ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၄/၁၅ စာ. ၃၁
  • ဖောက်ပြန်သူတို့ကို သတိပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖောက်ပြန်သူတို့ကို သတိပြု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အမှန်တရားထဲမှာ ရှိနေဖို့ တိုက်လှန်ရမယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • မိစ္ဆာအယူမှားဆရာတို့ကို သတိပြု!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၄/၁၅ စာ. ၃၁

ဖောက်ပြန်သူတို့ကို သတိပြု

ယုဒသြဝါဒစာမှ ပေါ်လွင်ချက်များ

“ဆိုးညစ်သောအမှုကို ဆက်ဆုပ်ရွံရှာ” ပြီး “ကောင်းမွန်သောအမှု၌မှီဝဲဆည်းကပ်ကြ” ရန်ယေဟောဝါကျေးကျွန်များ၌တာဝန်ရှိသည်။ (ရောမ ၁၂:၉) ကျမ်းရေးသူယုဒသည် စီအီး ၆၅ ခန့်ကပါလက်စတိုင်းမှပို့သော သူ၏စာစောင်တွင် ယင်းသို့ပြုရန်လူတို့အားကူညီထားသည်။

“ယေရှုခရစ်၏ကျွန်ဖြစ်သော ယာကုပ်ညီ” ဟုယုဒက မိမိကိုယ်ကိုယ်ကိုခေါ်သည်။ ဤယာကုပ်သည် ယေရှုခရစ်၏အမေတူ၊ အဖေကွဲ လူအများသိညီဖြစ်ပုံရှိသည်။ (မာကု ၆:၃။ တမန်တော် ၁၅:၁၃-၂၁။ ဂလာတိ ၁:၁၉) သို့ဖြစ်၍ ယုဒကိုယ်တိုင်သည် ယေရှု၏အမေတူ၊ အဖေကွဲညီဖြစ်မည်။ သို့ရာတွင် ထိုအချိန်တိုင်သော် ခရစ်တော်သည် ကောင်းကင်တွင် ဘုန်းအသရေရှိနာမ်ဝိညာဉ်ဖြစ်နေသည့်အတွက် ဤသွေးသားတော်စပ်မှုကိုဖေါ်ပြလျှင် မသင့်တော်ဟုယူမှတ်ခဲ့ပေမည်။ “ကောင်းမွန်သောအမှု၌မှီဝဲဆည်းကပ်ကြ” ရန်နှင့်ဖောက်ပြန်သူများကို သတိပြုရန် အကူအညီဖြစ်စေမည့်သြဝါဒကို ယုဒ၏စာစောင်သည် တိုက်ရိုက်တင်ပြပေးသည်။

“ကြိုးစား၍တိုက်လှန်”

ခရစ်ယာန်များ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းကို ယုဒရေးသားရန်ကြံစည်သော်လည်း စာရှုသူများသည် “ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစား၍တိုက်လှန်” ကြရန်နှိုးဆော်ပေးဖို့လိုအပ်သည်ဟု သူယူမှတ်ခဲ့သည်။ (အငယ် ၁-၄) အဘယ်ကြောင့်နည်း။ အကြောင်းမူကား မတရားသောသူတို့သည် အသင်းတော်ထဲဝင်လာ၍ “ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်” နေကြသည်။ ဘုရားသခင်၏ပညတ်တော်ကို သူတို့ချိုးဖောက်လျက် ကိုယ်တော်၏လူမျိုးအလယ်တွင် ဆက်နေနိုင်မည်ဟု သူတို့မှားယွင်းစွာယူဆကြသည်။ ဤသို့ဆိုးညစ်သည့်အတွေးအခေါ်မျိုးကို ဘယ်သောအခါမျှမလိုက်မပါဘဲ ဖြောင့်မတ်ခြင်းတရားကို အမြဲမီအောင်လိုက်ကြစို့။ ယေရှု၏အသွေးအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ကရုဏာတော်ကြောင့် ဆေးကြောပေးသည့်အတွက် ကျေးဇူးတင်ကြစို့။—၁ ကောရိန္သု ၆:၉-၁၁။ ၁ ယောဟန် ၁:၇။

ကျွန်ုပ်တို့ချမှတ်သော သတိပေးချက်များ

အချို့သောသဘောထားများ၊ အကျင့်အကြံများနှင့်လူတို့ကို ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သည်။ (အငယ် ၅-၁၆) အီဂျစ်မှကယ်နှုတ်ခံရသော ဣသရေလလူအချို့သည် ယုံကြည်ခြင်းကင်းမဲ့ခဲ့သောကြောင့် ဖျက်ဆီးခံခဲ့ရကြသည်။ သင့်လျော်သောနေရာအရပ်ကိုစွန့်ပစ်ခဲ့သော ကောင်းကင်တမန်များသည် “ကြီးစွာသောနေ့၌စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် [ဝိညာဏ] မှောင်မိုက်ထဲမှာ ချုပ်ထား” ခံနေရပြီ။ မတရားမေထုန်ကို အလွန်ပြုသဖြင့် သောဒုံမြို့နှင့်ဂေါမောရမြို့များသည် “ထာဝရမီးနှင့်ကျွမ်းလောင်ခြင်းဒဏ်ကိုခံရ” သည်။ ထို့ကြောင့် ဘုရားသခင်နှစ်သက်တော်မူရာကို အမြဲပြုလုပ်ကာ “အသက်ရှင်ခြင်းလမ်း” ကိုဘယ်သောအခါမျှ မစွန့်ကြစို့။—ဆာလံ ၁၆:၁၁။

မာရ်နတ်ကိုပင် ပြစ်တင်ကဲ့ရဲ့ခြင်းမပြုသော ကောင်းကင်တမန်မင်း မိက္ခေလနှင့်မတူဘဲ အဓမ္မလူတို့သည် ဘိသိက်ခံအကြီးအကဲများအဖြစ် ဘုရားသခင်နှင့်ခရစ်တော်ထံမှ ဘုန်းအာဏာရသူ “ဘုန်းတန်ခိုးကြီးသောသူတို့ကို” ကဲ့ရဲ့ကြသည်။ ဘုရားပေးအခွင့်အာဏာကို ကျွန်ုပ်တို့မလေးမခန့်မပြုကြစို့။

ကာဣန၊ ဗာလံနှင့်ကောရတို့၏ မကောင်းသောအကျင့်များကို အဓမ္မအမှုပြုသူတို့ လိုက်လျှောက်ကြသည်။ သူတို့သည် ရေအောက်ရှိသောကျောက်ဆောင်များပမာ ဝိညာဏအန္တရာယ်ပြု၏။ ရေမရှိ၊ လေတိုက်၍လွင့်သောမိုးတိမ်ကဲ့သို့လည်းကောင်း၊ အကျိုးမည်မျှမပေးသည့် သေ၍နှုတ်ပစ်သောသစ်ပင်များနှင့်တူကြသည်။ ထိုဖောက်ပြန်သူများသည် ညည်းညူမြည်တမ်းသူများလည်းဖြစ်ကြ၏။ ‘ကိုယ့်အကျိုးအတွက် သူ့မျက်နှာကို ထောက်ထားခန့်ညားတတ်သောသူများ” လည်းဖြစ်ကြသည်။

ဆက်၍ငြင်းပယ်ကြ

မကောင်းသောသြဇာတို့ကိုငြင်းဆန်ခြင်းအကြောင်း ယုဒဆက်သြဝါဒပေးသည်။ (အငယ် ၁၇-၂၅) “နောက်ဆုံးကာလ” တွင်ကဲ့ရဲ့ပြစ်တင်သူများပေါ်လာမည်။ ခရစ်ယာန်စစ်များသည် သူတို့ကိုသည်းခံရမည်။ ယနေ့သူတို့၏ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရကြမည်။ ဤကဲ့သို့သောသြဇာတို့ကို ငြင်းပယ်နိုင်ရန် ကျွန်ုပ်တို့၏ “အလွန်သန့်ရှင်းသောယုံကြည်ခြင်း” အပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းပတ္ထနာပြုပြီး ယေရှု၏ကရုဏာတော်ကိုမျှော်လင့်နေစဉ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ တည်ရှိရမည်။

မုသာဆရာများအနေနှင့် အဓမ္မလူတို့သည် အချို့သူများကို သံသယရှိစေကြကြောင်း ထင်ရှားသည်။ (၂ ပေတရု ၂:၁-၃) သံသယဝင်လာသူတို့သည် အဘယ်အရာလိုအပ်နေကြသနည်း။ ထာဝရဖျက်ဆီးခြင်းတည်းဟူသော “မီး” ထဲမှ ကယ်တင်ခံရမည်အကြောင်း ဝိညာဏအကူအညီလိုနေသည်။ (မဿဲ ၁၈:၈၊ ၉) သို့သော် ဘုရားကြည်ညိုသူများသည် ထိုအဖြစ်ဆိုးကို စိုးရိမ်စရာအကြောင်းမရှိပါ။ အကြောင်းမူကား အပြစ်ထဲသို့ “ထိမိ၍လဲခြင်း” နှင့်ကင်းလွတ်မည်အကြောင်း၊ ဖောက်ပြန်သူများအတွက် ဖျက်ဆီးခြင်းအပြစ်ဒဏ်မခံရရန်အကြောင်း သူတို့အား ယေဟောဝါစောင့်ရှောက်တော်မူမည်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဖုံးကွယ်နေသောကျောက်ဆောင်များ။ ‘သူတို့၏မေတ္တာပွဲလုပ်ရာတွင် ရေအောက်ဝှက်ထားသောကျောက်ဆောင်များ’ အကြောင်း ခရစ်ယာန်ချင်းတို့ကို ယုဒသတိပေးခဲ့သည်။ ယုံကြည်သူများကို မေတ္တာရှိဟန်ဆောင်သည့် ဤကဲ့သို့သောဖောက်ပြန်သူများသည် ရေအောက်ဖုံးကွယ်နေသော အစွယ်အစောင်းများသည့်ကျောက်များနှင့်တူသည်။ ဤမေတ္တာပွဲများသည် မရှိဆင်းရဲသော ယုံကြည်သူချင်းတို့အား ချမ်းသာကြွယ်ဝသောခရစ်ယာန်များ ဖိတ်ခေါ်ကျွေးမွေးသည့် စားပွဲများဖြစ်ပေမည်။ ချာချ်ဘုန်းတော်ကြီး ခရစ်စော့စ်တွမ် (စီအီး ၃၄၇–၄၀၇) ကဤသို့ဆိုသည်။ “သူတို့အားလုံး ပွဲတစ်ပွဲတွင် တွေ့ဆုံကြသည်။ ချမ်းသာသူများ စားဖွယ်သောက်ဖွယ်များယူဆောင်လာရာ ခေါ်ဖိတ်ခံရသည့် ချို့တဲ့သူတို့နှင့်အတူ စားသောက်ကြသည်။” ရှေးမေတ္တာပွဲများသည် မည်သို့ပင်ရှိစေကာမူ ယုဒ၏သတိပေးချက်က ဝိညာဏသေခြင်းသို့ပို့ဆောင်နိုင်သော ဖောက်ပြန်သူ ‘ဖုံးကွယ်ရာကျောက်ဆောင်’ များကို သစ္စာရှိသူများသတိပြုရန် အကူအညီဖြစ်ပေသည်။ ခရစ်ယာန်များသည် မေတ္တာပွဲများခံရန် အမိန့်မရရှိခဲ့၍ ယနေ့ထိုပွဲများမခံသော်လည်း ယေဟောဝါလူမျိုးသည် လိုအပ်လာသည့်အခါ တစ်ဦးကိုတစ်ဦး ငွေကြေးအရကူညီကြသည်။ ပျော်ရွှင်စွာလည်း ပေါင်းသင်းကြပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ