ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သစ္စာစောင့်သိသူများကို ရှုစားလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁၅ စာ. ၃၀

သင်မှတ်မိသလော

များမကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များတွင် သင့်အတွက် လက်တွေ့ကျတန်ဖိုးကို သင်တွေ့ရှိသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ–

◻အမ္မုန်လူမျိုး၏ကျဆုံးခြင်းမှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရယူနိုင်သနည်း။ (ဇေဖနိ ၂:၉၊ ၁၀) ကိုယ်တော်၏ကြင်နာမှုအား ရန်လိုမှုဖြင့်တုံ့ ပြန်ခြင်းကို ကိုယ်တော် ခပ်ပေါ့ပေါ့ယူမှတ်လိမ့်မည်မဟုတ် ဟူ၍ဖြစ်သည်။ ထို့ ပြင် ရှေးအချိန်က ကိုယ်တော်လုပ်ခဲ့သကဲ့သို့ပင် ကိုယ်တော်၏အချိန်ကျရောက်တော်မူသောအခါ နောက်တစ်ဖန်အရေးယူဆောင်ရွက်လိမ့်မည်ဖြစ်သည်။—(ဆာလံ ၂:၆-၁၂ နှိုင်းယှဉ်။)—၁၂/၁၅၊ စာမျက်နှာ ၁၀။

◻ခရစ်ယာန်များ၌ အဘယ်နည်းများဖြင့် ငြိမ်သက်ခြင်းရှိကြသနည်း။

ပထမအနေနှင့် သူတို့သည် “သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့်ငြိမ်သက်မှုကို ခံစားကြ” ရသည်။ (ရောမ ၅:၁၊ ကဘ) ဒုတိယတစ်ခုမှာ သူတို့သည် ‘ရှေးဦးစွာစင်ကြယ်စေ၍ ၎င်းနောက် ငြိမ်းချမ်းစေသော’ “ထက်ရပ်ပညာ” ကိုပြုစုပျိုးထောင်ကြခြင်းအားဖြင့် သူတို့အလယ်တွင် သင့်တင့်ငြိမ်သက်မှုရှိကြသည်။ (ယာကုပ် ၃:၁၇)—၁/၁၊ စာမျက်နှာ ၁၁။

◻ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် နှိုင်းယှဉ်ထားသည့်အရာအချို့ကား အဘယ်နည်း။ ၎င်းတို့သည် ကျွန်ုပ်တို့ကို မည်သို့အကူအညီဖြစ်စေသနည်း။

ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အာဟာရရှိသောနို့၊ ကြေခဲသောအစာ၊ လန်းဆန်း၍ သန့်ရှင်းစေသောရေ၊ ကြည့်မှန်နှင့် ထက်သောသန်လျက်စသည်တို့နှင့် နှိုင်းယှဉ်ထားသည်။ ဤဝေါဟာရများသည် အဘယ်အရာကိုဆိုလိုကြောင်း သိနားလည်ထားခြင်းက ဓမ္မအမှုဆောင်တစ်ဦးအား သမ္မာကျမ်းစာကို ကျွမ်းကျင်လိမ္မာစွာ အသုံးပြုစေသည်။—၁/၁၊ စာမျက်နှာ ၂၉။

◻မျှတမှုရှိသည့် လောကီပညာရေးသည် ကျွန်ုပ်တို့အား အဘယ်အရာပြုလုပ်ရန် အကူအညီပေးမည်နည်း။ ကောင်းကောင်းဖတ်တတ်ရန်၊ ပီပီပြင်ပြင်ရေးတတ်ရန်၊ စိတ်ပိုင်းနှင့် စာရိတ္တပိုင်းတိုးတက်ဖွံ့ဖြိုးရန်၊ နေ့စဉ်ရက်ဆက်အသက်ရှင်နေထိုင်ရေးနှင့် မြင့်မြတ်သောလုပ်ငန်းတော်တွင် ထိရောက်ဖို့အတွက် လိုအပ်သည့်လက်တွေ့ကျလေ့ကျင့်မှုရရှိရန်။—၂/၁၊ စာမျက်နှာ ၁၀။

◻ယေရှုထံမှ ပညာရေးနှင့်ပတ်သက်၍ အဘယ်အဖိုးတန်သင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။

ပညာရေးကို ကိုယ့်ဂုဏ်ချီးမြှောက်ဖို့အတွက်မသုံးသင့်ဘဲ အကြီးမြတ်ဆုံးပညာပေးရှင်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်ကို ချီးမွမ်းရန်အသုံးပြုသင့်သည်။ (ယောဟန် ၇:၁၈)—၂/၁၊ စာမျက်နှာ ၁၀။

◻ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။

ဘုရားသခင့်နိုင်ငံတော်သည် အပြစ်နှင့်သေခြင်း၏အကျိုးဆက်များကို ဖယ်ရှားပစ်ရန်နှင့် ကမ္ဘာပေါ်တွင် ဖြောင့်မတ်သောအခြေအနေများကို ပြန်လည်နေရာချပေးရန်ဟူသော ဘုရားသခင့်အလိုတော်ကို ဖြည့်ဆည်းပေးမည့် ကိုယ်တော်တည်ထောင်သည့် ကောင်းကင်ဆိုင်ရာအစိုးရတစ်ခုဖြစ်သည်။ (ဒံယေလ ၂:၄၄; ဗျာဒိတ် ၁၁:၁၅; ၁၂:၁၀)—၂/၁၊ စာမျက်နှာ ၁၆။

◻အကြမ်းဖက်မှုကို ထာဝရနိဂုံးချုပ်ပစ်ရန် လိုအပ်သောပညာရေးကို ကျမ်းစာက မည်သို့ထောက်ပံ့ပေးသနည်း။ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကျမ်းစာမှတစ်ဆင့် လူများအား ငြိမ်သက်မှုမြတ်နိုး၍ ဖြောင့်မတ်သူများဖြစ်အောင် ယေဟောဝါဘုရားသခင်သွန်သင်ပေးသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လူတစ်ဦး၏နှလုံးထိတိုင် ထိမိ၍ သူ၏အတွေးအခေါ်နှင့်အကျင့်အကြံများကိုပြောင်းလဲပေးသည့် တန်ခိုးရှိသည်။ (ဟေဗြဲ ၄:၁၂)—၂/၁၅၊ စာမျက်နှာ ၆။

◻မည်သည့်နည်းအားဖြင့် ဟေရှာယ အခန်းကြီး ၃၅ ပါ ပရောဖက်ပြုချက်သည် ပြည့်စုံချက်သုံးရပ်ရှိမည်ဟု ပြောနိုင်သနည်း။

ဟေရှာယပရောဖက်ပြုချက်သည် ဘီ.စီ.အီး. ၅၃၇ တွင် ဗာဗုလုန်သုံ့ပန်းဘဝမှ ဂျူးများပြန်လာသည့်အချိန်၌ ပထမအကြိမ်ပြည့်စုံခဲ့သည်။ မဟာဗာဗုလုန်၏သုံ့ပန်းဘဝမှ ဝိညာဏဣသရေလ လွတ်မြောက်လာချိန်မှစ၍ ၎င်းသည် ယနေ့၌လည်း ဝိညာဏသဘောအရ ဆက်လက်ပြည့်စုံနေပေသည်။ ထို့ ပြင် ကမ္ဘာမြေကြီးပေါ်တွင် တကယ့်ပရဒိသုအခြေအနေများနှင့်ပတ်သက်သော ကျမ်းစာအာမခံချက်နှင့်စပ်လျဉ်း၍ ယင်း၌ တတိယပြည့်စုံချက်ရှိပါလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၄၊ ၅)—၂/၁၅၊ စာမျက်နှာ ၁၇။

◻ဘုရားသခင်သည် လူတို့ကိုစိတ်ဝင်စားကြောင်း သားတော်ယေရှု၏အံ့ဖွယ်အမှုများအားဖြင့် မည်သို့ဖော်ပြတော်မူခဲ့သနည်း။

ယေရှုသည် “ခမည်းတော်ပြုတော်မူသောအမှုကို . . . မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်” သောကြောင့် ကိုယ်တော့်ကရုဏာတော်က ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးစီကို အရေးတယူပြုမူတော်မူကြောင်း ပေါ်လွင်စေပေသည်။ (ယောဟန် ၅:၁၉)—၃/၁၊ စာမျက်နှာ ၅။

◻ယောဟန် ၅:၂၈၊ ၂၉ (ကဘ) ၌အသုံးပြုထားသော “အောက်မေ့ရာသင်္ချိုင်းဂူများ” ဟူသည့် ယေရှု၏ဖော်ပြချက်သည် အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။

ဤတွင် ဂရိစကားလုံး မနီမေအောန် (အောက်မေ့ရာသင်္ချိုင်းဂူများ) ကိုအသုံးပြုထားခြင်းသည် ကွယ်လွန်သူ၏ပင်ကိုစရိုက်များနှင့် မှတ်ဉာဏ်အပြည့်အစုံအပါအဝင် သူ၏မှတ်တမ်းကို ယေဟောဝါမှတ်မိသည်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ ယင်းက ဘုရားသခင်သည် လူသားအပေါင်းကို တစ်ဦးချင်းစီအနေနှင့် ဂရုစိုက်တော်မူကြောင်း ခိုင်လုံသည့်သက်သေသာဓကဖြစ်သည်တကား!—၃/၁၊ စာမျက်နှာ ၆။

◻ဇေဖနိပရောဖက်ပြုချက်ပါ အဘယ်သတိပေးသတင်းစကားသည် ကျွန်ုပ်တို့အတွက် လက်တွေ့ကျသောအကူအညီကို ဖြစ်စေသနည်း။

ယနေ့အချိန်သည် သံသယများကို ကျွန်ုပ်တို့၏နှလုံးတွင် အမြစ်တွယ်ခွင့်ပြုရမည့်အချိန်၊ ယေဟောဝါ၏နေ့ရောက်လာမည်ကို ကျွန်ုပ်တို့၏စိတ်တွင်းမှထုတ်ပယ်ထားရမည့်အချိန် မဟုတ်ပါ။ ထို့ ပြင် လျစ်လျူရှုခံရသောကြောင့် အားလျော့စေသည့် အကျိုးဆက်များကို သတိထားသင့်သည်။ (ဇေဖနိ ၁:၁၂၊ ၁၃; ၃:၈)—၃/၁၊ စာမျက်နှာ ၁၇။

◻ဘုရားသခင်ကို သစ္စာစောင့်သိခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သနည်း။

အကြောင်းမှာ သစ္စာစောင့်သိခြင်းသည် မိဘများထံမှ အမွေအဖြစ်ရရှိထားသော ကျွန်ုပ်တို့၏အတ္တဆန်သည့် ဉာဉ်ဆိုးများနှင့် ဆန့်ကျင်သောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၇:၁၉) ပို၍အရေးကြီးသည်မှာ စာတန်နှင့် သူ၏နတ်ဆိုးများသည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ သစ္စာပျက်သွားအောင်ပြုရန် သန္နိဋ္ဌာန်ချထားကြသည်။ (ဧဖက် ၆:၁၂; ၁ ပေတရု ၅:၈)—၃/၁၅၊ စာမျက်နှာ ၁၀။

◻အဘယ်နယ်ပယ်လေးရပ်တွင် သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်နှင့် ကျွန်ုပ်တို့ရင်ဆိုင်ရမည်နည်း။ ထိုသို့ရင်ဆိုင်ရန် ကျွန်ုပ်တို့ကို ဘာကအထောက်အကူပြုမည်နည်း။

နယ်ပယ်လေးရပ်မှာ ယေဟောဝါအပေါ်၊ ကိုယ်တော်၏အဖွဲ့အစည်းအပေါ်၊ အသင်းတော်အပေါ်နှင့် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်များအပေါ် သစ္စာစောင့်သိခြင်းဖြစ်သည်။ အထောက်အကူတစ်ခုမှာ သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေခြင်းနှင့်ပတ်သက်နေကြောင်း သဘောပေါက်နားလည်ထားခြင်းဖြစ်သည်။—၃/၁၅၊ စာမျက်နှာ ၂၀။

◻ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ ပြန်သယ်သွားရန် ကြိုးစားရာတွင် ဒါဝိဒ်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံမှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာကို သင်ယူနိုင်သနည်း။ (၂ ဓမ္မရာဇဝင် ၆:၂–၇) သေတ္တာတော်ကိုသယ်ဆောင်ခြင်းနှင့်ပတ်သက်သော ယေဟောဝါပေးထားသည့် ညွှန်ကြားချက်ကို ဒါဝိဒ် လျစ်လျူရှုခဲ့သည်။ ယင်းက ဒုက္ခတွေ့စေသည်။ သင်ခန်းစာမှာ ကျွန်ုပ်တို့သည် ယေဟောဝါ၏ရှင်းလင်းပြတ်သားသည့်ညွှန်ကြားချက်များကို လျစ်လျူရှုသောအခါ ဖြစ်ပေါ်လာသည့်ပြဿနာများအတွက် ဘယ်တော့မျှ ကိုယ်တော့်ကို အပြစ်မဖို့သင့်ခြင်းပင်ဖြစ်သည်။ (သု. ၁၉:၃)—၄/၁၊ စာမျက်နှာ ၂၈၊ ၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ