ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၀/၁၅ စာ. ၂၇
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးရောနှောမှုကို ဘုရားသခင် လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယုံကြည်ချက်ရောနှောခြင်းကို ယေဟောဝါသက်သေများ မည်သို့ရှုမြင်ကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၀/၁၅ စာ. ၂၇

စာရှုသူများထံမှမေးခွန်းလွှာ

တခြားဘာသာရေးအဖွဲ့မှ အဆောက်အအုံတစ်ခုကို ဝယ်ယူ၍ ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် ပြုပြင်အသုံးပြုခြင်းသည် ယုံကြည်ခြင်း ရောနှောရာကျမည်လော။

အများအားဖြင့်ဆိုလျှင် ယေဟောဝါသက်သေများသည် တခြားဘာသာရေးအဖွဲ့များနှင့် ဤသို့အရောင်းအဝယ်ပြုခြင်းကို ရှောင်ရှားကြသည်။ သို့တိုင် ထိုသို့ပြုခြင်းသည် ယုံကြည်ခြင်းရောနှောရာမကျပေ။ ယင်းကို တစ်ကြိမ်သာပြုလုပ်သည့် ရောင်းဝယ်ခြင်းကိစ္စအဖြစ် ရှုမြင်နိုင်သည်။ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်သည် ဝတ်ပြုရာအဆောက်အအုံတစ်ခုကို တခြားဘာသာရေးအဖွဲ့ နှင့် ပူးတွဲအသုံးပြုရန် စီစဉ်နေခြင်းမဟုတ်ချေ။

ယေဟောဝါ၏အမြင်၌ အဘယ်အရာသည် ယုံကြည်ခြင်းရောနှောခြင်းဖြစ်သနည်း။ တမန်တော်ပေါလု၏ ဤလမ်းညွှန်ချက်ကို သုံးသပ်ကြည့်ပါ– “မယုံကြည်သောသူတို့ နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။ ဘုရားသခင်၏ဗိမာန်တော်သည် . . . တို့ နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ . . . ထာဝရဘုရားမိန့်တော်မူပြန်သည်ကား ‘သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။’” (၂ ကောရိန္သု ၆:၁၄-၁၇) “လက်ခံ” ခြင်းနှင့် “ဆက်ဆံ” ခြင်းဟု ပေါလုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။

ပေါလုဖော်ပြသည့် လက်ခံခြင်းတွင် မယုံကြည်သူများနှင့်အတူ ဝတ်ပြုခြင်း၊ ဝိညာဉ်ရေးအရ ပေါင်းသင်းခြင်းတို့ ပါဝင်ကြောင်း ထင်ရှားပါသည်။ ‘နတ်ဆိုးတို့၏စားပွဲတွင် ဝင်စားခြင်း’ ကိုရှောင်ကြဉ်ရန် ကောရိန္သုမြို့သားများကို ပေါလုသတိပေးခဲ့၏။ (၁ ကောရိန္သု ၁၀:၂၀၊ ၂၁) သို့ဖြစ်၍ ယုံကြည်ခြင်းရောနှောခြင်းဟူသည် တခြားဘာသာရေးအဖွဲ့အစည်းများ၏ ဝတ်ပြုရေးတွင် ပါဝင်ခြင်း၊ ဝိညာဉ်ရေးအရ ပေါင်းသင်းခြင်းတို့ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၅; ၂၃:၁၃; ၃၄:၁၂) ဘာသာရေးအဖွဲ့အစည်းတစ်ခုက အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုကို ဝယ်ယူခြင်းသည် ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် အသုံးပြုရန် လိုအပ်သော အဆောက်အအုံတစ်ခုကို ဝယ်ယူလိုက်ခြင်းမျှဖြစ်၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် အသုံးမပြုမီ ၎င်းတွင်ရှိ မှားယွင်းသောဝတ်ပြုရေးနှင့်ဆိုင်သော ပစ္စည်းတစ်ခုမကျန် ဖယ်ရှင်းပစ်မည်ဖြစ်သည်။ ထိုသို့ပြုပြင်ပြောင်းလဲပြီးနောက် ၎င်းအဆောက်အအုံကို ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆက်ကပ်အပ်နှံပါသည်။ စစ်မှန်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေး ရောနှောခြင်း၊ လက်ခံဆက်ဆံခြင်း လုံးဝမရှိချေ။

ဤဝယ်ယူခြင်းကိစ္စနှင့်စပ်လျဉ်း၍ ရောင်းသူနှင့် အသေးစိတ်ဆွေးနွေးသောအခါ အခြားတစ်ဖက်နှင့်တွေ့ဆုံမှုကို မတာရှည်စေသင့်ဘဲ စီးပွားရေးသက်သက်ဖြစ်သင့်သည်။ ခရစ်ယာန်အသင်းသားများသည် “မယုံကြည်သောသူတို့ နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို” မထမ်းမိရန် ပေါလု၏သတိပေးချက်ကို စိတ်စွဲမှတ်ထားသင့်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမတူသူများထက် ထူးမြတ်သည်ဟု မယူမှတ်ကြသော်လည်း သူတို့ နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ သူတို့၏ဝတ်ပြုရေးတွင် ရောနှောပါဝင်ခြင်းတို့ကို ရှောင်ရှားကြပါမည်။a

အသင်းတော်တစ်ခုက ဘာသာရေးအဖွဲ့အစည်းတစ်ခုပိုင်ဆိုင်သော အဆောက်အအုံတစ်ခုကို ငှားရမ်းအသုံးပြုခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ငှားရမ်းရာတွင် သူတို့ နှင့် ပုံမှန်ဆက်သွယ်မှု ပြုလုပ်ရလေ့ရှိရာ ယင်းကို ရှောင်ရမည်ဖြစ်သည်။ ဤသို့သောအဆောက်အအုံကို တစ်ကြိမ်တစ်ခါအတွက်သာ ငှားရမ်းလျှင်ပင် အကြီးအကဲအဖွဲ့သည် အောက်ပါမေးခွန်းများကို သုံးသပ်သင့်၏– အဆောက်အအုံ၏ အတွင်းအပြင်တွင် . . . များနှင့် ဘာသာရေးသင်္ကေတများရှိသလော။ ဤသို့သောအဆောက်အဦကို ကျွန်ုပ်တို့အသုံးပြုခြင်းအပေါ် ရပ်ကွက်က မည်သို့ရှုမြင်မည်နည်း။ ဤအဆောက်အအုံကို ကျွန်ုပ်တို့ အသုံးပြုခြင်းအားဖြင့် အသင်းတော်မှ တစ်ဦးတစ်ယောက် ထိမိလဲစရာဖြစ်မည်လော။ (မဿဲ ၁၈:၆; ၁ ကောရိန္သု ၈:၇-၁၃) အကြီးအကဲများသည် အဆိုပါအချက်များကို ဝေဖန်သုံးသပ်ပြီး ယင်းနှင့်အညီ ဆုံးဖြတ်ကြပါမည်။ ဤသို့သောအဆောက်အအုံမျိုးကို ဝယ်ယူ၍ ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် ပြုပြင်အသုံးပြုနိုင်မနိုင် ဆုံးဖြတ်ရာတွင် အကြီးအကဲများသည် မိမိတို့ နှင့် အသင်းသားများ၏ ကိုယ်ကိုကိုယ်သိသောစိတ်ကိုပါ ထည့်တွက်ဆုံးဖြတ်ရပေမည်။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါမနှစ်သက်သော အဖွဲ့အစည်းများနှင့် လျောက်ပတ်စွာ စီးပွားရေးလုပ်ခြင်းအကြောင်းကို ၁၉၉၉ ခု၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈ နှင့် ၂၉ တွင်ရှုပါ။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဂျူးဘုရားရှိခိုးကျောင်းဖြစ်ခဲ့သော ဤအဆောက်အအုံကို ဝယ်ယူ၍ ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် ပြုပြင်မွမ်းမံခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ