တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
၁ မဿဲ ၆:၃၃ ပါယေရှု၏စကားများကိုနာခံကာ ခရစ်ယာန်စစ်များသည် သူတို့၏အသက်တာတွင် နိုင်ငံတော်ကို ရှေ့ဦးထားခဲ့ကြပြီ။ သို့ဖြစ်၍ စက်တင်ဘာ ၁၉၉၃ တွင်စတင်မည့် “နိုင်ငံတော်ကို အဆက်မပြတ် ရှေ့ဦးရှာနေလော့” ဟူသည့် တိုက်နယ်စည်းဝေးပွဲအတွက် ခေါင်းစဉ်သည် လျောက်ပတ်ပါသည်။
၂ အစီအစဉ်၏အစကနဦးကပင် နိုင်ငံတော်သည် တကယ်ပင်ဖြစ်ကြောင်းကို ပေါ်လွင်စေမည်။ ယင်းသည် ခန့်ခွဲဆောင်ရွက်နေသောအစိုးရတစ်ခုအနေနှင့် ယင်း၌ပိုင်နက်၊ မင်းများ၊ ပြည်သူပြည်သားများနှင့် ဥပဒေများရှိကြောင်း အလေးအနက်ဖော်ပြပါလိမ့်မည်။ အမှန်မှာ၊ ယနေ့လူ့အဖွဲ့အစည်းကိုအကျိုးပြုသော လူ့အစိုးရများ၏ ဥပဒေအများသည် ကျမ်းစာပညတ်များကို အခြေခံထားပါသည်။
၃ ကျွန်ုပ်တို့ဘဝအသက်တာ ကဏ္ဍအသီးသီးတွင် နိုင်ငံတော်ကို ရှေ့ဦးထားခြင်းအားဖြင့် ရရှိသောကာကွယ်မှုနှင့်ကောင်းချီးများကို သုံးသပ်ကြပါမည်။ မလိုအပ်ဘဲ စိုးရိမ်ပူပန်ခြင်းများကို မည်သို့ရှောင်ကွင်းနိုင်ကြောင်း အကူအညီဖြစ်မည့်သြဝါဒများကို ကြားနာကြရမည်။ ကျွန်ုပ်တို့မျက်စိကို ရိုးရှင်းစွာထားရန် အဘယ်ကြောင့်အရေးကြီးကြောင်း ဟောပြောချက်များ၊ သရုပ်ပြခန်းများ၊ ဆွေးနွေးခန်းများအားဖြင့် တင်ပြပါမည်။
၄ စည်းဝေးပွဲအတွင်း စနေနေ့တွင် အရည်အချင်းပြည့်မီသော နှစ်ခြင်းယူမည့်သူများသည် ယေဟောဝါထံ မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံကြောင်း လူအများရှေ့ တင်ပြနိုင်ကြပါမည်။ တနင်္ဂနွေနေ့တွင် “လူသားများအတွက် ဘုရားသခင့်နိုင်ငံတော် ပြုတော်မူမည့်အမှု” ခေါင်းစဉ်ရှိ လူထုဟောပြောချက်ကို ကျွန်ုပ်တို့အားလုံး တက်ရောက်လိုကြပါမည်။
၅ တိုက်နယ်စည်းဝေးပွဲ နှစ်ရက်စလုံးကို တက်ရောက်နိုင်ကြဖို့ အသေအချာစီစဉ်ပါ။ စည်းဝေးပွဲအစီအစဉ်နှင့် ညီအစ်ကိုများနှင့် နှစ်လိုဖွယ်ပေါင်းသင်းရခြင်းက ကျွန်ုပ်တို့လက်မလွတ်လိုကြသော အားပေးတည်ဆောက်မှု၊ စိတ်လန်းဆန်းမှု ပေးပါလိမ့်မည်။