ဧပြီလသည် သင့်အတွက် အထူးလတစ်လဖြစ်မည်လော
၁ မတ်နှင့်ဧပြီလများကို သတိရအောက်မေ့ပွဲအချိန်ဟူ၍ ပြောဆိုလေ့ရှိသည်။ သတိရအောက်မေ့ပွဲသည် အများအားဖြင့် ဤအချိန်တွင်ကျင်းပလေ့ရှိသောကြောင့် လယ်ကွင်းလုပ်ငန်း၌ တိုးချဲ့ပါဝင်ရန် ယေဟောဝါလူမျိုး လှုံ့ဆော်ခံရပါသည်။
၂ မတ်လတွင်အရန်ရှေ့ဆောင်သူအချို့သည် ဧပြီလအတွင်း ဆက်အရန်ရှေ့ဆောင်မည်။ သူတို့နှင့်အတူ အခြားသူများလည်း တွဲဖက်ပါဝင်ကြဦးမည်။ သင်ပါဝင်နိုင်လျှင် လျှောက်လွှာကို ချက်ချင်းသွင်းသင့်ပါသည်။
၃ ရှေ့ဆောင်အဖြစ်မပါဝင်နိုင်သူများပင်လျှင် ဧပြီလတွင် လယ်ကွင်းဓမ္မအမှု၌ တိုး၍ပါဝင်သင့်ပါသည်။ သင်ပြုလုပ်စရာများစွာရှိသည်ကား အမှန်ပင်။ အသင်းတော်ကြေညာသူများနှင့်ရှေ့ဆောင်များသည် မိမိတို့နှင့်အတူ လယ်ကွင်း၌ပါဝင်ရန် နှစ်ခြင်းမယူရသေးသည့် ကြေညာသူလူသစ်များကို ဖိတ်ခေါ်နိုင်မည်။ စိတ်ဝင်စားသူအားလုံးကို ဧပြီလ ၁၇ ရက်နေ့တွင်ကျင်းပမည့် သတိရအောက်မေ့ပွဲကိုတက်ရောက်ရန် အထူးကြိုးစားဖိတ်ခေါ်ကြမည်။
၄ တက်ရောက်လာသူလူသစ်များကို ကြိုဆိုခြင်းအားဖြင့် ကျမ်းစာသင်အံမှုအသစ်တစ်ခုကိုပင် သင်စတင်နိုင်ပေမည်။ သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်၍ သင့်ဓမ္မအမှုသည် အကျိုးဖြစ်ထွန်းပါလိမ့်မည်။ ဧပြီလသည်လည်း သင့်အတွက် အထူးလဖြစ်ပေမည်။—ဆာ၊ ၃၄:၈။ သု၊ ၁၀:၂၂။