ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၉/၁ စာ. ၃-၄
  • သင့်အသက်တာကို ကံကြမ္မာက ထိန်းချုပ်ထားပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အသက်တာကို ကံကြမ္မာက ထိန်းချုပ်ထားပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကံကြမ္မာအယူကို ကျမ်းစာသွန်သင်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ရေးသားထားနှင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခပ်သိမ်းသောအမှုအရာအတွက် အချိန်ရှိ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၉/၁ စာ. ၃-၄

သင့်အသက်တာကို ကံကြမ္မာက ထိန်းချုပ်ထားပါသလော

“အလာနိုဒို။” အနောက်အာဖရိကရှိ၊ မာလီနိုင်ငံမှ ဘမ်ဘာရာဘာသာစကားဖြင့် ဤအသုံးအနှုန်းမှာ “ဘုရားသခင့်လက်ချက်ဖြစ်သည်” ဟူ၍ အဓိပ္ပာယ်ရသည်။ ကမ္ဘာ့ထိုဒေသတွင် ဤကဲ့သို့သောစာတန်းမျိုးတို့သည် အမှန်ပင် တွေ့မြင်နေကျဖြစ်သည်။ ဝိုလို့ဖ် ဘာသာစကားတွင် “ယာလာမိုကိုဒက်ဖ်” (ဘုရားသခင်လုပ်တာပါ) ဟူသည့် အဆိုရှိသည်။ ဒိုဂွန်အနွယ်၏ ဒေသခံလူမျိုးစုငယ်စကားတစ်ခုတွင် “အာမားဘီရဲ” (ဘုရားသခင်က ဖြစ်စေတာပါ) ဟု ပြောကြသည်။

အခြားနိုင်ငံများတွင် အဆိုပါအသုံးအနှုန်းများနှင့် ထူးထူးခြားခြားဆင်တူသည့် အသုံးအနှုန်းများရှိသည်။ “သူ့အချိန်ရောက်လာပြီလေ” နှင့် “ဒါကတော့ ဘုရားအလိုတော်ပါ” ဟူ၍ပြောသံများကို သေဆုံးချိန်တိုင်းတွင်ဖြစ်စေ၊ ရင်နာဖွယ်အဖြစ်ဆိုး သင့်ရောက်သောအချိန်တိုင်းတွင်ဖြစ်စေ ကြားရလေ့ရှိသည်။ အနောက်အာဖရိကတွင် “လူကကြံ၊ ဘုရားကဖန်” ဟူသည့် စာတန်းမျိုးတို့ကို အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များတွင် ရေးဆွဲထားနေကျ၊ ဈေးဆိုင်များတွင် ဆိုင်းဘုတ်များအဖြစ် ရိုက်ကပ်ထားနေကျဖြစ်သည်။ များစွာသောသူများအတွက် အဆိုပါအသုံးအနှုန်းတို့သည် ခိုင်းနှိုင်းဖော်ပြချက်သက်သက်သာဖြစ်သည်။ သို့သော် ယင်းတို့သည် အရိုးစွဲနေသော ကံကြမ္မာပဓာနအယူဝါဒကို အကြိမ်ကြိမ်ထင်ဟပ်ပြလေ့ရှိသည်။

သို့ဆိုလျှင် ကံကြမ္မာပဓာနဝါဒကား အဘယ်နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက “အဖြစ်သနစ်တို့သည် လူသားမထိန်းချုပ်နိုင်သည့် စွမ်းအားများဖြင့် စီရင်ဆုံးဖြတ်ထားခြင်း ခံရသည်ဟူသည့် ယုံကြည်ချက်” ဟု အနက်ဖွင့်ထားသည်။ ဤ “စွမ်းအားများ” ကား အဘယ်နည်း။ လူတစ်ဦး၏ကံကြမ္မာကို ထိုသူမွေးဖွားစဉ် ဖြစ်ပေါ်နေသော ကြယ်နက္ခတ်များ၏အနေအထားက အကြီးအကျယ်သြဇာသက်ရောက်ကြောင်း နှစ်ထောင်ချီကတည်းက ဘေဘီလိုနီးယန်းတို့ ယုံကြည်ကြသည်။ (ဟေရှာယ ၄၇:၁၃ နှိုင်းယှဉ်။) ကံကြမ္မာသည် အသက်ချည်မျှင်ကို ငင်ယူသူ၊ တိုင်းတာသူ၊ ဖြတ်တောက်သူများဖြစ်သည့် အစွမ်းထက်သော ဘုရားမသုံးပါး၏ လက်ထဲတွင်ရှိကြောင်း ဂရိလူမျိုးတို့ ယုံကြည်ကြသည်။ သို့သော် လူတစ်ဦး၏ကံကြမ္မာကို ဘုရားသခင်ကိုယ်တော်တိုင် စီရင်ဆုံးဖြတ်ထားပါသည်ဟူသော အယူအဆကို အစထွင်ခဲ့သူများမှာ ခရစ်ယာန်ဘောင်ဓမ္မဆရာများသာတည်း!

ဥပမာ၊ “စိန့်” ဩဂက်စတင်းသည် နက္ခတ်ဗေဒင်ပညာရှင်များ၏ “မှားယွင်းပြီး အန္တရာယ်မကင်းသော အယူအဆများ” ကို ငြင်းပယ်ခဲ့သည်။ တစ်ဖက်တွင်မူ “ဘုရားသခင် တည်ရှိတော်မူကြောင်း ယုံကြည်လျက် တစ်ချိန်တည်းတွင် ဖြစ်ပျက်လာမည့်အရာများအား ကိုယ်တော်ကြိုတင်သိရှိတော်မူခြင်းကို ငြင်းဆိုခြင်းသည် အပေါ်လွင်ဆုံး မိုက်မဲမှုဖြစ်သည်” ဟု အချေအတင်ပြောဆိုခဲ့သည်။ ဘုရားသခင်သည် . . . တန်ခိုးရှင်ဖြစ်ရိုးမှန်လျှင် “အရာအားလုံးဖြစ်မလာမီ ကိုယ်တော် သိရှိရမည်၊” “တင်ရင်စီမံခြင်းမရှိဘဲ အဘယ်အရာကိုမျှ မထားပါ” ဟု သူထုတ်ဖော်ပြောဆိုခဲ့သည်။ သို့တိုင် ဖြစ်ပျက်လာမည့်အရာအားလုံးကို ဘုရားသခင်ကြိုသိသော်လည်း လူသားတို့သည် စိတ်ကြိုက်လုပ်ပိုင်ခွင့်ကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း အကျောက်အကန်ပြောဆိုခဲ့သည်။—ဘုရားသခင့်မြို့တော်၊ စာအုပ်အမှတ် ၅၊ အခန်း ၇-၉။

ရာစုချီ၍ကြာညောင်းပြီးနောက် ပရိုတက်စတင့်ဓမ္မဆရာ ဂျွန်ကယ်လ်ဗင်က အချို့သောသူတို့သည် “ကောင်းကင်နိုင်ငံတော်၏ သားသမီးများနှင့် အမွေခံများဖြစ်ရန် [ဘုရားသခင်က] တင်ရင်စီမံထား” ခြင်းခံနေရစဉ် အခြားသူများမှာမူ “ကိုယ်တော်၏ အမျက်ဒေါသကို ခံယူသူများ” ဖြစ်ရန် တင်ရင်စီမံခံရသည်ဟုဆိုကာ ထိုအယူအဆကို ထပ်ကွန့်လိုက်သည်!

ယနေ့အချိန်တွင် ကံကြမ္မာအယူကို ကမ္ဘာ့ဒေသများစွာတွင် အလေးထားလာကြသည်။ အနောက်အာဖရိကမှ လူငယ်လေး အူစ်မန်၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါလေ။ သူသည် သူ့ကျောင်းတွင် အတော်ဆုံးကျောင်းသားများထဲမှ တစ်ယောက်ဖြစ်သော်လည်း အတန်းတင်စာမေးပွဲကို ဖြေဆိုသောအခါ ကျရှုံးသွားလေသည်! ယင်းကြောင့် ထိုအတန်းတွင် နောက်တစ်နှစ်ကျောင်းပြန်တက်ရသည်သာမက သူ့မိသားစုနှင့် သူငယ်ချင်းများရှေ့တွင် အနေရအထိုင်ရပါ ခက်စေသည်။ သူငယ်ချင်းတစ်ယောက်က ဘုရားအလိုတော်ပါဟုပြောကာ သူ့အား ကြိုးစားနှစ်သိမ့်ပေးခဲ့သည်။ အူစ်မန်၏မိခင်ကလည်း အလားတူပင် မိမိ၏သားကျရှုံးမှုအတွက် ကံကြမ္မာကို အပြစ်ပုံချခဲ့သည်။

အစတွင် အူစ်မန်သည် သူတို့၏ ကြင်နာစွာကြိုးစားနှစ်သိမ့်ပေးမှုများကို ဝမ်းသာအယ်လဲလက်ခံခဲ့သည်။ မိမိ၏ကျရှုံးမှုသည် ဘုရားသခင့်အလိုတော် ဖြစ်ရိုးမှန်လျှင် ယင်းသို့မဖြစ်ရလေအောင် မိမိလုပ်ဆောင်နိုင်သည့်အရာ မရှိပါလားဟု အတွေးဝင်ခဲ့သည်။ သို့သော် သူ၏ဖခင်ကမူ ကိစ္စရပ်များကို ခြားနားစွာ ရှုမြင်ခဲ့သည်။ စာမေးပွဲကျခြင်းသည် မိမိအပြစ်ကြောင့်သာဖြစ်သည်—ဘုရားသခင်ကြောင့်မဟုတ်ကြောင်း အူစ်မန်ကို သူပြောခဲ့သည်။ မိမိ၏လေ့လာသင်ကြားမှုများကို ဂရုမစိုက်ခဲ့သောကြောင့်သာ အူစ်မန် ကျရှုံးခဲ့ခြင်းဖြစ်သည်။

အူစ်မန်သည် မိမိ၏ကံကြမ္မာအယူ လှုပ်ခါခံလိုက်ရကာ မိမိ၏ကိစ္စများကို စူးစမ်းလေ့လာရန် ဆုံးဖြတ်ခဲ့သည်။ လာမည့်ဆောင်းပါးကို သုံးသပ်ခြင်းဖြင့် ထပ်တူစူးစမ်းဖို့ သင့်ကိုယခုကျွန်ုပ်တို့ ဖိတ်ခေါ်အပ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ