ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော့်အမျက်တော်နေ့မရောက်မီ ယေဟောဝါကိုရှာကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အမျက်တော်နေ့ မရောက်လာခင် ယေဟောဝါကို ရှာပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • “ဒုက္ခကာလ” ကိုမည်သူ လွတ်မြောက်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “နူးညံ့သိမ်မွေ့သောသူအပေါင်းတို့ ယေဟောဝါကို ရှာကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ဇေဖနိ ၂:၃ [ကဘ] ပါ “တွေ့ ကောင်းတွေ့ ကြလိမ့်မည်” ဟူသည့် စကားလုံးက ဘုရားသခင့်ကျေးကျွန်များသည် ထာဝရအသက်ရဖို့ မသေချာနိုင်ဟု ဆိုလိုပါသလော။

အဆိုပါကျမ်းချက်က ဤသို့ဆိုသည်– “ကိုယ်တော်၏တရားစီရင်ချက်အတိုင်းကျင့်သည့် မြေကြီးပေါ်ရှိ နူးညံ့သိမ်မွေ့သောသူအပေါင်းတို့ ယေဟောဝါကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ ခြင်းကို ရှာကြလော့။ ယေဟောဝါအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ ကြလိမ့်မည်။” ဤအခန်းငယ်က “တွေ့ကောင်းတွေ့ ကြလိမ့်မည်” ဟု အဘယ်ကြောင့်ဆိုသနည်း။

အာမဂေဒုန်တွင် မိမိအပေါ်သစ္စာတည်ကြည်သူတို့အား ယေဟောဝါ အဘယ်သို့ဆက်ဆံမည်ကို သဘောပေါက်ရန် ထိုတရားစီရင်ရာနေ့မတိုင်မီ သေဆုံးသွားကြသူတို့အတွက် ဘုရားသခင်အဘယ်အရာလုပ်ဆောင်မည့်အကြောင်း ကျမ်းစာသွန်သင်ချက်ကို ပြန်ပြောင်းသုံးသပ်ခြင်းသည် အထောက်အကူပြုပေမည်။ လူတချို့သည် ကောင်းကင်တွင် ဝိညာဉ်သတ္တဝါများအဖြစ် မသေနိုင်သည့်အသက်တာဖြင့် ထမြောက်ကြပါလိမ့်မည်၊ အခြားသူတို့မှာမူ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည့်မျှော်လင့်ချက်ဖြင့် မြေကြီးပေါ်သို့ ထမြောက်လာကြလိမ့်မည်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉; ၁ ကောရိန္သု ၁၅:၅၃၊ ၅၄) အာမဂေဒုန်မတိုင်မီ သေဆုံးသွားကြသည့် ယေဟောဝါအပေါ်တည်ကြည်သူများကို ကိုယ်တော်သတိရတော်မူပြီး ဆုချတော်မူသည်ဆိုလျှင် ကိုယ်တော့်အမျက်ထွက်ရာနေ့တွင် အသက်ရှင်ကျန်ရစ်ကြသည့် ကျေးကျွန်များကို အလားတူဆက်ဆံတော်မူမည်မှာ သေချာပါသည်။

တမန်တော်ပေတရု၏ မှုတ်သွင်းခံစကားများကလည်း အားရှိစရာပင်။ သူ ဤသို့ရေးသားခဲ့၏– ‘[ဘုရားသခင်] သည် ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့်လူခုနစ်ယောက်ကို စောင့်ရှောက်ကွယ်ကာတော်မူ၍ ဘုရားသခင်ကိုမသိသော လောကသားအပေါင်းတို့အား ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ပြာဖြစ်အောင် ဖြိုဖျက်ခြင်းဒဏ်စီရင်တော်မူသဖြင့် ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ၏။ ဘုရားသခင်ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မထီမဲ့မြင်ပြုသောသူတို့အား တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း ယေဟောဝါသည် တတ်နိုင်တော်မူ၏။’ (၂ ပေတရု ၂:၅-၁၀၊ သမ္မာ) ယေဟောဝါသည် အတိတ်က ဆိုးယုတ်သူများကို ဖျက်ဆီးခဲ့သော်လည်း မိမိ၏အမှုတော်ကို တည်ကြည်စွာ ထမ်းဆောင်ခဲ့သည့် နောဧနှင့်လောတ နှစ်ဦးစလုံးကိုမူ အသက်ချမ်းသာပေးခဲ့သည်။ အာမဂေဒုန်တွင် ဆိုးယုတ်သူများကိုဖျက်ဆီးသည့်အခါ ဘုရားသခင်ဝတ်၌မွေ့လျော်သူတို့ကို ယေဟောဝါ ကယ်လွှတ်တော်မူလိမ့်မည်။ ဖြောင့်မတ်သူ “လူအုပ်ကြီး” သည် ကပ်ကျော်ကြပါလိမ့်မည်။—ဗျာ. ၇:၉၊ ၁၄၊ ကဘ။

သို့ဖြစ်၍ ဘုရားသခင်၏မျက်နှာသာရသူတို့ကို ကိုယ်တော်ကာကွယ်ပေးနိုင်စွမ်းရှိမရှိ မသေချာသည့်အတွက် ဇေဖနိ ၂:၃ တွင် “တွေ့ကောင်းတွေ့ ကြလိမ့်မည်” ဟူ၍ ဆိုထားခြင်း ဖြစ်ပုံမရချေ။ သို့အစား လူတစ်ဦးသည် ဖြောင့်မတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ ခြင်းကို စတင်ရှာဖွေမှသာ ယေဟောဝါအမျက်ထွက်ရာနေ့တွင် ပုန်းရှောင်ရာကို သူတွေ့ နိုင်ခြေရှိသည်။ ကာကွယ်စောင့်ရှောက်ခံရခြင်းသည် နူးညံ့သိမ်မွေ့ ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဆက်၍ရှာဖွေနေခြင်းအပေါ် မူတည်ပါသည်။—ဇေဖနိ ၂:၃။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘ဘုရားသခင်ဝတ်၌မွေ့လျော်သောသူတို့ကိုစုံစမ်းခြင်းအထဲက ကယ်နုတ်ခြင်းငှာ ယေဟောဝါတတ်နိုင်တော်မူ၏’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ