ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၂/၁၅ စာ. ၃-၄
  • ဆင်းရဲဒုက္ခမြားမြောင်လှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲဒုက္ခမြားမြောင်လှ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း” ဖြင့်ပြည့်နှက်
  • ဘုရားသခင့်ရည်ရွယ်ချက်တစ်စိတ်တစ်ဒေသ
  • ဆင်းရဲဒုက္ခမရှိတော့မည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၂/၁၅ စာ. ၃-၄

ဆင်းရဲဒုက္ခမြားမြောင်လှ

“တစ်ဦးချင်းသော်လည်းကောင်း၊ အစုလိုက်အပြုံလိုက်သော်လည်းကောင်း လူမြောက်မြားစွာတို့သည် . . . အဘယ့်ကြောင့်ဒုက္ခခံစားနေရကြသနည်း။ ဘုရားသခင်ကို ရည်ရွယ်ချက်အားလုံး၏ပြယုဂ်အဖြစ်ယူမှတ်သော်လည်း ကမ္ဘာပေါ်တွင် မရေရာသောအရာများ၊ အဓိပ္ပာယ်မဲ့သောဆင်းရဲဒုက္ခနှင့် ကျိုးကြောင်းမဲ့သောအပြစ်များစွာရှိနေသည်။ နစ်ချီဟူသောပုဂ္ဂိုလ် စွပ်စွဲခဲ့သကဲ့သို့ဘုရားသခင်သည် မတရားအုပ်စိုးသူ၊ အယောင်ဆောင်လိမ်ညာသူ၊ လိမ်လည်လှည့်ဖြားသူ၊ ဒဏ်စီရင်သူဖြစ်ပါသလော။”—ဟန်စ် ကွင်း ရေးသားသည့် ခရစ်ယာန်တစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်ရာဝယ်။

ချာ့ချ်ဓမ္မပညာရှင် ဟန်စ် ကွင်းသည် လူများစွာတို့ကိုစိတ်ရှုပ်ထွေးစေသည့် မေးခွန်းတစ်ခုကိုတင်ပြနေခြင်းသာဖြစ်သည်။ ယင်းမေးခွန်းမှာ—တန်ခိုးကြီးမားသည့် မေတ္တာရှင်ဘုရားသခင်သည် ဤမျှမြားမြောင်လှသည့်ဆင်းရဲဒုက္ခများကို အဘယ့်ကြောင့်ခွင့်ပြုရသနည်း ဟူ၍ဖြစ်သည်။ ယင်းသို့သောမေးခွန်းမျိုး လူတို့မေးကြသည်ကို သင်ကြားဖူးပါသလော။ ကွင်းဖော်ပြခဲ့သည့် “မဆုံးနိုင်သောသွေးစီးကြောင်း၊ ချွေးနှင့် မျက်ရည်၊ နာကျင်မှု၊ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှု၊ အထီးကျန်မှုနှင့် သေခြင်း” တို့က သနားကြင်နာတတ်သူတိုင်းကို ပူဆွေးသောကရောက်စေသည်။ အမှန်ဆိုလျှင် အရှိန်အဟုန်ပြင်းစွာရောက်ရှိလာသည့် ထိတ်လန့်ကြောက်ရွံ့မှုနှင့် ပူပင်သောကများက သမိုင်းတစ်လျှောက်တွင် အသက်ပေါင်းသန်းပေါင်းများစွာကို ပျက်စီးစေခဲ့ပြီ။—ယောဘ ၁၄:၁။

“ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း” ဖြင့်ပြည့်နှက်

စစ်၏အကျိုးဆက်ကြောင့် ထိခိုက်မှုကိုကိုယ်တိုင်ခံရသောသူများသာမက ပူဆွေးကျန်ရစ်ခဲ့သည့်မိဘများ၊ ထိခိုက်ခံရသောကလေးများ၏ဆွေမျိုးများနှင့် ရက်စက်ကြမ်းကြုတ်စွာပြုကျင့်ခံခဲ့ရသော အခြားသူများပါခံစားခဲ့ရသည့် ဆင်းရဲဒုက္ခကိုစဉ်းစားတွေးတောကြည့်ပါလေ။ “လွန်ခဲ့သော ၁၀ နှစ်အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ကလေး ၁ သန်းခွဲအသတ်ခံရသည်” ဟု ကြက်ခြေနီအသင်းမှ မကြာသေးမီကဆိုသည်။ ကြက်ခြေနီသတင်းက ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ၌ “ထောင်သောင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်တို့သည် ရက်စက်ကြမ်းကြုတ်စွာနှင့် စနစ်တကျအစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရသည်” ဟုဆိုသည်။

ကလေးများအကျင့်စာရိတ္တပျက်ပြားစေရန် မြှူဆွယ်သူများကြောင့်ဖြစ်ပေါ်လာသော နာကျင်မှုကိုလည်း ကျွန်ုပ်တို့လျစ်လျူမရှုသင့်ပေ။ သူမ၏သားသည် ကလေးထိန်းတစ်ဦး၏ မတော်မတရားပြုခြင်းခံရပြီးနောက် မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ဝမ်းနည်းပက်လက်ဖြစ်ကျန်ခဲ့သောမိခင်တစ်ဦးက “ကျွန်မရဲ့သားကို မတော်မတရားပြုတဲ့သူဟာ . . . ကျွန်မရဲ့သားနဲ့ တခြားကလေးများစွာကိုလည်း အကွက်အစေ့ဆုံး၊ အဖောက်ပြန်ဆုံးနည်းနဲ့ ဖျက်ဆီးခဲ့ပါတယ်” ဟုဆိုသည်။ “၂၅ နှစ်တိုင် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ၊ လူခိုးမှု၊ မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လူသတ်မှုများကျူးလွန်ကြသော” ဗြိတိန်တွင်ဖမ်းဆီးခံရသူများကဲ့သို့ အကြင်နာကင်းမဲ့သည့်လူသတ်သမား သို့မဟုတ် ဆက်တိုက်လူသတ်သမားများ၏ သားကောင်တို့ခံစားခဲ့ရသည့် ထိတ်လန့်ဖွယ်နာကျင်မှုများကော အသို့နည်း။ သမိုင်းတစ်လျှောက် အမျိုးသားနှင့် အမျိုးသမီးတို့သည် နာကျင်မှုနှင့် ဒုက္ခဆင်းရဲခြင်းများခံရသည့်အထိ တစ်ဦးကိုတစ်ဦးထိခိုက်နစ်နာစေခြင်းသည် အတိုင်းအဆမရှိဟုထင်မြင်ရသည်။—ဒေသနာ ၄:၁-၃။

ထို့အပြင် ချစ်မြတ်နိုးရသောသူများ အချိန်မတန်ဘဲသေဆုံးသွားသည့်အခါ မိသားစုများကိုထိုးနှက်သော ကာယနှင့် စိတ္တဖျားနာမှုများနှင့် အလွန်ဆိုးဝါးသောပူဆွေးသောကများလည်းရှိသည်။ ငတ်မွတ်ခေါင်းပါးဘေး သို့မဟုတ် အခြားသဘာဝဘေးဒဏ်များကြုံရသောကြောင့် ခံစားရသည့်ပြင်းထန်သောစိတ်ဒုက္ခလည်း ရှိသေးသည်။ ကျွန်ုပ်တို့၏အသက်သည် ၇၀ သို့မဟုတ် ၈၀ မျှသာရှိသော်လည်း “ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း” ဖြင့်ပြည့်နေသည်ဟူသော မောရှေ၏ဖော်ပြချက်ကို မည်သူမျှစောဒကတက်မည်မဟုတ်ပါ။—ဆာလံ ၉၀:၁၀။

ဘုရားသခင့်ရည်ရွယ်ချက်တစ်စိတ်တစ်ဒေသ

လူအချို့ဆိုသကဲ့သို့ အဆက်မပြတ်ဖြစ်နေသော ဤဆင်းရဲဒုက္ခများသည် နားလည်ရန်ခက်ခဲသည့် ဘုရားသခင့်ရည်ရွယ်ချက် တစ်စိတ်တစ်ဒေသဖြစ်နိုင်မည်လော။ ‘လာမည့်ကမ္ဘာတွင်’ ဖြစ်မည့်ဘဝအကြောင်းကို ကောင်းစွာသိမြင်နားလည်ရန် ယခုကျွန်ုပ်တို့ဒုက္ခခံရမည်လော။ ပြင်သစ်အတွေးအခေါ်ပညာရှင် တေးယားရ်ဒရှာဒင် ယုံကြည်သကဲ့သို့ “လူသားများသည် အသက်ရှင်၍ ဝိညာဉ်ဖြစ်လာဖို့အတွက် သေစေပြီး ပုပ်ပျက်စေတတ်သော ဆင်းရဲဒုက္ခကို လိုအပ်သည်” ဟူသောအချက်သည်မှန်ပါသလော။ လုံးဝမမှန်ပေ!

ထောက်ထားစာနာတတ်သည့် ပုံစံပြုရှင်တစ်ဦးသည် သေစေနိုင်သောပတ်ဝန်းကျင်ကို တမင်ဖန်တီးပြီးနောက် ယင်း၏အကျိုးဆက်မှ လူသားများကိုကယ်တင်သည့်အခါ မေတ္တာကရုဏာကြီးမားလှသည်ဟု ဆိုမည်လော။ မဆိုနိုင်ပေ! မေတ္တာရှင်ဘုရားသခင်သည် အဘယ့်ကြောင့်ထိုသို့ပြုရမည်နည်း။ ထိုသို့ဆိုသော် ဘုရားသခင်သည် ဆင်းရဲဒုက္ခကိုအဘယ့်ကြောင့်ခွင့်ပြုရသနည်း။ ဆင်းရဲဒုက္ခသည် အဆုံးသတ်ဦးမည်လော။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[Picture Credit Line on page 3]

WHO photo by P. Almasy

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ