်မှာ သားငယ် ကစားနေ။ ရုံးတစ်ရုံးမှာ ကြင်ဖော်မဲ့ မိခင် ညဘက် သန့်ရှင်းရေး လုပ်နေ။ ကြင်ဖော်မဲ့ မိခင်နဲ့ သားလေးအတွက် ညီအစ်ကို/မမောင်နှံတစ်စုံ ဈေးဝယ်လာပေး၊ စားစရာ ပူပူနွေးနွေး ယူလာပေး။

    ရုပ်ပုံ ဂ

  • နောမိ စိတ်ကြေကွဲနေချိန်မှာ ရုသ ဖေးမပေးတယ်။ တခြားသူတွေဆီက နှိမ့်ချမှုရှိရှိ အကူအညီ လက်ခံခြင်းနဲ့ပတ်သက်ပြီး နောမိဆီကနေ ဘာသင်ယူနိုင်သလဲ။ တခြားသူတွေကို အားပေးခြင်းနဲ့ပတ်သက်ပြီး ရုသဆီကနေ ဘာသင်ယူနိုင်သလဲ။

  • နောမိနဲ့ ရုသရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။

အတွေးနယ်ချဲ့ကြည့်ပါ

  • ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

  • ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

  • နောမိနဲ့ ရုသတို့ အသက်ပြန်ရှင်လာကြတဲ့အခါ ဘာမေးချင်သလဲ။

ထပ်လေ့လာပါ

ခိုင်မြဲတဲ့ မေတ္တာနဲ့ပတ်သက်ပြီး ရုသကျမ်းကနေ ဘာသင်ယူနိုင်သလဲ။ သင်ယူသိရှိလာတာတွေကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။

“အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြနေပါ” (က၂၁.၁၁ ၈-၁၃)

ဒီမှတ်တမ်း အသက်ဝင်လာတဲ့အထိ သားသမီးတွေ မြင်ယောင်စဉ်းစားနိုင်ဖို့ ဒီကျမ်းစာရုပ်ပြဇာတ်လမ်းကို သုံးပါ။

“ချစ်ခင်အားကိုးရတဲ့ သူငယ်ချင်းကောင်း ရုသ” (ijwis ဆောင်းပါး ၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ