ယေဟောဝါသက်သေများအဖြစ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း
၁ ယေဟောဝါသက်သေများအနေနှင့် ကမ္ဘာပေါ်အခွင့်ထူးရရှိထားသည်။ ဘုရားအဖြစ်ကိုးကွယ်ခံရသူအားလုံးကို စကြဝဠာအမှုဆိုင်တရားစီရင်ရေးတွင် ကျွန်ုပ်တို့ယေဟောဝါဘက်ရှိကြသည်။ (ဟေရှာ ၄၁:၁၊ ၂၃။ ၄၃:၁၂) ကျွန်ုပ်တို့မျှော်လင့်ချက်ကို ကောင်းစွာခုခံပြောဆိုနိုင်ရန် အကြောင်းအရာစုံလင်သောစာအုပ်အမျိုးမျိုးကို ယေဟောဝါပြင်ဆင်ထားတော်မူသည်။ (၁ ပေ၊ ၃:၁၅) ကျွန်ုပ်တို့သိလိုသောအကြောင်းကိုတွေ့ရှိရန် Watch Tower Publications Index သည်အရေးကြီးသော့ချက်တစ်ခုဖြစ်သည်။ ယင်း၏အဓိကအကြောင်းများကို သိကျွမ်းထားခြင်းအားဖြင့် ၄င်းကိုသုံးစွဲတတ်လာပေမည်။
၂ အင်္ဂလိပ်စာမတတ်လျှင် “ယင်းစာအုပ်သည် ကျွန်ုပ်အတွက်အဘယ်အကျိုးပြုမည်နည်း” ဟုပြောပေမည်။ အင်္ဂလိပ်စာမတတ်သည့်အတွက် ဤအင်္ဂလိပ်စာအုပ်တွင် အဘယ်အကြောင်းများပါသည်ကို သိထားသင့်သည်။ ဤစာအုပ်သည် ကျွန်ုပ်တို့မေးခွန်းများအတွက်အဖြေများကို ရှာယူနိုင်ရန်အကူအညီပေးသည်။ ယင်းကိုသိထား၍ သင့်မေးခွန်းများအတွက်အဖြေရှာပေးရန် အင်္ဂလိပ်စာဖတ်တတ်သူတစ်ဦးအား အကူအညီတောင်းဆိုနိုင်သည်။ အင်္ဂလိပ်စာဖတ်တတ်သူများလည်း Index စာအုပ်ကိုအသုံးပြုတတ်သင့်သည်။ ယင်းသည် မည်သို့အထောက်အကူဖြစ်ကြောင်း သိထားသင့်သည်။ စာအုပ်ရှိထားပြီးမှ ယင်းကိုမည်သို့အသုံးပြုသင့်ကြောင်း မသိရှိလျှင် အကျိုးရှိမည်မဟုတ်ပါ။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဤဆောင်းပါးပါလာရခြင်းဖြစ်သည်။
၃ အဓိကခေါင်းစဉ်ဖြစ်သည့် “ယေဟောဝါ” အပိုင်းကို ကျွန်ုပ်တို့အားလုံး ကောင်းစွာသိထားသင့်သည်။ ထိုခေါင်းစဉ်အောက် 1986-1989 Index တွင် ဆိုးသွမ်းမှုကို ယေဟောဝါခေတ္တခွင့်ပြုထားရခြင်းအကြောင်းရှင်းပြသည့် ကိုးကားချက်များကို သင်ရှာတတ်သလော။ ထို့အပြင် “နာမတော်” ဟူသောခေါင်းစဉ်ကို 1930-1985 Index နှင့်နောက်ဆုံးထုတ် Index တွင်လည်းတွေ့ရှိမည်။ ယေဟောဝါနာမတော်နှင့်ဆိုင်သော အကြောင်းအားလုံးကိုညွှန်းသည့် ကိုးကားထားချက်များကို ဤတွင်ပါသည်။
၄ အရေးကြီးသောခေါင်းစဉ်တစ်ခုကား “ယေဟောဝါသက်သေများ” ဖြစ်သည်။ အဖွဲ့အစည်းအဖြစ်တည်ရှိသော ယေဟောဝါသက်သေများနှင့်ဆိုင်သည့် ကိုးကားချက်များကိုဖေါ်ပြပေးထားသည်။ အဆင့်မြင့်ပညာရေး၊ အသေကောင်ခွဲစစ်ဆေးခြင်း၊ ခုခံကာကွယ်ရန်သတ်ဖြတ်ခြင်း၊ သို့မဟုတ်လူမှုဖူလုံရေးအထောက်အပံ့တို့ကို ကျွန်ုပ်တို့မည်သို့သဘောထားကြောင်း သိထားပါသလော။ “—နှင့်ပတ်သက်သည့်သဘောထား” ခေါင်းစဉ်ငယ်အောက်တွင် ဤမေးခွန်းများနှင့်ဆိုင်သော ကိုးကားချက်များကိုတွေ့ရှိပါလိမ့်မည်။ ဆက်ဖွင့်ကြည့်လျှင် နိုင်ငံအသီးသီးရှိ ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းကို စာရင်းတင်ဖေါ်ပြထားသည်။ “သူတစ်ပါး၏ ပြောဆိုစကားများ” ခေါင်းစဉ်အောက်တွင် ယေဟောဝါသက်သေများအကြောင်း ပြောဆိုကြသည့်အကြောင်းစုံကို တွေ့ရှိပါမည်။
၅ မျက်မှောက်ခေတ်ယေဟောဝါ၏လူမျိုးသည် သူတို့၏နိုင်ငံတော်ဓမ္မအမှုကို မည်သို့ထမ်းဆောင်နေကြောင်း အဓိကခေါင်းစဉ်အသီးသီးအောက်တွင် ရှာတွေ့သိရှိနိုင်မည်။ “နေ့စွဲများ” ခေါင်းစဉ်အောက်တွင် “ယုံကြည်ချက်တို့၏ ရှင်းပြချက်” ခေါင်းစဉ်ပါသေးသည်။ ယုံကြည်ချက်များ၊ ပရောဖက်ပြုချက်များ၊ ပုံဆောင်ချက်များ၏ရှင်းပြချက်တို့ကို သက္ကရာဇ်စဉ်အရ တင်ပြထားသည်။ “အဓိပ္ပာယ်လေးနက်သော ပရောဖက်ပြုချက်များ၏နေ့စွဲ” ကိုဆက်၍ဖေါ်ပြထားသည်။ ယင်းနေ့စွဲတို့သည် ပရောဖက်ပြုချက်သို့မဟုတ်ပုံဆောင်ချက်များပြည့်စုံချိန်၊ သို့မဟုတ်စတင်ပြည့်စုံသည့်နှစ်သက္ကရာဇ်များဖြစ်သည်။
၆ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ၏အထုပ္ပတ္တိများသည် အားပေးသွန်သင်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သားသမီးများ၊ ကျမ်းစာသင်သားများ၏အနာဂတ်ရေးအတွက် ခိုင်လုံသောအုတ်မြစ်ချပေးရန် အကူအညီဖြစ်စေနိုင်သည်။ “ယေဟောဝါသက်သေများ၏ဘဝအထုပ္ပတ္တိများ” ခေါင်းစဉ်အောက်တွင် တစ်ဦးစီ၏အမည်နှင့်သက်ဆိုင်ရာအကြောင်းကို စာရင်းတင်ဖေါ်ပြထားသည်။
၇ ယေဟောဝါမျက်နှာသာတော်ရသူများအတွက် ကောင်းကင်နှင့်မြေကြီးဆိုင်ရာဆုလာဘ်ဟူသည့် ကျမ်းစာသွန်သင်ချက်သည် ယေဟောဝါလူမျိုး၏အထူးအမှတ်အသားဖြစ်သည်။ “ကောင်းကင်ခေါ်တော်မူခြင်း” ရရှိသူတို့အကြောင်း ကိုးကားထားချက်များကို “ဘုရားသခင်၏အသင်းတော်” အဓိကခေါင်းစဉ်အောက် တွေ့ရှိရသည်။ (ဟေ၊ ၃:၁။ တ၊ ၂၀:၂၈။ ၁ တိ၊ ၃:၁၅) အခြားခေါင်းစဉ်များမှာ “အကြွင်းအကျန်” နှင့် “၁၄၄၀၀၀” တို့ဖြစ်သည်။ ကမ္ဘာပေါ်ထာဝရအသက်ရရန်မျှော်လင့်သူများအကြောင်း အဓိကဖေါ်ပြသည့်ခေါင်းစဉ်နှစ်ခုမှာ “လူအုပ်ကြီး” နှင့် “အခြားသိုး” ဖြစ်သည်။—ဗျာ၊ ၇:၉။ ယော၊ ၁၀:၁၆။
၈ ကြီးသည်ငယ်သည်မရွေး ယေဟောဝါသက်သေများဖြစ်ခွင့်ကို တန်ဖိုးထားကြောင်း ကျွန်ုပ်တို့ဘဝကဏ္ဍအသီးသီးတွင်တင်ပြရမည်။ ကျွန်ုပ်တို့၏ဓမ္မအမှု၊ အသင်းတော်အတွင်း၊ မိသားစုတွင်၊ လယ်ကွင်းတွင် Index စာအုပ်မည်သို့အကူအညီပေးနိုင်ကြောင်း ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်လထုတ်များပါ ဆောင်းပါးများတွင် ဖေါ်ပြပေးမည်။