ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၅/၁၅ စာ. ၁၄-၁၅
  • ‘ကြည့်လိုက်ပါ! လူအုပ်ကြီး!’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကြည့်လိုက်ပါ! လူအုပ်ကြီး!’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြာမြင့်ပြီဖြစ်သည့်အမေး
  • အလင်းရောင်ခြည်တန်းများ တိုးများလာ
  • သိနားလည်မှု ထွန်းလင်းတောက်ပခြင်း
  • မှတ်သားဖွယ်ရောက်ရှိခြင်း
  • ဧရာမ လူအုပ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဘုရားသခင်နဲ့ ခရစ်တော်ကို တခြားသိုးအဝင် လူအုပ်ကြီး ချီးမွမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • “လူအုပ်ကြီးတစ်အုပ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ဘုရင်က နိုင်ငံတော်အပေါ်အလင်းဖြာပေး
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၅/၁၅ စာ. ၁၄-၁၅

ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်

‘ကြည့်လိုက်ပါ! လူအုပ်ကြီး!’

ယင်းသည် ယေဟောဝါ၏ကျေးကျွန်များ ဆယ်စုနှစ်ချီ၍ ဇဝေဇဝါဖြစ်ခဲ့ရသော မေးခွန်းတစ်ခုဖြစ်သည်။ ၎င်းကို ကျမ်းစာအရ ဖြေဆိုရန် ကြာမြင့်စွာကတည်းက ကြိုးစားခဲ့ကြသည်။ ဤအကြောင်းကို ဆွေးနွေးမှုများစွာ ပြုလုပ်ကြသည်။ သို့သော် နောက်ဆုံးတွင် ကျမ်းစာအဖြေကိုတွေ့ ရှိပြီး ယင်းက ၁၉၃၅ ခုနှစ်၌ ဝါရှင်တန်၊ ဒီ.စီ. တွင်ကျင်းပသည့် စည်းဝေးကြီးပရိသတ်ကို အကြီးအကျယ်စိတ်လှုပ်ရှားစေခဲ့သည်။

ဆွေးနွေးမှုတိုင်းတွင် အဓိကအားဖြင့် ဗျာဒိတ် ၇:၉ ပါ “အုပ်စုကြီး” (ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း)၊ သို့မဟုတ် “လူအုပ်ကြီး” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ကားမည်သူနည်းအကြောင်းဖြစ်သည်။ ယုံကြည်သူဤအုပ်စုသည် ကောင်းကင်တွင် နေထိုင်ကြမည်လော။

ကြာမြင့်ပြီဖြစ်သည့်အမေး

တမန်တော်ယောဟန်ခေတ်မှစ၍ ကျွန်ုပ်တို့ခေတ်တိုင်အောင် ခရစ်ယာန်များသည် “အုပ်စုကြီး” ကားမည်သူမည်ဝါဖြစ်ကြောင်းကို ဇဝေဇဝါဖြစ်ခဲ့ကြသည်။ ကျမ်းစာကျောင်းသားများက လူအုပ်ကြီးသည် ကျမ်းစာအမှန်တရားအသိပညာရှိကြသော်လည်း ယင်းကို ကြိုးစားဖြန့်ဖြူးခြင်းမရှိလှသည့် ကောင်းကင်သွားမည့် ဒုတိယအတန်းအစားအဖွဲ့အဖြစ် ရှုမြင်ခဲ့ကြသည်။

သို့သော် ဟောပြောခြင်းလုပ်ငန်းကို ဇွဲရှိရှိလုပ်ဆောင်လာကြသည့် ဘိသိက်ခံခရစ်ယာန်များ၏ အပေါင်းအဖော်အချို့ရှိသည်။ သူတို့သည် ကောင်းကင်တက်ရန် ဆန္ဒမရှိကြချေ။ အမှန်မှာ ဤသူတို့သည် ၁၉၁၈ မှ ၁၉၂၂ ခုနှစ်အထိ ယေဟောဝါ၏လူမျိုးတင်ဆက်သော “ယနေ့အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့” ဟူသည့် လူထုဟောပြောချက်နှင့်အညီ မျှော်လင့်ခဲ့ကြသည်။ ဤသူတို့သည် မြေကြီးပေါ်တွင် ထာဝရအသက်ရမည့်ကောင်းချီးကို ရရှိကြမည်ဖြစ်သည်။

၁၉၂၃၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် တွင်ယေရှု၏သိုးနှင့်ဆိတ်ပုံဥပမာကို ဤသို့ဆွေးနွေးတင်ပြသည်– “သိုးများသည် ဝိညာဉ်တော်ဖွားများမဟုတ်ဘဲ ဖြောင့်မတ်ခြင်းတရားဘက် စိတ်တိမ်းညွတ်သော၊ ယေရှုခရစ်ကို သခင်အဖြစ် စိတ်ထဲတွင်အသိအမှတ်ပြုကြပြီး ကိုယ်တော့်အုပ်စိုးမှုအောက်၌ ခေတ်ကောင်းကို စောင့်မျှော်ကြသော လူမျိုးအသီးသီးမှ လူခပ်သိမ်းတို့ကို ကိုယ်စားပြုသည်။”—မဿဲ ၂၅:၃၁-၄၆။

အလင်းရောင်ခြည်တန်းများ တိုးများလာ

၁၉၃၁ ခုနှစ်တွင် သင်္ကာယနကင်းရှင်းခြင်း ပထမတွဲ [လိပ်] ၌ယေဇကျေလအခန်းကြီး ၉ ကိုဆွေးနွေး၍ ကမ္ဘာကုန်ဆုံးချိန်တွင် အသက်ချမ်းသာရရန် နဖူးတွင်အမှတ်တင်ခံရသူများသည် ယေရှု၏ပုံဥပမာမှ သိုးများဖြစ်သည်ဟုဖော်ပြ၏။ သင်္ကာယနကင်းရှင်းခြင်း တတိယတွဲ (၁၉၃၂ တွင်ထုတ်ဝေသော) စာအုပ်က ဣသရေလလူမျိုးမဟုတ်သူ ယောနဒပ်၏ဖြောင့်မတ်သောစိတ်သဘောထားကို ဖော်ပြကာ သူသည် ဣသရေလလူတို့၏ ဘိသိက်ခံဘုရင်ယေဟု၏ရထားပေါ်လိုက်၍ မှားယွင်းသောဝတ်ပြုသူများကို ကွပ်မျက်ခြင်း၌ ယေဟု၏စိတ်ထက်သန်မှုကို လိုက်ပါကြည့်ရှုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၅-၂၈) ထိုစာအုပ်က ဤသို့ဆိုသည်– “ယောနဒပ်သည် စာတန့်အဖွဲ့အစည်းနှင့်မကိုက်ညီသော ဖြောင့်မတ်ခြင်းတရားဘက်ရပ်တည်သူ၊ အာမဂေဒုန်တွင် သခင်အရှင်၏စောင့်ရှောက်မှုကိုခံရ၍ ကြီးစွာသောဆင်းရဲခြင်းကိုကပ်ကျော်ကာ မြေကြီးပေါ်တွင် ထာဝရအသက်ရရှိမည့် ယခု မြေကြီးပေါ်ရှိလူတန်းစားကို တင်ကူးပုံဆောင်သည်။ ဤသူတို့သည် ‘သိုး’ အတန်းအစားအဖြစ် ဖွဲ့စည်းထားသည်။”

၁၉၃၄ ခုနှစ်မှကင်းမျှော်စင်က မြေကြီးမျှော်လင့်ချက်ရှိသော ခရစ်ယာန်များသည် ယေဟောဝါထံ ဆက်ကပ်အပ်နှံနှစ်ခြင်းခံသင့်သည်ဟု ရှင်းလင်းစွာဖော်ပြ၏။ ဤမြေကြီးအတန်းအစားနှင့်ပတ်သက်သော အလင်းသည် ပို၍ပင်ထွန်းလင်းလာခဲ့သည်မှာအမှန်ပင်!—သု. ၄:၁၈။

သိနားလည်မှု ထွန်းလင်းတောက်ပခြင်း

ဗျာဒိတ် ၇:၉-၁၇ ကိုသိနားလည်ခြင်းသည် ဝင်းလက်စွာထွန်းလင်းတောက်ပတော့အံ့။ (ဆာလံ ၉၇:၁၁) ၁၉၃၅၊ မေ ၃၀ မှဇွန် ၃ ရက်အထိ ယူ.အက်စ်.အေ.၊ ဝါရှင်တန် ဒီ.စီ. မြို့တွင်ကျင်းပရန် စီစဉ်ထားသောစည်းဝေးကြီးသည် ယောနဒပ်ဖြင့်ပုံခိုင်းထားသူများအဖို့ “တကယ့်နှစ်သိမ့်မှုနှင့်အကျိုးကျေးဇူး” ဖြစ်မည်ဟုမျှော်လင့်ကြောင်း ကင်းမျှော်စင် ကဖော်ပြသည်။ ထိုအတိုင်းပင်ဖြစ်ခဲ့သတည်း!

ပရိသတ် ၂၀,၀၀၀ ခန့်အား ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ဟောခဲ့သည့် “အုပ်စုကြီး” ဟူသော စိတ်တက်ကြွဖွယ်ဟောပြောချက်က ခေတ်သစ် “အခြားသိုးများ” သည်ဗျာဒိတ် ၇:၉ မှ “လူအုပ်ကြီး” ပင်ဖြစ်ကြောင်း ကျမ်းစာအထောက်အထားဖြင့် တင်ပြခဲ့သည်။ (ယောဟန် ၁၀:၁၆) ဟောပြောချက်နိဂုံး၌ ဟောပြောသူက “မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူအားလုံး ကျေးဇူးပြု၍မတ်တတ်ရပ်ကြပါ” ဟူ၍ မေတ္တာရပ်ခံခဲ့ရာ ပရိသတ်အများစုက မတ်တတ်ရပ်လိုက်စဉ် ရပ်သဖော့ဒ်က “ကြည့်လိုက်ပါ! အုပ်စုကြီး!” ဟုကြေညာလေသည်။ ခေတ္တမျှငြိမ်ကျသွားပြီးနောက် ဩဘာသံများကျွက်ကျွက်ညံသွားခဲ့သည်။ နောက်တစ်နေ့၌ ယေဟောဝါသက်သေသစ်လွင် ၈၄၀ နှစ်ခြင်းခံကြရာ အများစုက လူအုပ်ကြီးတွင်ပါဝင်သူများဖြစ်ကြောင်း ဝန်ခံကြလေ၏။

မှတ်သားဖွယ်ရောက်ရှိခြင်း

၁၉၃၅ ခုနှစ်မတိုင်မီက ကျမ်းစာသတင်းကိုတုံ့ပြန်၍ သတင်းကောင်းဟောပြောခြင်း၌ စိတ်ထက်သန်မှုပြသခဲ့ကြသူများ၏အရေအတွက်သည် တိုးများလာ၍ ဤသူတို့က မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် စိတ်ဝင်စားကြသည်။ ဘုရားသခင်သည် သူတို့ကို ကောင်းကင်မျှော်လင့်ချက် မပေးသဖြင့် ဤသူတို့သည် ကောင်းကင်သွားရန် ဆန္ဒမရှိကြချေ။ သူတို့ကိုယ်ကို အခြားသိုးမှလူအုပ်ကြီးဖြစ်ကြောင်း ဖော်ပြကြခြင်းက ၁၉၃၅ ခုနှစ်တွင် ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ ၏ခေါ်တော်မူခြင်းသည် ပြည့်လုနီးပါးရှိသည်ဟု ထင်ရှားစေသည်။—ဗျာဒိတ် ၇:၄။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားသောအခါ လူအုပ်ကြီးတွင်ပါဝင်သူများကို စုသိမ်းခြင်းရပ်တန့်သွားရန် စာတန်သည် အကြိတ်အနယ်ကြိုးစားအားထုတ်ခဲ့သည်။ နိုင်ငံများစွာတို့၌ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံရ၏။ ဆိုးရွားသော ထိုနေ့ရက်များအတွင်းနှင့် ၁၉၄၂၊ ဇန်နဝါရီလတွင် ဂျေ. အက်ဖ်. ရပ်သဖော့ဒ် မကွယ်လွန်မီကလေး၌ သူဤသို့ပြောသည်– “နောက်ဆုံးတော့ အုပ်စုကြီးဟာ ဒီလောက်ကြီးလာမယ့်ပုံမရပါလား။”

သို့ရာတွင် ဘုရားသခင့်ကောင်းချီးကြောင့် တစ်မျိုးတစ်မည်ပြောင်းလဲသွားလေပြီ။ ‘ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်သော’ ဘိသိက်ခံနှင့် သူတို့၏အပေါင်းအဖော် အခြားသိုးသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ပြည့်စုံစေလျက်ရှိသည်။ (ကောလောသဲ ၄:၁၂; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ၁၉၄၆ ခုနှစ်တိုင်လေသော် ကမ္ဘာတစ်ဝန်းတွင် ဟောပြောလျက်ရှိသည့် ယေဟောဝါသက်သေများအရေအတွက်မှာ ၁၇၆,၄၅၆ ယောက်ရှိခဲ့သည်—အများစုမှာ လူအုပ်ကြီးဝင်များဖြစ်ကြသည်။ ၂၀၀၀ ပြည့်နှစ်၌သက်သေခံ ၆,၀၀၀,၀၀၀ ကျော်သည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေကြလေသည်။ တကယ့်ကိုလူအုပ်ကြီးပင်! ဤအရေအတွက်မှာ ဆက်၍တိုးတက်လျက်ရှိ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ