Index စာအုပ်သည် မိသားစုကိုမည်သို့အကျိုးပြုနိုင်
၁ မိသားစုအကြောင်း ၁ တိမောသေ ၅:၄ [NW ]ကဤသို့ဆိုသည်။ “မိမိအိမ်သူအိမ်သားတို့အား ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ်ပြုတတ်ရန် သင်ယူကြစေ။” မိသားစုနှင့်ဆက်ဆံရာတွင် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ်ပြုတတ်ရန် သင်ယူသင့်ပေသည်။ သို့ပြုရာတွင် ဘုရားပေးလမ်းပြမှုလိုသည်။ အကြောင်းမူကား မိသားစုကိုပြုစုခြင်းသည် ခရစ်ယာန်တာဝန်ဖြစ်ခြင်းကြောင့်တည်း။ မိသားစုဘဝတွင်ပေါ်ပေါက်တတ်သည့် အခြေအနေအမျိုးမျိုးအတွက်လမ်းပြမှုကို Watch Tower Publications Index တွင်ရရှိနိုင်သည်။
၂ အမျိုးသားတစ်ဦးအမျိုးသမီးတစ်ဦးကိုအိမ်ထောင်ပြုသည့်အခါ မိသားစုဖြစ်ပေါ်လာသည်။ (က၊ ၂:၂၄) အိမ်ထောင်ပြုရန် အလေးအနက်စဉ်းစားနေသလော။ “အိမ်ထောင်မင်္ဂလာ” ခေါင်းစဉ်အောက်တွင် “အိမ်ထောင်ဖက်ရွေးချယ်ခြင်း” ခေါင်းစဉ်ငယ်တွေ့မည်။ တစ်ခါတစ်ရံဤဆုံးဖြတ်ရခက်သောကိစ္စအတွက် အကူအညီဖြစ်စေမည့်အကြံပြုချက်များကို ကိုးကားဖေါ်ပြပေးမည်။ အိမ်ထောင်ပြုလိုသူနှင့် အိမ်ထောင်သည်များအတွက် “လင့်တာဝန်” “မယားတာဝန်” ခေါင်းစဉ်များကိုလည်း Index ကဖေါ်ပြပေးသည်။ ယင်းခေါင်းစဉ်တို့သည် အကျိုးပြုမည့်အချက်အလက်များသို့ ညွှန်းထားသည်။ ၄င်းပြင် “ဆက်သွယ်ခြင်း” “ရင်းနှီးချစ်ခင်မှု” “ငြိမ်သက်မှု” ခေါင်းစဉ်အောက်ရှိအကြောင်းများသည် အိမ်ထောင်ရေးအတွက်တန်ဖိုးရှိအကြောင်းများသို့ ညွှန်းလိမ့်မည်။ အခက်အခဲများပေါ်လာလျှင် “ပြဿနာများတွင်” ခေါင်းစဉ်ငယ်သည် ယင်းတို့ကိုဖြေရှင်းရန် ထိမိသောသြဝါဒသို့ညွှန်းလိမ့်မည်။
၃ သားသမီးများသည် ယေဟောဝါထံတော်မှအမွေအနှစ်ဖြစ်သည်။ (ဆာ၊ ၁၂၇:၃) မိဘများသည် သားသမီးများကို “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” မည်သို့မွေးမြူပေးနိုင်မည်နည်း။ (ဧ၊ ၆:၄) နှုတ်ကပါဌ်တော်အားဖြင့်လည်းကောင်း၊ သစ္စာရှိကျေးကျွန်အတန်းစားအားဖြင့်လည်းကောင်း ယေဟောဝါပေးသောလမ်းပြမှုသည် အလွန်အရေးကြီးသည်။ မိမိသားသမီးများ၏ခံစားချက်နှင့်လိုအပ်ရာများနှင့်စပ်လျဉ်း၍ မိဘများ ထိုးထွင်းသိမြင်ခြင်းလိုအပ်သည်။ Index ခေါင်းစဉ်များဖြစ်သည့် “သားသမီး” နှင့် “လူငယ်များ” အောက်အကူအညီဖြစ်သြဝါဒနှင့်အကြံပြုချက်များကိုရရှိနိုင်သည်။ သူတို့၏ငယ်ရွယ်သောနှလုံးများထဲ ယေဟောဝါ၏တရားတော်သွင်းပေးခြင်းကော။ “ကလေးများလေ့ကျင့်ပေးခြင်း” ခေါင်းစဉ်က သားသမီးမွေးမြူရေးဆိုင်ရာကဏ္ဍတိုင်းကို ထိုးထွင်းသိမြင်သောဆွေးနွေးခန်းများသို့ညွှန်းသည်။ သူတို့လေးများ ယေဟောဝါနှင့်ကိုယ်ပိုင်ဆက်သွယ်ရေးကို မည်သို့ပျိုးထောင်နိုင်ခြင်း၊ သမ္မာတရားကိုတမ်းတစိတ်ရှိစေခြင်းအတွက် အကူအညီပေးနည်းများပါသည်။—၁ ပေ၊ ၂:၂။
၄ အိမ်ထောင်ရေးအောင်မြင်ဖို့ ကြိုတင်စီစဉ်ထားသောမိသားစုလိုက် ကျမ်းစာဆွေးနွေးခြင်းကား မရှိမဖြစ်ပါ။ (တရား၊ ၆:၆-၉။ ဟေရှာ၊ ၅၄:၁၃။ ဧ၊ ၅:၂၅၊ ၂၆) “အိမ်ထောင်စုများ” ခေါင်းစဉ်အောက်တွင် ပျော်ရွှင်ဖွယ်မိသားစုဆွေးနွေးပွဲများအတွက် အကြံကောင်းများသို့ညွှန်းထားသည်။ နောက်ဆုံးထုတ် Index တွင် “ကျမ်းစာလေ့လာမှု” ခေါင်းစဉ်ငယ်အောက် ထပ်ဆင့်ခေါင်းစဉ်ငယ်များဖြစ်သည့် “ထိရောက်စေခြင်း” “ပျော်ရွှင်စရာဖြစ်စေခြင်း” “စိတ်ဝင်စားဖွယ်ဖြစ်စေခြင်း” အကြောင်းများပါသည်။ ထို့ပြင် ယေဟောဝါသက်သေများ၏ကိုယ်ရေးရာဇဝင် တစ်ခုမဟုတ်တစ်ခုကိုသုံးသပ်ကြည့်နိုင်ပါသည်။ “အချိန်ပြည့်ဓမ္မအမှု” ခေါင်းစဉ်အောက်တွင် “တစ်ခါမျှနောင်တမရခဲ့သော ကျွန်ုပ်၏ရွေးချယ်မှု” နှင့် “နှလုံးတမ်းတရာများရရှိခြင်း” ခေါင်းစဉ်များပါ ကိုယ်ရေးရာဇဝင်တို့ကို ညွှန်းထားပါသည်။ ဤအထုပ္ပတ္တိများကို “သာသနာပြုများ” ခေါင်းစဉ်အောက်လည်းတွေ့ရှိနိုင်မည်။ “ယေဟောဝါသက်သေများ၏ကိုယ်ရေးရဇဝင်များ” အောက်တွင် အပြည့်အစုံစာရင်းတင်ပြထားသည်။
၅ မိသားစုဘဝအတွက်သြဝါဒနှင့်အကြံပြုချက်များစုဆောင်းရန် Watch Tower Publications Index သည်အလွန်ထူးခြားသောစာစောင်တစ်ရပ်ဖြစ်သည်။ မိသားစုတွင် သင့်တာဝန်ထမ်းဆောင်ရန် ယင်းစာစောင်အားဖြင့် ပျော်ရွှင်မှုများစွာရရှိနိုင်ပါစေ။