ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၁၂/၁၅ စာ. ၃-၄
  • ရက်စက်ကြမ်းတမ်းသောလောကတွင် ထောက်ထားစာနာမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရက်စက်ကြမ်းတမ်းသောလောကတွင် ထောက်ထားစာနာမှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • “ကြင်နာသနား” ခြင်း ရှိကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • နူးညံ့စွာထောက်ထားကြင်နာလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၁၂/၁၅ စာ. ၃-၄

ရက်စက်ကြမ်းတမ်းသောလောကတွင် ထောက်ထားစာနာမှု

ဘရွန်ဒီနိုင်ငံရှိလူတစ်ယောက်သည် ငှက်ဖျားရောဂါနှင့် အသည်းအသန်ဖျားနေသည်။ သူ့ကို ဆေးရုံပို့ရန် အရေးတကြီးလိုအပ်နေသည်။ သို့သော် မည်သို့ပို့ရမည်နည်း။ သူ့ကိုခေါ်သွားရန် ကားတစ်စီးမျှမရှိ။ သူ၏အရင်းနှီးဆုံးမိတ်ဆွေနှစ်ယောက်သည် သူ့ကိုကူညီပေးဖို့ ရောက်လာကြ၏။ သူ့ကို စက်ဘီးပေါ်တင်ပြီး တောင်ထူထပ်သောနယ်မြေတွင် အလွန်ခက်ခဲစွာ ငါးနာရီကြာ သူ့ကို တွန်းသွားကြသည်။ သူ့ကို ကားပေါ်တင်ပြီး အနီးဆုံးဆေးရုံသို့ ပို့လိုက်သည်။ ရက်အနည်းငယ်အကြာတွင် သိသိသာသာကောင်းမွန်လာတော့၏။

ကမ္ဘာ့တစ်ဖက်ခြမ်းတွင် ၂၀၀၅၊ ဩဂုတ်လ၌ အမေရိကန်ပြည်ထောင်စု၏ပင်လယ်ကွေ့ဒေသကို သိမ်းရုံးဖျက်ဆီးလိုက်သော ဟာရီကိန်းကက်ထရီနာ တိုက်ခိုက်သွားပြီးနောက် စေတနာ့ဝန်ထမ်းအုပ်စုတစ်စုသည် လဲကျနေသောသစ်ပင်များအောက် ပိနေသည့်အိမ်တစ်လုံးကို တွေ့ရှိခဲ့ကြသည်။ အိမ်ရှင်အတွက် သူစိမ်းသက်သက်ဖြစ်ကြသော စေတနာ့ဝန်ထမ်းများသည် သံကြိုးလွှဖြင့် လဲကျနေသောသစ်ပင်များနှင့် အကျိုးအပဲ့များကို တစ်နေကုန် ရှင်းလင်းဖယ်ရှားပေးခဲ့သည်။ “ကျွန်မ ဒီ [လူတွေ] ကို အများကြီးပဲကျေးဇူးတင်တယ်” ဟုအိမ်ရှင်မက ပြော၏။

စိတ်လှုပ်ရှားဖွယ်မီဒီယာသတင်းများက ရက်စက်ယုတ်မာမှုများနှင့် ကြမ်းကြုတ်သည့်လုပ်ရပ်များကို အဓိကထုတ်ဖော်တင်ဆက်ကြသည်။ ဤမှတ်တမ်းများကြောင့် ထောက်ထားစာနာမှုနှင့် သနားကြင်နာမှုဆိုင်ရာ နေ့စဉ်လုပ်ရပ်များသည် သေးသိမ်မှေးမှိန်သွားလေ့ရှိ၏။ သို့သော် ယင်းအချက်က နေရာတိုင်းရှိလူတို့သည် မေတ္တာ၊ ချစ်ခင်စုံမက်မှုနှင့် စာနာမှုတို့ အလွန်လိုအပ်နေသည်ဟူသောအချက်ကို မပြောင်းလဲစေပါ။ ထောက်ထားစာနာမှုကို ကျွန်ုပ်တို့ အလွန်တောင့်တကြ၏! ဤစိတ်သဘောထားများကို ‘ငြိမ်သက်ခြင်းနှင့်လူတို့အား မေတ္တာရှိစေသတည်း’ ဟူ၍လူများစွာပြောဆိုကြ၊ သီဆိုကြသော ခရစ္စမတ်ရာသီချိန်အတွင်း ပို၍တွေ့ရှိရပေမည်။—⁠လုကာ ၂:၁၄။

ထောက်ထားစာနာမှုတင်ပြခြင်းသည် ဖော်ရွေပျူငှာဧည့်ဝတ်ကျေပွန်မှုမရှိပုံရသောလောကတွင် လွယ်ကူမည်မဟုတ်ပေ။ အများ၏သဘောထားမှာ အကြင်နာမဲ့ခြင်းနှင့် စာနာစိတ်ကင်းမဲ့ခြင်းက အောင်မြင်ခြင်းနှင့် အောင်ပွဲခံခြင်းကို ဖြစ်စေသည်ဟူ၍ဖြစ်သည်။ လူများစွာသည် နစ်ကိုလို မာချီရာဗီလီ၏အယူဝါဒအဖြစ် ယူမှတ်သော ထောက်ထားစာနာခြင်းထက် ရက်စက်ကြမ်းကြုတ်ခြင်းက ပို၍ပညာရှိရာရောက်၏ ဟူသည့်ပုံစံအတိုင်း နေထိုင်ကြပုံရသည်။ လောဘကြီးခြင်းနှင့် ဘဝင်မြင့်ခြင်းတို့က ထောက်ထားစာနာမှုကို အလွယ်တကူတိုက်စားသွားသည်။

ရလဒ်အနေနှင့် လူများစွာသည် အခြားသူတို့၏ခံစားချက် သို့မဟုတ် စိတ်ဝင်စားရာများကို လျစ်လျူရှုသည်အထိပင် မိမိတို့ကိုယ်ကိုသာ အဓိကထားလာကြသည်။ နူးညံ့သိမ်မွေ့ချစ်ခင်စုံမက်မှုမပြသော အမျိုးသားအားကစားသမားများနှင့် ဖျော်ဖြေရေးသူရဲကောင်းများသည် (ယောက်ျားမာန်ဖီသူများ) “တကယ့်ယောက်ျားများ” အဖြစ်တင်ဆက်ခံရလေ့ရှိသည်။ အချို့သောနိုင်ငံရေးသမားများသည်လည်း ထပ်တူပြုမူကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဤသို့မေးသင့်သည်– ကျွန်ုပ်တို့သည် အဘယ်ကြောင့် စာနာမှုပြသင့်သနည်း။ ထောက်ထားစာနာမှုသည် ကောင်းသောသြဇာလွှမ်းမိုးနိုင်စွမ်းရှိသလော။ အဘယ်အရာက ကျွန်ုပ်တို့အား ထောက်ထားစာနာမှုပြရန် ကူညီပေးနိုင်သနည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို ဆွေးနွေးပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

•ထောက်ထားစာနာမှုပြခြင်းသည် ပျော့ညံ့မှုတစ်ခုလော။

•ထောက်ထားစာနာမှုတင်ပြသူသည် အကျိုးပြုသောသြဇာညောင်းနိုင်သလော။

•စာနာမှုကို အဘယ်လက်တွေ့ကျနည်းလမ်းများဖြင့် တင်ပြနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ