ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၅၅
  • ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေဟာ တခြားဘာသာဝင်တွေနဲ့ စကားလက်ဆုံ ပြောကြသလား
  • ဘာသာရေးရောနှောမှုကို ဘုရားသခင် လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယုံကြည်ချက်ရောနှောခြင်းကို ယေဟောဝါသက်သေများ မည်သို့ရှုမြင်ကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၅၅
ကိုးကွယ်ယုံကြည်မှုနဲ့အညီ ဝတ်စားဆင်ယင်ထားသူတွေ

ယေဟောဝါသက်သေတွေက ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းသလား

ယေဟောဝါသက်သေတွေက ဘာသာတရားအမျိုးမျိုးက လူတွေနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးရတာ သဘောကျပေမဲ့ ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းပါဝင်တာမျိုး၊ ဘာသာရေးယုံကြည်ချက်မတူသူတွေနဲ့ အတူဝတ်ပြုဆုတောင်းတာမျိုး မလုပ်ကြဘူး။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ “စိတ်သဘော တညီတညွတ်တည်း” ရှိတယ်လို့ ကျမ်းစာဆိုတယ်။ ဒီလိုညီညွတ်နိုင်တာ ယုံကြည်ချက်တူညီလို့ပါ။ (ဖိလိပ္ပိ ၂:၂။ ဧဖက် ၄:၁၆။ ၁ ကောရိန္သု ၁:၁၀) ချစ်ခြင်း၊ သနားကြင်နာခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့အရည်အသွေးတွေကို တန်ဖိုးထားတာချင်း တူညီတယ်။ အရေးကြီးဆုံးက ဘာသာရေးယုံကြည်ချက်တွေကို ကျမ်းစာထဲက တိကျမှန်ကန်တဲ့ အသိပညာပေါ် အခြေခံတာချင်း တူညီတယ်။ ကျမ်းစာအပေါ်သာ အခြေမခံရင် ကျွန်တော်တို့ရဲ့ ယုံကြည်ချက် အချည်းနှီးဖြစ်သွားပါလိမ့်မယ်။—ရောမ ၁၀:၂၊ ၃။

ယုံကြည်ချက်မတူသူတွေနဲ့အတူ ဝတ်ပြုကိုးကွယ်တာကို ကျမ်းစာက ဘက်မညီတဲ့ ထမ်းပိုးထမ်းတာနဲ့ နှိုင်းယှဉ်ထားတယ်။ ခရစ်ယာန်တစ်ဦးရဲ့ ယုံကြည်ခြင်းကို ထိခိုက်စေနိုင်လို့ပါ။ (၂ ကောရိန္သု ၆:၁၄-၁၇) ဒါကြောင့် ယေရှုက တပည့်တွေကို ယုံကြည်ခြင်းမတူသူတွေနဲ့အတူ ဝတ်ပြုကိုးကွယ်ခွင့် မပြုခဲ့ဘူး။ (မဿဲ ၁၂:၃၀။ ယောဟန် ၁၄:၆) ရှေးခေတ်အစ္စရေးတွေကို ပတ်ဝန်းကျင်လူမျိုးတွေရဲ့ ဝတ်ပြုမှုမှာ မပါဝင်ဖို့ မောရှေပညတ်မှာလည်း ဘုရားသခင် မှာကြားခဲ့တယ်။ (ထွက်မြောက်ရာ ၃၄:၁၁-၁၄) နောက်ပိုင်းမှာ သစ္စာရှိအစ္စရေးတွေက ယုံကြည်ခြင်းမတူသူတွေရဲ့ အကူအညီကို ငြင်းပယ်ခဲ့တယ်။ ဘာသာရေးယုံကြည်ချက် ရောနှောတာတွေ ဖြစ်လာမှာစိုးလို့ပါ။—ဧဇရ ၄:၁-၃။

ယေဟောဝါသက်သေတွေဟာ တခြားဘာသာဝင်တွေနဲ့ စကားလက်ဆုံ ပြောကြသလား

ပြောကြပါတယ်။ ကျွန်တော်တို့လည်း တမန်တော်ပေါလုလိုပဲ “လူများနိုင်သမျှ များများ” ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကို စိတ်ဝင်စားပါတယ်။ (၁ ကောရိန္သု ၉:၁၉-၂၂) သူတို့နဲ့ စကားပြောဆိုတဲ့အခါ ကျမ်းစာမိန့်မှာတဲ့အတိုင်း ‘အလွန်လေးစားတဲ့သဘောနဲ့’ ပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—၁ ပေတရု ၃:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ