ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁၅ စာ. ၁၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်ရန်သူကို သိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁၅ စာ. ၁၈

စာရှုသူများထံမှမေးခွန်းလွှာ

စာတန် မည်သည့်အချိန်တွင် ကောင်းကင်မှနှင်ချခံခဲ့ရသနည်း။—ဗျာ. ၁၂:၁-၉။

သမ္မာကျမ်းစာပါ ဗျာဒိတ်ကျမ်းတွင် စာတန်နှင်ထုတ်ခံရချိန်ကို အတိအကျမပြောထားသော်လည်း ဆက်တိုက်ဖြစ်ပျက်သည့်အရာများကို ဖော်ပြထားခြင်းက ကောင်းကင်မှသူနှင်ချခံရချိန်ကို ခန့်မှန်းနိုင်ရန်အထောက်အကူပြုသည်။ ဖြစ်ပျက်ရာများထဲမှဦးဆုံးအရာမှာ မေရှိယနိုင်ငံတော်ဖွားမြင်ခြင်းဖြစ်သည်။ ယင်းနောက် “ကောင်းကင်၌စစ်ဖြစ်၏၊” ယင်းက စာတန်ကိုရှုံးနိမ့်စေပြီး နောက်ဆုံး ကောင်းကင်မှနှင်ချခံလိုက်ရသည်။

သမ္မာကျမ်းစာသည် ၁၉၁၄ ခုနှစ်ကို ‘လူမျိုးခြားတို့၏အချိန်ကာလ’ ကုန်ဆုံးသည့်နှစ်၊ ဘုရားသခင့်နိုင်ငံတော်တည်ထောင်သောနှစ်အဖြစ် ရှင်းလင်းစွာသတ်မှတ်သည်။a (လု. ၂၁:၂၄) ယင်းနောက် မည်မျှအကြာတွင် စာတန်နှင်ချခံရသည့်စစ်ပွဲ ကောင်းကင်၌ဖြစ်ခဲ့သနည်း။

“နဂါး [စာတန်] သည် သားဖွားလုနီးသော မိန်းမရှေ့တွင်ရပ်နေ၏။ ထိုမိန်းမ သားဖွားသည်နှင့် ကလေးကိုဝါးမျိုရန်ဖြစ်၏” ဟု ဗျာ. ၁၂:၄ တွင်ဆိုထား၏။ ယင်းက စာတန်သည် မွေးကင်းစဘုရားသခင့်နိုင်ငံတော်ကို မွေးဖွားသည်နှင့် အတတ်နိုင်ဆုံး အလျင်အမြန်သုတ်သင်ပယ်ရှင်းလိုကြောင်း ဖော်ပြသည်။ ယေဟောဝါ၏ ကြားဝင်ဆောင်ရွက်မှုက စာတန်၏ဆိုးညစ်သောအကြံအစည်မအောင်မြင်ရန် တားဆီးခဲ့သော်လည်း စာတန်သည် တည်ထောင်ခါစဘုရားသခင့်နိုင်ငံတော်ကို အန္တရာယ်ပြုရန် စိတ်ဆုံးဖြတ်ထားကာ မဆုတ်မနစ်ကြိုးစားခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင့်နိုင်ငံတော်ကို အန္တရာယ်မပြုနိုင်ရန်အလို့ငှာ “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည်” အချိန်မဖြုန်းဘဲ “နဂါးနှင့် သူ၏ကောင်းကင်တမန်များ” ကိုကောင်းကင်မှဖယ်ရှားခဲ့ခြင်းဖြစ်သည်။။ ယင်းက စာတန်၏ရှုံးနိမ့်မှုနှင့် နှင်ချခံခဲ့ရချိန်သည် ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်ဖွားမြင်ပြီးမကြာမီတွင်ဖြစ်ကြောင်း ညွှန်ပြသည်။

သုံးသပ်ရန်နောက်အကြောင်းရင်းမှာ ဘိသိက်ပေးခံရသောခရစ်ယာန်များ၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်၊ ယင်းသည် ကျမ်းစာအထောက်အထားဖော်ပြချက်အရ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီးနောက်မကြာမီတွင် စတင်ခဲ့သည်။b (ဗျာ. ၂၀:၆) ယေရှုသည် နဂါးနှင့် သူ၏ကောင်းကင်တမန်တို့နှင့်စစ်တိုက်ရာတွင် ဘိသိက်ပေးခံရသောခရစ်တော်၏ညီတော်များ လိုက်ပါလာသည်ဟု ဆိုထားခြင်းမရှိသောကြောင့် ခရစ်တော်၏ညီတော်များ အစပြုထမြောက်ချိန်တွင် ကောင်းကင်၌ဖြစ်သောစစ်ပွဲနှင့် စာတန်နှင့်သူ၏နတ်ဆိုးများကိုနှင်ချခြင်းသည် ပြီးစီးနေလောက်ပြီဖြစ်သည်။

ထို့ကြောင့် စာတန်နှင့်သူ၏နတ်ဆိုးများ ကောင်းကင်မှနှင်ချချိန်အတိအကျကို သမ္မာကျမ်းစာတွင်ဖော်ပြမထားပါ။ သို့သော်လည်း ဤအဖြစ်အပျက်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ယေရှုခရစ်နန်းထိုင်ပြီး မကြာမီတွင် ဖြစ်ပျက်ခဲ့ကြောင်းထင်ရှားသည်။

[အောက်ခြေမှတ်ချက်များ]

a သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း စာအုပ် စာမျက်နှာ ၂၁၅-၂၁၈ ကိုကြည့်ပါ။

b ဇန်နဝါရီ ၁၊ ၂၀၀၇ ကင်းမျှော်စင် စာမျက်နှာ ၂၇-၂၈၊ စာပုဒ် ၉-၁၃ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ