ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁ စာ. ၄-၈
  • ရွှေ ပညတ်—အဘယ်ကြောင့်ယုတ္တိတန်ဆဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှေ ပညတ်—အဘယ်ကြောင့်ယုတ္တိတန်ဆဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏အချုပ်အခြာ”
  • ခရစ်တော်သည်မိမိအသင်းတော်ကိုဦးဆောင်
  • ယုတ္တိတန်ဆဲ၊ အလုပ်ဖြစ်ဆဲ
  • ရွှေပညတ်နှင့်အညီနေထိုင်ခြင်း
  • ရွှေပညတ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရွှေပညတ် ယင်းသည် လက်တွေ့ကျ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရွှေပညတ် လူခပ်သိမ်းနှင့်ဆိုင်သော သွန်သင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အမှုဆောင်လုပ်ငန်းမှာ ရွှေပညတ်ကို လိုက်နာပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁ စာ. ၄-၈

ရွှေ ပညတ်—အဘယ်ကြောင့်ယုတ္တိတန်ဆဲ

ရွှေအစစ်တို့မည်သည် မည်သည့်အခါမျှ မှေးမှိန်သွားခြင်းမရှိချေ။ ထို့ကြောင့်ရွှေဖြင့်ပြုလုပ်ထားသောရတနာကို တန်ဖိုးထားကြသည်။ ချို့ယွင်းနေသော ရွှေပစ္စည်းများကိုပစ်လိုက်မည့်အစား ပန်းထိမ်ဆရာတို့သည် အဖိုးတန်ရတနာကို ပြန်လည်ပြုပြင်ကာ အသစ်တစ်ဖန်ပြုလုပ်ကြသည်။ အကြောင်းမှာ၊ ရွှေ၏တန်ဖိုးသည် မကျသွားသောကြောင့်ဖြစ်သည်။

အလားတူပင်၊ ယေရှုသည်ရွှေပညတ်ကို နှစ်ပေါင်းနှစ်ထောင်ခန့်ကမိန့်ဆိုခဲ့သော်လည်း ယင်း၏တန်ဖိုးသည် မှေးမှိန်မသွားပါ။ ယင်း၏ယုတ္တိတန်မှုအကြောင်းရင်းကို အကဲခတ်သုံးသပ်ခြင်းဖြင့် ယနေ့ကျွန်ုပ်တို့အတွက် ယင်း၏တန်ဖိုးကိုပို၍လေးမြတ်နိုင်မည်။

ယေရှုက “သင်တို့သည်ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုရွှေပညတ်ကိုပေးခဲ့စဉ် “ဤပညတ်ကား၊ ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း” ဟုကိုယ်တော်ထပ်ဆင့်ခဲ့သည်။ (မဿဲ ၇:၁၂) ယေရှု၏တပည့်တော်များနှင့် ကိုယ်တော်အားကြားနာသူများယင်းကို မည်သို့နားလည်ခဲ့သနည်း။

“ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏အချုပ်အခြာ”

“ပညတ္တိကျမ်း” သည်စောစောပိုင်းကရေးခဲ့သော သမ္မာကျမ်းမှပထမဆုံးကျမ်းငါးစောင်၊ ကမ္ဘာဦးမှတရားဟောရာဖြစ်သည်။ ယင်းတို့က ဆိုးသွမ်းမှုကိုဖယ်ရှားမည့် မျိုးနွယ်ပေါ်ထွန်းစေမည့် ယေဟောဝါရည်ရွယ်ချက်ကို ဖော်ပြသည်။ (ကမ္ဘာဦး ၃:၁၅) ထိုကနဦးကျမ်းစောင်များတွင် ဘီစီအီး ၁၅၁၃ ၌ပညတ္တိကျမ်း သို့မဟုတ် သိနာတောင်တွင်အာမခံမောရှေအားဖြင့် ဣသရေလများအား ယေဟောဝါပေးခဲ့သောအမိန့်တော်များ ပါဝင်သည်။

ဘုရားပညတ်တော်ကဣသရေလများအား ပတ်ဝန်းကျင်ဒိဌိလူမျိုးများမှ သီးခြားဖြစ်စေပြီး ဣသရေလများသည်ယေဟောဝါရှေ့တွင် သူတို့၏မျက်နှာသာရအခြေအနေကို ချိုးဖောက်စေမည့် မည်သည့်လုပ်ရပ်မျှလုပ်ရန်မဟုတ်ချေ။ သူတို့သည်ကိုယ်တော်၏အကြွင်းမဲ့ ပိုင်ဆိုင်ရာဖြစ်ပြီး ကိုယ်တော်၏ကောင်းချီးခံစားရရန် ထိုအတိုင်းနေရမည်။ (ထွက်မြောက်ရာ ၁၉:၅။ တရားဟောရာ ၁၀:၁၂၊ ၁၃) သို့သော်ဘုရားအပေါ်သူတို့၏တာဝန်များအပြင် ဣသရေလများထံတွင် တည်းခိုနေသူများအား ကောင်းမှုပြုရန်ဣသရေလများ၏တာဝန်ကို မောရှေပညတ်ကဖော်ပြထားသည်။ ဥပမာဤသို့ဖော်ပြခဲ့သည်။ “သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်။ သင်တို့သည်အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ] ဖြစ်၏။” (ဝတ်ပြုရာ ၁၉:၃၄) ဣသရေလဘုရင်များအချိန်တွင် တည်းခိုနေသူများသည် ယေရုရှလင်ရှိဘုရားဗိမာန်ဆောက်ခြင်းတွင် ပါဝင်ရသောအလုပ်မျိုးကဲ့သို့ အခွင့်အရေးများစွာ ခံစားခဲ့ရသည်။—၁ ရာဇဝင်ချုပ် ၂၂:၂။

ဣသရေလများကိုပေးခဲ့သောပညတ်တွင် မတရားမေထုန်၊ လူသတ်ခြင်း၊ ခိုးခြင်းနှင့်တပ်မက်ခြင်းတို့ကို တားမြစ်ထားသည်။ “အခြားပညတ်ရှိသမျှ” နှင့်အတူ ဤပညတ်ချက်များကို “သင့်အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်လော့” ဟူသောကျင့်ဝတ်တွင် ချုပ်လိုက်နိုင်သည်။ တမန်တော်ပေါလုကထပ်ဆင့်လိုက်သည်။ “ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာဖြစ်သတည်း။”—ရောမ ၁၃:၉၊ ၁၀။

ပညတ္တိကျမ်းသည်ရွှေပညတ်အတွက် အခြေခံကိုဖော်ပြထားလျှင် “အနာဂတ္တိကျမ်းများ” ကော။

ဟေဗြဲကျမ်းစောင်များ၏ ပရောဖက်ကျမ်းများသည်လည်း အလားတူပင်၊ ရွှေပညတ်ယုတ္တိတန်ပုံကို ခိုင်မာစေသည်။ ယင်းတို့က ယေဟောဝါသည်မိမိ၏ရည်ရွယ်ချက်ကို သစ္စာရှိရှိပြည့်စုံရှင်ဘုရားအဖြစ် ဖော်ပြသည်။ မစုံလင်သော်လည်း သူတို့၏စိတ်အလိုလိုက်လုပ်ရပ်များမှ နောင်တစစ်ပြပြီး ကိုယ်တော်၏အလိုတော်ကို ကြိုးစားထမ်းဆောင်သော မိမိ၏သစ္စာရှိကျေးကျွန်များကို ကိုယ်တော်ကောင်းချီးပေးတော်မူ၏။“ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။ ကောင်းသောအကျင့်ကိုကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့်ပြုခြင်းငှာ ရှာကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။”—ဟေရှာယ ၁:၁၆၊ ၁၇။

ဘုရားရှင်၏လူများသည် အခြားသူများနှင့်ဘုရားသခင်အပေါ် ကောင်းကျိုးပြုလျှင်မိမိထောက်မမည့်အကြောင်း ယေဟောဝါအာမခံတော်မူ၏။ “ထာဝရဘုရား [ယေဟောဝါ] မိန့်တော်မူသည်ကား၊ တရားကိုစောင့်၍ဖြောင့်မတ်စွာကျင့်ကြလော့။. . . ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသောလူသားသည်. . . မင်္ဂလာရှိ၏။”—ဟေရှာယ ၅၆:၁၊ ၂။

ခရစ်တော်သည်မိမိအသင်းတော်ကိုဦးဆောင်

ခရစ်တော်သည်ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများကိုပြည့်စုံစေရန် လာခဲ့ပြီး ကိုယ်တော်၏အချိန်မှစ၍ ယေဟောဝါရှင်၏ထာဝရရည်ရွယ်ချက်သည် ဆက်လက်ပြည့်စုံလျက်ရှိသည်။ (မဿဲ ၅:၁၇။ ဧဖက် ၃:၁၀၊ ၁၁၊ ၁၇-၁၉) မောရှေ၏ပညတ်ဟောင်းကို ဂျူးနှင့်တစ်ပါးအမျိုးသား ဘိသိက်ခံခရစ်ယာန်များပါဝင်သော ပဋိညာဉ်သစ်ဖြင့်အစားထိုးခဲ့ပြီးဖြစ်သည်။ (ယေရမိ ၃၁:၃၁-၃၄) သို့သော်လည်း၊ ကျွန်ုပ်တို့အချိန်ရှိ ခရစ်ယာန်အသင်းတော်သည် ရွှေပညတ်ကိုလိုက်လျှောက်နေဆဲပင်။ ၄င်းပြင်ပညတ်တော်၏ယုတ္တိတန်မှုကိုလက်ခံရန် နောက်ထပ်အကြောင်းရင်းရှိသေးသည်။ ခရစ်တော်သည်မျက်မှောက်ခေတ်အသင်းတော်၏ တက်ကြွသောဦးခေါင်းဖြစ်သည်။ ကိုယ်တော်သည်မိမိ၏ညွှန်ကြားချက်များကို မပြောင်းလဲခဲ့ချေ။ ကိုယ်တော်၏မှုတ်သွင်းခံအကြံပေးချက်သည် အကျိုးရှိနေဆဲပင်။

ယေရှုသည် ဤကမ္ဘာမှမထွက်ခွာမီ မိမိနောက်လိုက်များအား လူမျိုးတကာမှတပည့်ဖြစ်စေပြီးသူတို့အား “ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ” သွန်သင်ပေးရန် မိန့်တော်မူခဲ့သည်။ ယင်းညွှန်ကြားချက်တွင် ရွှေပညတ်ပါဝင်သည်။ ယေရှုကမိမိ၏နောက်လိုက်များအား ဤသို့စိတ်ချစေသည်။ “ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀။

လုကာ ၆:၃၁ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုမိန့်မြွက်ခဲ့သည်။ “သင်တို့သည်ကိုယ်၌သူတစ်ပါး ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့။” အခြားသူများကိုကောင်းကျိုးပြုရန် ဦးစီးဦးဆောင်ပြုရာ၌ယေရှုသည် မည်မျှမွန်မြတ်လှသော ပုံသက်သေပါတကား။

မိမိ၏မြေကြီးပေါ်အမှုဆောင်ခြင်းတွင် ယေရှုသည်လူများခံခဲ့ရသည်ကို အသေအချာဂရုစိုက်ခဲ့ပြီး သူတို့အတွက်ကိုယ်တော်ခံစားမိခဲ့သည်။ ကိုယ်တော်၏ဟောပြောခြင်းခရီးစဉ်တစ်ခုတွင် ကိုယ်တော်သည်လူအုပ်ကြီးကိုမြင်တွေ့ခဲ့ပြီး သူတို့အားသနားတော်မူခဲ့သည်။ သို့သော်ယင်းထက်မကဘဲ၊ သူတို့အား အကူအညီပေးရန်ကိုယ်တော် အစီအစဉ်များပြုလုပ်ခဲ့သည်။ မည်သို့နည်း။ မိမိ၏တပည့်များကို လူတို့၏အိမ်များသို့ရောက်စေသော ကျယ်ပြန့်သည့်ဟောပြောခြင်းလုပ်ငန်း ဖွဲ့စည်းခြင်းအားဖြင့်ဖြစ်သည်။ ကိုယ်တော်ဤသို့ညွှန်ကြားခဲ့သည်။ “မည်သည့်မြို့မည့်သည်ရွာသို့ဝင်လျှင် ထိုမြို့ရွာ၌အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟုမေးမြန်း၍ ထိုမြို့ရွာမှမထွက်သွားမီတိုင်အောင် ထိုသူ၏အိမ်တွင်နေကြလော့။” ဤလုပ်ငန်းကိုကိုယ်တော်ထောက်မနေပြီး မိမိခမည်းတော်၏ကောင်းချီးခံစားနေရကြောင်း ယေရှု၏ထပ်ဆင့်စကားများမှ ထင်ရှားစွာတွေ့မြင်နိုင်သည်။ “သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုလက်ခံ၏. . . အကြင်သူသည်တပည့်တော်၏မျက်နှာကိုထောက်၍ ဤသူငယ်တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည်အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆိုသည်။”—မဿဲ ၉:၃၆_၁၀:၄၂။

ရွှေပညတ်သည်အခြားသူများအပေါ် အပြုသဘောရှိကြောင်း နောက်တစ်နေရာတွင် ယေရှု၏ဆင်ခြင်တင်ပြပုံမှ တွေ့နိုင်သည်။ “သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြန်လျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြန်ကြသည်မဟုတ်လော။ သင်တို့ကိုကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင်အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည်၍မျှလောက် ပြုကြသည်မဟုတ်လော။ သင်တို့မူကားရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့. . . ထိုသို့ပြုလျှင်သင်တို့အကျိုးကြီးလိမ့်မည်။” (လုကာ ၆:၃၂၊ ၃၃၊ ၃၅) ထို့ကြောင့်ယုတ္တိတန်ဆဲဖြစ်သည့် ရွှေပညတ်ကိုလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်နှိုက်မသိသောလူများကိုပင် ကောင်းကျိုးပြုခြင်း၌ ကျွန်ုပ်တို့အားဦးစီးဦးဆောင်ပြုစေရန် တိုက်တွန်းပါလိမ့်မည်။

ယုတ္တိတန်ဆဲ၊ အလုပ်ဖြစ်ဆဲ

ရွှေပညတ်သည်ယုတ္တိတန်ဆဲဖြစ်ကြောင်း အဓိကသက်သေမှာ ယင်းအတိုင်းနေသူများ၏ဖြစ်ရပ်မှန်များမှ တွေ့ရသည်။ ဘုရားပညတ်တော်များနှင့်အညီ နေ့စဉ်ပြုမူကျင့်ကြံသောခရစ်ယာန်များသည် ပျော်ရွှင်မှုကြီးနှင့်အများအားဖြင့် မမျှော်လင့်သောကောင်းချီးများခံစားရသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် သူမ တက်ခဲ့သောဆေးရုံမှ ဝန်ထမ်းများကိုယဉ်ကျေးစွာနှင့်ကြင်နာစွာ ဆက်ဆံခြင်းဖြင့်သူနာပြုများနှင့်ဆရာဝန်များသည် သူမ အားကြည့်ရှုရာ၌ အကျိုးခံစားခဲ့ရကြောင်း တွေ့ခဲ့ရသည်။

နိုင်ငံတော်ခန်းမအမြန်တည်ဆောက်သော စီမံကိန်းများတွင်ပါဝင်သော ယေဟောဝါသက်သေများသည် ရွှေပညတ်၏ယုတ္တိတန်ပုံကိုသက်သေပြကြသည်။ ဆောက်လုပ်မည့်နေရာတစ်ဝိုက် နေထိုင်ကြသောသူများထံ ကြင်နာစွာလည်ပတ်၍ အစီအစဉ်များကိုပြောပြသောအခါ အများအားဖြင့် အပြုသဘောတုံ့ပြန်ချက်များရရှိသည်။ သို့ဖြင့်ယခင်ကယေဟောဝါသက်သေများကို ဆန့်ကျင်ခဲ့သောသူများသည် အိမ်နီးချင်းအပေါ်သက်သေခံများ ကောင်းကျိုးပြုပုံနှင့် ဘုရားရှင်၏လူများ သူတို့၏လုပ်ငန်းတွင်ပူးပေါင်းဆောင်ရွက်ကြပုံကို သူတို့ကိုယ်တွေ့မြင်ကြရသည်။ သို့နှင့်အချို့ကဆောက်လုပ်ရေးတွင် တိုက်ရိုက်ပါဝင်လုပ်အားပေးရန် သို့မဟုတ် ပစ္စည်းများထောက်မခြင်းဖြင့်ဖြစ်စေကူညီရန် ကမ်းလှမ်းခဲ့ကြသည်။—ဇာခရိ ၈:၂၃ နှင့်နှိုင်းယှဉ်။

လန်ဒန်၊ အင်္ဂလန်တွင်နေထိုင်သောအီရန်လူမျိုးသက်သေခံတစ်ဦးသည် ဆိုင်တစ်ခုမှစားသောက်ဖွယ်ရာများကို ဝယ်သောအခါဆိုင်ရှင်က သူ့အားနိုင်ငံခြားသားဖြစ်ခြင်းကြောင့် ဆဲရေးတိုင်းထွာခဲ့၏။ သက်သေခံကစိတ်ဓာတ်မကျဘဲ ကြင်နာပါးနပ်စွာဖြင့် မိမိသည်ယေဟောဝါသက်သေတစ်ဦးအနေနှင့် အခြားလူမျိုးခြားတို့အပေါ် အမြင်ဆိုးမရှိကြောင်း ရှင်းပြခဲ့သည်။ သို့အစားသူသည် အိမ်နီးချင်းအားလုံးထံ သမ္မာကျမ်းသတင်းတော်နှင့် လည်ပတ်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ ဆိုင်ရှင်ကသက်သေခံမှာယူသော စားသောက်ဖွယ်ရာများတွင် ထပ်၍အပိုပေးခဲ့သည်။

ရွှေပညတ်သည်ယင်းသို့သော ကြင်နာမှုလုပ်ရပ်အသေးအဖွဲများနှင့်သာ မကန့်သတ်ထားပါ။ ယင်းကိုအကြီးမားဆုံးတင်ပြချက်မှာ ယေဟောဝါသက်သေများသည်ကမ္ဘာချီ၍ သူတို့၏အိမ်နီးချင်းများထံ ဘုရားနိုင်ငံတော်သတင်းကောင်းနှင့် မှန်မှန်လည်ပတ်ခြင်းဖြင့် ကောင်းကျိုးပြုခြင်းဖြစ်သည်။

ရွှေပညတ်နှင့်အညီနေထိုင်ခြင်း

ရွှေပညတ်ကိုကျင့်သုံးသည်ဆိုရာ၌ အခြားသူများအပေါ်အာရုံပြောင်းခြင်းဖြစ်သည်။ ၄င်းသည်အပြုသဘောလမ်းညွှန်ချက်ဖြစ်သည်။ သင်သည်သင့်အနားရှိလူများအပေါ် ကောင်းကျိုးပြုရန်အခွင့်အရေးများရှာဖို့ လိုပေလိမ့်မည်။ ခင်မင်မှုနှင့်စိုးရိမ်မကင်းစိတ်တင်ပြခါ သူတို့အကျိုးအတွက် ကိုယ်တိုင်ကိုယ်ကျစိတ်ဝင်စားမှုပြပါလေ။ (ဖိလိပ္ပိ ၂:၄) သို့ပြုခြင်းဖြင့်သင်သည် ကြွယ်ဝစွာသောကောင်းချီးများ ရိတ်သိမ်းရလိမ့်မည်။ ယေရှု၏သြဝါဒကို နာယူရာရောက်ပေလိမ့်မည်။ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌သင်တို့အလင်းကို လင်းစေကြလော့။” (မဿဲ ၅:၁၆) သို့နှင့်သင်သည်ယေဟောဝါအား စိတ်အားထက်သန်စွာရှာဖွေကာ ရွှေပညတ်နှင့်အညီနေ့တိုင်းနေထိုင်စဉ် ကိုယ်တော်သည်သင်၏ဆုချီးမြှင့်ရှင်ဖြစ်ပေလိမ့်မည်။—ဟေဗြဲ ၁၁:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ