သတင်းတရားနှင့်အညီ ကျင့်ကြံရန် လူငယ်များကို ကူညီ
၁ ဗျာဒိတ်၏အထွတ်အထိပ် စာအုပ်အပြင် လူငယ်များအမေးစာအုပ်ကို မတ်လအတွင်း ဝေငှကြပါမည်။ တစ်အိမ်တက်ဆင်းအမှုဆောင်လယ်ကွင်းသွားရာတွင် ကျမ်းစာလေ့လာရန် အထောက်အကူပြုသည့် ဤကောင်းမွန်သောစာအုပ်ကို ဝေငှရန် အခွင့်ကောင်းများစွာ ရရှိကြမည်မှာသေချာပါသည်။
၂ အထူးသဖြင့် ဆယ်ကျော်သက်များကို တွေ့ဆုံသည့်အခါယင်းသည်မှန်ကန်ပါသည်။ သူတို့မိဘများနှင့်သာ စကားပြောဆိုရမည်ဟု မယူဆသင့်ပါ။ သူတို့ သို့မဟုတ် သူမအတွက် ကျမ်းစာလေ့လာရာတွင် အထောက်အကူပြုသည့် အလွန်ကောင်းသော ဤစာအုပ်ကိုရရှိထားသည့်အတွက် အခွင့်အရေးယူကာ သူ့အားဟောပါ။ စိတ်ဝင်စားမှုပြမည်ဆိုလျှင် ဤသို့မေးမြန်းနိုင်သည်။ “ခင်ဗျားမိဘများ ကြိုက်တာဖတ်ခွင့်ပေးသလား။” ပေးတယ်ဟု ဖြေဆိုလျှင် လူငယ်များအမေးစာအုပ်ကို ပြနိုင်ပါသည်။ မပေးဟုဖြေဆိုလျှင် စာအုပ်၏ရည်ရွယ်ချက်ကို ရှင်းပြပြီး မိဘများအိမ်တွင်မရှိလျှင် နောက်တစ်ဖန်ပြန်လာတွေ့ဆုံမည့်အကြောင်း ပြောထားနိုင်ပါသည်။
၃ အပြန်အလှန်စကားအတွက် အဘယ်အကြောင်းအရာကို အသုံးပြုနိုင်မည်နည်း။ အကြံပေးချက်တစ်ခုမှာ– “ဘဝမှာ လူငယ်တစ်ဦး ဘယ်လိုအောင်မြင်နိုင်မလဲ။” ယင်းသည် ဆာလံ ၁:၁-၃ ကိုအခြေပြုထားရာ ဆယ်ကျော်သက်များနှင့် စကားစမြည်ပြောရာတွင် အသုံးပြုရန် အလွန်ကောင်းသောကျမ်းချက်ဖြစ်သည်။ ဤအကြံပေးချက်ကိုအသုံးပြုကာ စကားစမြည်စတင်လိုပေမည်။ ထိုနောက် လူငယ်များအမေးစာအုပ်ကိုဝေငှကြည့်လိုမည်။ သို့မဟုတ် လူငယ်များအမေးစာအုပ်ပါ မာတိကာစာမျက်နှာကိုဦးဆုံးဖွင့်၍ ဆယ်ကျော်သက်များအတွက် ယင်းစာအုပ်သည် မည်မျှသင့်တော်ကြောင်းကို ပြခြင်းသည်ကောင်းကြောင်းအချို့တွေ့ရှိကြသည်။ အထူးစိတ်ဝင်စားမည်ထင်သည့်အခန်းကိုဖွင့်၍ ဆာလံ ၁:၁-၃ ကိုဖတ်ပြပြီး လူငယ်များအမေးစာအုပ်နှင့် ကျမ်းစာသည် လူငယ်တစ်ဦးကို မည်သို့အကူအညီပေးနိုင်ကြောင်း ဖော်ပြပါ။
၄ လူငယ်များကို အဘယ်နေရာတွင် တွေ့ရှိနိုင်မည်နည်း။ တစ်အိမ်မှတစ်အိမ်သွားရာတွင် တွေ့နိုင်မည့်အပြင် အခြားနေရာများတွင်လည်း တွေ့နိုင်ပါသည်။ ဥပမာ၊ လူငယ်များကို နွေရာသီစခန်းများ၊ နွေရာသီသင်တန်းများ၊ သို့မဟုတ် အပန်းဖြေသည့်နေရာများအနီးတွင် တွေ့ရှိနိုင်ပါသည်။ သင့်ရပ်ကွက်ရှိ ဤကဲ့သို့သောနေရာများသို့သွားကာ လူငယ်များနှင့် စကားစမြည်ပြောဆိုရန် စီစဉ်နိုင်မည်လော။ ရှေ့ဆောင်တစ်ဦး ဤသို့စာရေးသည်– “အရင်လက နံနက် ၇:၃၀ ကနေ ၈:၃၀ အထိ အထက်တန်းကျောင်းနားမှာ လူငယ်များအမေးစာအုပ်ကို ဝေငှတာ ၁၂၀ ဝေနိုင်ခဲ့တယ်။” အသင်လည်း ဤလအတွင်း လူငယ်များစုဝေးရာအရပ်သို့သွား၍ လူငယ်များအမေးစာအုပ်ကို ဝေငှကြည့်လျှင် ထပ်တူအတွေ့အကြုံ ရကောင်းရပေမည်။
၅ မိမိတို့အလုပ်ခွင်ရှိ လုပ်ဖော်ဆောင်ဖက်တို့၌ သားသမီးရှိသည်ကို မိဘများ မမေ့သင့်ပါ။ ထိုမိဘများ (သို့မဟုတ် ဘိုးဘွားများ) သည် လူငယ်များအမေးစာအုပ်ပါ လက်တွေ့ကျ အချက်အလက်များကို သူတို့သားသမီး (သို့မဟုတ် မြေး) များအတွက် ရလိုကြမည်။
၆ အသင် ငယ်ရွယ်သောကြေညာသူများ၊ သင်တို့ အခွင့်ထူးရရှိထားသည်။ လူငယ်များ၏ ပြဿနာများနှင့် အမေးများကို ကောင်းစွာသိထားကြသည်။ ယင်းပြဿနာများနှင့် မေးခွန်းများကို ဖြေဆိုရန် လူငယ်များအမေးစာအုပ်သည် မည်မျှတန်ဖိုးရှိသည်ကိုလည်း သိထားပြီ။ ထိုကြောင့် အခွင့်အရေးရှာယူကာ သင့်ကျောင်းနေဘက်များ၊ အိမ်နီးနားချင်းနှင့် ဆွေမျိုးများတွင်ရှိ လူငယ်များအား သက်သေခံ၍ သင်ကိုယ်တိုင် လူငယ်များအမေးစာအုပ်ကို မည်မျှတန်ဖိုးထားကြောင်း၊ သူတို့အားလည်း ယင်းတန်ဖိုးကို သိစေလိုကြောင်း ပြောပြပါ။ ယခု ကျောင်းပိတ်ထားချိန်၊ အားလပ်နေသည့်အချိန်တွင် ထိုသို့ပြုလုပ်ပါ။
၇ နောက်နှစ်အတွက် ကျောင်းပြန်ဖွင့်ဖို့ အသင့်ပြင်နေသည့်အချိန်တွင် အခြားတစ်နေရာ၌ ကြိုးစားကြည့်ရန် ကောင်းသောအချိန်ဖြစ်ပါသည်။ ဆရာဆရာမများ၊ ကျောင်းအုပ်နှင့် ကျောင်းသားများကို အကြံပေးသူများထံ လည်ပတ်ကြည့်ပါ။ လူငယ်များအမေးစာအုပ်ကို သူတို့အားပြပြီး လူငယ်များကို အကူအညီပေးရာတွင် မည်မျှလက်တွေ့ကျကြောင်း ရှင်းပြပါ။ ယင်းစာအုပ်ပါအကြောင်းမှ သင်ကိုယ်တိုင် အဘယ်အကျိုးများကိုခံစားခဲ့ရကြောင်း ပြောပြပါ။ ဤစာအုပ်ကို ဆရာဆရာများနှင့် ကျောင်းသူကျောင်းသားများပါ ရယူနိုင်ကြောင်း သိရှိစေပါ။ ထိုနောက် သင်အံ့သြရသည်တိုင် အကျိုးခံစားရကောင်း ခံစားရပေမည်။
၈ မတ်လအတွင်း လူငယ်များအမေး စာအုပ်ကိုအသုံးပြုခြင်းအားဖြင့် လူငယ်များ၊ သူတို့၏မိဘများ၊ ဆရာဆရာမများနှင့် အကြံပေးသူများအား သတင်းကောင်းကို ဟောပြောပါ။