ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၁၃ စာ. ၁
  • သင်အရန်ရှေ့ဆောင်လုပ်မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်အရန်ရှေ့ဆောင်လုပ်မလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ အခုကတည်းက ပြင်ဆင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • အောက်မေ့ရာပွဲကာလကို ရွှင်လန်းဝမ်းမြောက်ဖွယ် အချိန်အခါ ဖြစ်စေပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၂/၁၃ စာ. ၁

သင်အရန်ရှေ့ဆောင်လုပ်မလား

၁။ အောက်မေ့ရာပွဲကာလမှာ ကျွန်ုပ်တို့ ဘာကြောင့် တိုးချဲ့အမှုဆောင်သင့်သလဲ။

၁ အောက်မေ့ရာပွဲကာလဟာ အမှုဆောင်ခြင်းကိုတိုးချဲ့ဖို့ အချိန်ကောင်းပါ။ ယေဟောဝါက သားတော်ကို ရွေးနုတ်ဖိုးအဖြစ် စီစဉ်ပေးခဲ့တဲ့အထိ ကျွန်ုပ်တို့ကို မေတ္တာပြခဲ့တယ်၊ ဒီအချိန်ဟာ အဲဒီမေတ္တာအကြောင်း အလေးအနက်ဆင်ခြင်ရမယ့် အချိန်ဖြစ်တယ်။ (ယော. ၃:၁၆) ကျွန်ုပ်တို့အတွက် ယေဟောဝါလုပ်ဆောင်ပေးတဲ့အရာတွေကို အရမ်းကျေးဇူးတင်တဲ့အတွက် ယေဟောဝါအကြောင်း၊ လူသားတွေအတွက် ကိုယ်တော်လုပ်ဆောင်ပေးရာတွေအကြောင်း တခြားသူတွေကို ကျွန်ုပ်တို့ ပြောပြချင်ကြတယ်။ (ဟေရှာ. ၁၂:၄၊ ၅; လု. ၆:၄၅) အောက်မေ့ရာပွဲကို ကျွန်ုပ်တို့နဲ့အတူပါဝင်ဖို့ အသိမိတ်ဆွေတွေနဲ့ ရပ်ကွက်မှာရှိတဲ့သူတွေကို ဖိတ်ခေါ်တဲ့ အထူးကင်ပိန်းအချိန်အခါလည်းဖြစ်တယ်။ လာတက်ရောက်သူတွေကို စိတ်ဝင်စားမှုဆက်ရှိစေဖို့ ကျွန်ုပ်တို့ ကြိုးပမ်းမှာ ဖြစ်တယ်။ မတ်၊ ဧပြီနဲ့ မေလအတွင်းမှာ အရန်ရှေ့ဆောင်လုပ်ခြင်းအားဖြင့် သင် တိုးချဲ့အမှုဆောင်မလား။

၂။ မတ်လဟာ အရန်ရှေ့ဆောင်လုပ်ဖို့ အလွန်ကောင်းတဲ့လ ဘာကြောင့်ဖြစ်သလဲ။

၂ မတ်လကို အထူးလဖြစ်စေပါ– မတ်လဟာ အရန်ရှေ့ဆောင်လုပ်ဖို့ အလွန်ကောင်းတဲ့လဖြစ်ပါလိမ့်မယ်။ အရန်ရှေ့ဆောင်လုပ်မယ့်သူဟာ နာရီ ၃၀ ဒါမှမဟုတ် ၅၀ ကိုရွေးချယ်ခွင့် ရှိတယ်။ တကယ်လို့ မတ်လအတွင်းမှာ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မယ်ဆိုရင် အရန်ရှေ့ဆောင်တွေဟာ မှန်မှန်၊ အထူးရှေ့ဆောင်တွေနဲ့ တိုက်နယ်တွေ့ဆုံတဲ့စည်းဝေးကို အစအဆုံးတက်ရောက်ခွင့်ရှိပါတယ်။ ၂၀၁၃၊ မတ် ၂၆ အင်္ဂါနေ့မှာကျင်းပမယ့် အောက်မေ့ရာပွဲကိုတက်ရောက်ဖို့ ဖိတ်ခေါ်တဲ့ကင်ပိန်းကို မတ် ၁ ရက်နေ့မှာစမှာဖြစ်တဲ့အတွက် အရင်နှစ်တွေထက် အချိန်ပိုရတယ်။ အဲဒီအပြင် မတ်လမှာ စနေ၊ တနင်္ဂနွေငါးပတ်ရှိတယ်။ ဒါကြောင့် ဒီနှစ် အထူးလမှာ ပါဝင်သင့်တယ်မဟုတ်လား။

၃။ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့ အစီအစဉ် ဘယ်လိုဆွဲနိုင်မလဲ။

၃ အခုကတည်းက အစီအစဉ်ဆွဲပါ– ရှေ့ဆောင်လုပ်နိုင်ဖို့အတွက် သင့်ရဲ့ဇယားတွေကို ပြန်ကြည့်ပြီး ဘာတွေကို ချိန်ညှိရမလဲဆိုတာ သုံးသပ်ရမယ့်အချိန်က ခုအချိန်ဖြစ်ပါတယ်။ မိသားစုတွေ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတယ်။ ဒါကြောင့် မိသားစုဝတ်ပြုမှုမှာ သင့်မိသားစုအတွက် ပန်းတိုင်နဲ့ဇယားတွေကို ဆွေးနွေးပါ။ (သု. ၁၅:၂၂) တကယ်လို့ အရန်ရှေ့ဆောင်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ တချို့နေ့တွေမှာ အချိန်ပိုပါဝင်ဖို့ သင့်ရဲ့ဇယားကို ပြုပြင်နိုင်မလား။ ကြားရက်တွေမှာ အမှုဆောင်ထွက်နိုင်မလား။

၄။ မတ်၊ ဧပြီနဲ့ မေလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ တိုးချဲ့လုပ်ဆောင်မှုက ဘာအကျိုးရလဒ်ရစေမလဲ။

၄ မတ်၊ ဧပြီနဲ့ မေလမှာ ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းကို တိုးချဲ့ပါဝင်တဲ့အခါ ဘုရားသခင့်အမှုဆောင်ခြင်းနဲ့ တခြားသူတွေကို ပေးကမ်းခြင်းကြောင့်ရတဲ့ ရွှင်လန်းမှုနဲ့ စိတ်ကျေနပ်မှုကို ပိုခံစားရမှာဖြစ်တယ်။ (ယော. ၄:၃၄; တ. ၂၀:၃၅) ပိုအရေးကြီးတာကတော့ ကျွန်ုပ်တို့ရဲ့ ကိုယ်ကျိုးစွန့်ကြိုးစားအားထုတ်မှုက ယေဟောဝါကို စိတ်ရွှင်လန်းစေပါလိမ့်မယ်။—သု. ၂၇:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ