ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁ စာ. ၄-၇
  • စစ်မှန်သောယုံကြည်ခြင်းသို့ ဦးတည်သည့်နာမ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောယုံကြည်ခြင်းသို့ ဦးတည်သည့်နာမ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု၏နာမတော်က အဘယ်အရာကို ကိုယ်စားပြု
  • ယေရှု သို့မဟုတ် ကဲသာ၌ယုံကြည်ခြင်းလော
  • ကနဦးခရစ်ယာန်များကို ယနေ့အတုယူခြင်း
  • ယေရှု၏နာမ၌ ယုံကြည်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
  • ဘုရားသခင်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သိရမည်အကြောင်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ အလေးထား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါရဲ့နာမည်ကို ယေရှု အလေးထား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁ စာ. ၄-၇

စစ်မှန်သောယုံကြည်ခြင်းသို့ ဦးတည်သည့်နာမ

“ယေရှုကိုရော၊ ယေရှုရဲ့အသွေးဟာ ရွေးနုတ်ပေးနိုင်တယ်ဆိုတာကိုရော ရှင်တို့ မယုံကြဘူး” ဟူ၍ အမျိုးသမီးတစ်ဦးက ယေဟောဝါသက်သေတစ်ဦးကိုပြောခဲ့သည်။ လူတစ်ဦးက ဤသို့အခိုင်အမာဆို၏– “ခင်ဗျားတို့က ကိုယ့်ကိုယ်ကို ယေဟောဝါသက်သေလို့ခေါ်ကြတယ်၊ ကျွန်တော်ကတော့ ယေရှုရဲ့သက်သေ။”

ယေဟောဝါသက်သေတို့သည် ယေရှုကိုမယုံကြည် သို့မဟုတ် သူတို့သည် ကိုယ်တော့်ကိုအရေးပေးသင့်သလောက်မပေးကြပါဟူသောအမြင် အတော်များများတွင်ရှိကြသည်။ သို့သော် အမှန်ကားအဘယ်နည်း။

ယေဟောဝါသက်သေတို့သည် ယေဟောဝါဟူသည့်ဘုရားသခင့်နာမတော်ကို အရေးပေးကြသည်မှာ မှန်ပါ၏။a ဘရာဇီးမှသက်သေခံတစ်ဦးဖြစ်သော အီတမာက ဤသို့ပြောပြသည်– “ကျွန်တော်ရဲ့ဘဝမှာ ဘုရားသခင်ရဲ့နာမည်ကိုသိလိုက်ရတဲ့အချိန်မှာ အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့တယ်။ အဲ့ဒီနာမည်ကို ပထမဦးဆုံးဖတ်ခဲ့ရတဲ့အချိန်ဟာ အိပ်မောကျရာကနေ နိုးထလာရသလိုပါပဲ။ ယေဟောဝါရဲ့နာမတော်ဟာ ကျွန်တော့်ကို စိတ်လှုပ်ရှားနိုးထစေပြီး ကျွန်တော့်စိတ်နှလုံးကို အရမ်းထိမိစေခဲ့တယ်။” သို့တစေ သူက ဤသို့ထပ်ဆင့်ပြောသည်– “ယေရှုကို ချစ်တဲ့စိတ်ကလည်း ပြည့်လျှံနေတာပဲ။”

မှန်ပါသည်၊ ထာဝရအသက်ရရန် “ဘုရားသခင်၏သားတော်” ယေရှုကို “ယုံကြည်” ရမည်ဖြစ်ကြောင်း ယေဟောဝါသက်သေများအသိအမှတ်ပြုကြ၏။ (၁ ယောဟန် ၅:၁၃) ‘ယေရှု၏နာမ၌’ ဟူသောအသုံးအနှုန်းက အဘယ်အရာကိုဆိုလိုသနည်း။

ယေရှု၏နာမတော်က အဘယ်အရာကို ကိုယ်စားပြု

‘ယေရှု၏နာမ၌’ ဟူသောအလားတူအသုံးအနှုန်းများကို ခရစ်ယာန်ဂရိကျမ်းစောင်များ သို့မဟုတ် “ဓမ္မသစ်” ကျမ်းတစ်လျှောက်လုံးတွင် တွေ့ရှိရ၏။ အမှန်မှာ၊ ယေရှု၏အခန်းကဏ္ဍကို ရည်ညွှန်း၍အသုံးပြုသည့် “နာမ” ဟူသောစကားလုံးကို အကြိမ် ၈၀ ကျော်တွေ့ရှိရပြီး တမန်တော်ကျမ်းတစ်စောင်တည်း၌ အကြိမ် ၃၀ ခန့်တွေ့ရသည်။ ပထမရာစုခရစ်ယာန်များသည် ယေရှု၏နာမ၌နှစ်ခြင်းပေးကြသည်၊ ကိုယ်တော်၏နာမ၌ ကုသပေးကြသည်၊ ကိုယ်တော်၏နာမ၌ သွန်သင်ပေးကြသည်၊ ကိုယ်တော်၏နာမကိုခေါ်ကြသည်၊ ကိုယ်တော်၏နာမအတွက် ဆင်းရဲခံကြပြီး ကိုယ်တော်၏နာမကို ဂုဏ်တင်ချီးမွမ်းကြသည်။—တမန်တော် ၂:၃၈; ၃:၁၆; ၅:၂၈; ၉:၁၄၊ ၁၆; ၁၉:၁၇။

သမ္မာကျမ်းစာအဘိဓာန်ကျမ်းတစ်ခုအရ “အမည်နာမ” အတွက် “စကားလုံးကို အခွင့်အာဏာ၊ ဂုဏ်သိက္ခာ၊ ရာထူးအဆင့်၊ ခမ်းနားထည်ဝါမှု၊ တန်ခိုးကြီးမားမှု၊ ထူးချွန်ပြောင်မြောက်မှု အစရှိသည့်အရာ၊ ထိုအမည်နာမအကျုံးဝင်သည့်အရာအားလုံးနှင့်ဆက်စပ်၍” ကျမ်းစာတွင် မကြာခဏအသုံးပြုထားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ယေရှု၏နာမသည် ကိုယ်တော်ကို ယေဟောဝါဘုရားသခင်လွှဲအပ်ထားသော ခန့်ညားထည်ဝါမှုနှင့် ကြီးကျယ်သောအုပ်ချုပ်မှုအခွင့်အာဏာကို ကိုယ်စားပြု၏။ ယေရှုကိုယ်တော်တိုင် ဤသို့ဖော်ပြသည်– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။” (မဿဲ ၂၈:၁၈) ပေတရုနှင့် ယောဟန်တို့သည် ခြေမစွမ်းမသန်သောသူကို ကုသပေးပြီးနောက် ဂျူးဘာသာရေးခေါင်းဆောင်များက ဤသို့မေးမြန်းခဲ့သည်– “သင်တို့သည်အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်း။” ထိုအခါ ပေတရုက “နာဇရက်မြို့သားယေရှု၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်” ဟုသူတို့ကိုပြောသောအခါ ယေရှု၏နာမကိုယ်စားပြုသော အာဏာနှင့်တန်ခိုးတော်ကို မိမိယုံကြည်အားထားကြောင်း ရဲရင့်စွာဖော်ပြခဲ့သည်။—တမန်တော် ၃:၁-၁၀; ၄:၅-၁၀။

ယေရှု သို့မဟုတ် ကဲသာ၌ယုံကြည်ခြင်းလော

မည်သို့ပင်ဆိုစေ ယေရှု၏နာမ၌ယုံကြည်ကြောင်းပြောဆိုရန် လွယ်ကူမည်မဟုတ်ချေ။ ယေရှုတင်ကူးပြောခဲ့သကဲ့သို့ ကိုယ်တော်၏တပည့်များသည် ‘ကိုယ်တော်၏နာမကြောင့် ခပ်သိမ်းသောလူမျိုးတို့၏မုန်းတီးခြင်းကို’ ခံရကြလိမ့်မည်။ (မဿဲ ၂၄:၉) အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယေရှု၏နာမသည် ဘုရားသခင့်ခန့်အပ်ခံအုပ်စိုးရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ လူခပ်သိမ်းတို့ လက်အောက်ခံသင့်သောသခင်အရာကို ကိုယ်စားပြုရာ ထိုသို့ပြုလုပ်ရန် သူတို့အဆင်သင့်မရှိ၊ ဆန္ဒလည်းမရှိကြသောကြောင့်ဖြစ်သည်။—ဆာလံ ၂:၁-၇။

ယေရှုခေတ်ရှိ ဘာသာရေးခေါင်းဆောင်များသည်လည်း ယေရှုရှေ့လက်အောက်မခံလိုကြချေ။ သူတို့က “အကျွန်ုပ်တို့တွင် ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ” ဟုပြောဆိုကြခြင်းဖြင့် ဘုရားသခင့်သားတော်ကို ငြင်းပယ်ခဲ့ကြ၏။ (ယောဟန် ၁၉:၁၃-၁၅) ယင်းအစား၊ သူတို့သည် ကဲသာနှင့် သူ၏ဧကရာဇ်အစိုးရနာမ—၎င်း၏သြဇာနှင့်အခွင့်အာဏာ—၌ယုံကြည်အားထားကြသည်။ သူတို့၏ရာထူးအဆင့်ကို ဆက်လက်ခံယူထားနိုင်ရန် ယေရှုကိုသတ်ပစ်သင့်သည်ဟူ၍ပင် သူတို့ဆုံးဖြတ်ခဲ့ကြ၏။—ယောဟန် ၁၁:၄၇-၅၃။

ယေရှုသေပြီးနောက် ရာစုနှစ်များစွာအတွင်း ခရစ်ယာန်အမည်ခံသူများစွာသည် ဂျူးဘာသာရေးခေါင်းဆောင်များ၏စိတ်ထားကို ခံယူခဲ့ကြ၏။ ဤခရစ်ယာန်အမည်ခံသူများသည် နိုင်ငံတော်၏အခွင့်အာဏာကို ယုံကြည်အားထားကြပြီး ယင်း၏ပဋိပက္ခများတွင်ပါဝင်ခဲ့ကြသည်။ ဥပမာ၊ ၁၁ ရာစုနှစ်တွင် ချာ့ချ်သည် အားလပ်နေသောစစ်သားများကို မီလစ်ရှာ ခရစ္စတီ သို့မဟုတ် ခရစ်ယာန်သူရဲကောင်းများအဖြစ်ဖွဲ့စည်းပြီးနောက် “တရားမျှတသောစစ်ဆင်နွှဲမှုကို ခရစ်ယာန်ဘောင်၏လောကအာဏာစက်များမှ ဖယ်ရှားလိုက်ပြီး ခရစ်ယာန်သူရဲကောင်းများအားဖြင့် ချာ့ချ်ကလုံးဝတာဝန်ယူလိုက်လေ၏။” (အောက်စ်ဖို့ဒ်ခရစ်ယာန်ဘာသာသမိုင်း) ပုပ်ရဟန်းမင်းများ၏ကြေညာချက်အချို့က ခရူးဆိတ်စစ်သားများစွာတို့အား ခရူးဆိတ်စစ်ပွဲများတွင်ပါဝင်ခြင်းဖြင့် “မိမိတို့သည် ဘုရားသခင်နှင့်စာချုပ်ချုပ်ဆိုခဲ့ကာ ပရဒိသုတွင်နေဖို့သေချာစေသည်” ဟုယုံကြည်စေကြောင်း ယင်းမှတ်တမ်းကထပ်ဆင့်ဖော်ပြ၏။

အချို့က တိုင်းနိုင်ငံများ၏စစ်ပွဲများတွင်ပါဝင်ရုံမက နိုင်ငံရေးလိုက်စားရင်း ယေရှုအားသစ္စာရှိနိုင်ပါသည်ဟု ငြင်းကြပေမည်။ ဆိုးသွမ်းမှုကို တွေ့ရှိသမျှနေရာမှတိုက်ထုတ်ပစ်ခြင်းသည် ခရစ်ယာန်တာဝန်ဖြစ်ပြီး ယင်းကြောင့် လိုအပ်မည်ဆိုလျှင် စစ်တိုက်ရမည်ဟု သူတို့ခံယူထားကြပေမည်။ သို့သော် ကနဦးခရစ်ယာန်များသည် ဤသို့ခံယူခဲ့ပါသလော။

“ရှေးအကျဆုံးသောခရစ်ယာန်တို့သည် စစ်မှုတွင် မပါဝင်ခဲ့ကြချေ” ဟုခရစ်ယာန်ရာစုနှစ်မဂ္ဂဇင်း၏ဆောင်းပါးတစ်ခုကဖော်ပြသည်။ ယင်းက စီ.အီး. ၁၇၀-၁၈၀ ပြည့်နှစ်၏ဆယ်စုအထိ ခရစ်ယာန်များသည် စစ်တပ်တွင်အမှုထမ်းခဲ့သည့် သက်သေအထောက်အထားလုံးဝမရှိချေ။ ထို့နောက် ယင်းဆောင်းပါးက ဤသို့ထပ်ဆင့်တင်ပြသည်– “ခရစ်ယာန်များသည် စစ်မှုထမ်းခြင်းကို တဖြည်းဖြည်းအတိုက်အခံမလုပ်ကြတော့ချေ။”

အကျိုးဆက်များကား အဘယ်နည်း။ ခရစ်ယာန်ရာစုနှစ်ဆောင်းပါးက “ခရစ်ယာန်မဟုတ်သူများကဲ့သို့ စစ်တွင်ပါဝင်ခြင်းထက် ခရစ်ယာန်ဘာသာတရားကို အယုံအကြည်မဲ့စေသော အခြားမည်သည့်လုပ်ရပ်မျှရှိဟန်မတူ” ဟူ၍ဖော်ပြသည်။ “ခရစ်ယာန်များသည် တစ်ဖက်တွင် နူးညံ့သိမ်မွေ့သောကယ်တင်ရှင်ကိုယုံကြည်ပါသည်ဟုဆိုပြီး အခြားတစ်ဖက်တွင်မူ ဘာသာရေး သို့မဟုတ် နိုင်ငံရေးစစ်ပွဲများကို အားပေးထောက်ခံကြခြင်းက ယုံကြည်ခြင်းအတွက် အကြီးအကျယ်ရှုတ်ချပြစ်တင်စရာဖြစ်စေခဲ့ပြီ။”

ကနဦးခရစ်ယာန်များကို ယနေ့အတုယူခြင်း

ကနဦးခရစ်ယာန်များ၏ ကောင်းမွန်သောပုံဥပမာကို အတုယူရန် ယနေ့ခရစ်ယာန်များအတွက် ဖြစ်နိုင်ပါမည်လော။ ဤရာစုနှစ်ရှိ ယေဟောဝါသက်သေများက ဖြစ်နိုင်ကြောင်းကို သက်သေပြခဲ့ကြပြီ။ သူတို့နှင့်ပတ်သက်၍ ဟောလာကော့စ်အက်ဒ်ဂျူဂေးရှင်နယ်လ်ဒိုက်ဂျက်စ်၏ အယ်ဒီတာက ဤသို့သတိပြုစေသည်– “မည်သည့် ယေဟောဝါသက်သေမျှ ဘယ်သောအခါမျှ စစ်တိုက်လိမ့်မည်မဟုတ်။ . . . ကမ္ဘာပေါ် အာဏာရရှိထားသူတိုင်း ဤယုံကြည်ခြင်းမျိုးရှိခဲ့မည်ဆိုလျှင် [ဒုတိယကမ္ဘာစစ်] ဖြစ်ပျက်ခဲ့မည်မဟုတ်ပေ။” မကြာသေးမီက မြောက်ပိုင်းအိုင်ယာလန်တွင် ဖြစ်ပျက်ခဲ့သော ဒေသဆိုင်ရာပဋိပက္ခကဲ့သို့သော တိုက်ပွဲများနှင့်ပတ်သက်၍လည်း အလားတူပင်ဆိုနိုင်ပေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ယေဟောဝါသက်သေတစ်ဦးသည် ဘဲလဖတ်စ်မြို့ရှိ ပရိုတက်စတင့်ရပ်ကွက်တစ်ခုတွင် တစ်အိမ်မှတစ်အိမ်ဟောပြောနေခဲ့သည်။ အိမ်ရှင်တစ်ဦးက ထိုသက်သေခံသည် ယခင်က ကက်သလစ်တစ်ဦးဖြစ်ခဲ့ကြောင်းသိလာသောအခါ ဤသို့မေးသည်– “ကက်သလစ်တစ်ဦးဖြစ်ခဲ့တုန်းက ခင်ဗျား အိုင်အာရ်အေ (အိုင်ယာလန်လွတ်မြောက်ရေးတပ်) ကိုထောက်ခံအားပေးခဲ့သလား။” ထိုသူသည် ကက်သလစ်တစ်ဦးကိုသတ်ရန်သွားနေစဉ် သေနတ်ကိုင်ဆောင်ထားခြင်းကြောင့် အဖမ်းခံရကာထိန်းသိမ်းခံရပြီး မကြာမီကမှလွတ်လာခြင်းဖြစ်ရာ ထိုသူသည် ကြမ်းတမ်းလာနိုင်ကြောင်း သက်သေခံကသိရှိသည်။ သို့နှင့် သက်သေခံက ဤသို့ဖြေ၏– “ကျွန်တော် အခု ကက်သလစ်မဟုတ်တော့ဘူး။ ယေဟောဝါသက်သေတစ်ဦးပါ။ စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးအနေနဲ့ ဘယ်အစိုးရ၊ ဘယ်သူ့အတွက်မှ ကျွန်တော် ဘယ်တော့မှသတ်မှာမဟုတ်ဘူး။” ထိုအခါအိမ်ရှင်က သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး ဤသို့ပြောသည်– “လူသတ်မှုအားလုံးဟာ မှားတယ်။ ခင်ဗျားတို့ မွန်မြတ်တဲ့အလုပ်လုပ်နေကြတယ်။ ဆက်လုပ်ကြပါ။”

ယေရှု၏နာမ၌ ယုံကြည်ခြင်းဟူသည် အဘယ်အရာကိုဆိုလို

သို့ရာတွင် ယေရှု၏နာမ၌ယုံကြည်ခြင်းသည် စစ်မှုရှောင်ကြဉ်ခြင်းထက်မကကို ဆိုလိုသည်။ ခရစ်တော်၏ပညတ်အားလုံးကို လိုက်နာခြင်းဖြစ်သည်။ အမှန်မှာ ယေရှုက “သင်တို့သည်ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏” ဟုမိန့်တော်မူခဲ့ပြီး ကိုယ်တော်၏ပညတ်တစ်ခုကား ကျွန်ုပ်တို့ “အချင်းချင်းချစ်” ကြရန်ဖြစ်သည်။ (ယောဟန် ၁၅:၁၄၊ ၁၇) မေတ္တာသည် သူတစ်ပါးအပေါ်အကျိုးပြုတတ်၏။ လူမျိုးရေး၊ ဘာသာရေးနှင့် လူမှုရေးစိတ်စွန်းကွက်မှုမှန်သမျှကို ပယ်ရှားစေသည်။ ယေရှုကိုယ်တော်တိုင် ပုံသက်သေပြခဲ့၏။

ယေရှုခေတ်ရှိဂျူးတို့သည် ရှမာရိလူမျိုးကို အလွန်မုန်းတီးသည်။ ယင်းနှင့်ခြားနားလျက် ယေရှုသည် ရှမာရိအမျိုးသမီးတစ်ဦးကို စကားပြောဆိုခဲ့ရာ ရလဒ်အနေဖြင့် သူနှင့် အခြားသူများစွာတို့ပါ ကိုယ်တော်၏နာမ၌ ယုံကြည်လာကြသည်။ (ယောဟန် ၄:၃၉) ယေရှုက မိမိ၏တပည့်များသည် “ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” မိမိ၏သက်သေများဖြစ်ကြလိမ့်မည်ဟူ၍လည်း မိန့်တော်မူခဲ့သည်။ (တမန်တော် ၁:၈) ကိုယ်တော်၏ အသက်ပေးသတင်းတရားကို ဂျူးများအတွက်သာ ကန့်သတ်ထားသည်မဟုတ်။ သို့ဖြစ်၍ ပေတရုသည် ရောမတပ်မှူးကော်နေလိထံသို့ လည်ပတ်ရန်ညွှန်ကြားခံခဲ့ရ၏။ လူမျိုးခြားတစ်ဦးထံသွားရောက်လည်ပတ်ခြင်းသည် ဂျူးတစ်ဦးအတွက် တရားမဝင်သော်လည်း “ညစ်ညူးသည်မစင်ကြယ်ဟု အဘယ်သူကိုမျှမခေါ်ရ” ကြောင်း ပေတရုကို ဘုရားသခင်ဖော်ပြခဲ့သည်။—တမန်တော် ၁၀:၂၈။

ယေရှုကိုအတုယူ၍ ယေဟောဝါသက်သေများသည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ စီးပွားရေးနောက်ခံရှိသူဖြစ်ပါစေ လူသားအပေါင်းကို ယေရှု၏နာမဖြင့်ရရှိမည့်ကယ်တင်ခြင်းအကြောင်း သင်ယူကြရန် ကူညီပေးဖို့အသင့်ရှိကြသည်။ ယေရှု၏နာမ၌ယုံကြည်ခြင်းက သူတို့အား ‘သခင်ယေရှုကို လူအများရှေ့ နှုတ်ဖြင့်ဝန်ခံရန်’ စေ့ဆော်ပေးသည်။ (ရောမ ၁၀:၈၊ ၉) အသင်လည်း ယေရှု၏နာမ၌ယုံကြည်တတ်လာရန် သူတို့၏အကူအညီကိုလက်ခံပါဟု ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

ယေရှု၏နာမက ဂုဏ်တင်ခြင်း၊ လေးစားခြင်းနှင့် နာခံခြင်းခံစားချက်များကို အမှန်ပင်လှုံ့ဆော်စေသင့်သည်။ တမန်တော်ပေါလုက ဤသို့ဖော်ပြသည်– “ကောင်းကင်သတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍၊ ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။” (ဖိလိပ္ပိ ၂:၁၀၊ ၁၁) မြေကြီးပေါ်နေထိုင်သူ အများစုသည် ယေရှု၏အုပ်ချူပ်မှုကို လက်အောက်မခံလိုကြဦးတော့ လူသားအပေါင်းတို့ ထိုသို့ပြုလုပ်လျှင်ပြုလုပ်၊ မလုပ်လျှင်ဖယ်ရှားခံရမည့်အချိန်နီးပြီဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (၂ သက်သာလောနိတ် ၁:၆-၉) သို့ဖြစ်၍ ယခုအချိန်သည် ယေရှု၏ပညတ်များအားလုံးကို လိုက်လျှောက်ခြင်းဖြင့် ကိုယ်တော်၏နာမ၌ ယုံကြည်ခြင်းရှိရန်အချိန်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်သိသင့်သောအချက်အလက်များအတွက် ၁၉၈၄ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာနိုင်ငံမှထုတ်ဝေသည့် ထာဝစဉ်တည်တံ့သွားမည့်မြင့်မြတ်သောနာမတော်ဘရိုရှာ၊ စာမျက်နှာ ၂၈-၃၁ ရှု။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေရှု၏နာမ၌ သတ်ဖြတ်ခဲ့သူ၊ အသတ်ခံခဲ့ရသူ သန်းပေါင်းများစွာရှိ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် လူမျိုးရေးစိတ်စွန်းကွက်မှု မရှိခဲ့ချေ။ အသင်ကော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ