ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၅ စာ. ၃-၄
  • ကျမ်းစာ၏တန်ဖိုးကို သူတစ်ပါးသိနားလည်ရန် ကူညီလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာ၏တန်ဖိုးကို သူတစ်ပါးသိနားလည်ရန် ကူညီလော့
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သူတို့နားလည်ရန် ကူညီပေးလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ မိသားစုများအားကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၁/၉၅ စာ. ၃-၄

ကျမ်းစာ၏တန်ဖိုးကို သူတစ်ပါးသိနားလည်ရန် ကူညီလော့

၁ တပည့်တော်များ လိုအပ်ရာကို ယေရှုပေးတော်မူခဲ့သည်။ လုကာ ၂၄:၄၅ ကဤသို့ဆိုသည်– “ထိုအခါ ကျမ်းစာကိုနားလည်စေခြင်းငှာ တပည့်တော်တို့၏ဉာဏ်ကို ဖွင့်တော်မူ၏။” ခမည်းတော်၏အလိုတော်နှင့် တွေ့လိုလျှင် ဘုရားသခင်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုပြီး သဘောပေါက်နားလည်ရန်လိုကြောင်း ကိုယ်တော်သိတော်မူ၏။ (ဆာ. ၁:၁၊ ၂) ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်း၌ ထပ်တူရည်မှန်းချက်ရှိသည်။ ကျွန်ုပ်တို့၏ပန်းတိုင်သည် ကျမ်းစာသင်အံမှုများစပြီး ‘ယေရှုပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေး’ ခြင်းဖြစ်သည်။ (မ. ၂၈:၂၀) ယင်းကိုစိတ်စွဲမှတ်ပြီး ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် အကူအညီဖြစ်စေနိုင်မည့် အောက်ပါအကြံပြုချက်အချို့ကို တင်ပြထားပါသည်။

၂ အစကနဦးက “သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း” အကြောင်း ဆွေးနွေးခဲ့မည်ဆိုလျှင် ဤသို့ဆက်ဆွေးနွေးလိုပေမည်–

▪ “ကျွန်တော်ထားခဲ့တဲ့စာအုပ်ရဲ့ လက်တွေ့ကျတန်ဖိုးရှိပုံ နောက်တစ်မျိုးကိုပြချင်တယ်။ သူတစ်ပါးနဲ့ သင့်တင့်ဖို့ အခက်အခဲတွေ့သူ အတော်များတယ်။ မိမိဝန်းကျင်ရှိသူတွေနဲ့ ဆက်ဆံမှု ပိုကောင်းလာရအောင် ဘာလုပ်နိုင်မလဲ။ [တုံ့ပြန်မှု ရရှိပြီးနောက် စာအုပ်၏ စာမျက်နှာ ၁၆၇၊ အပိုဒ် ၁၄ ကိုဖွင့်ပြီး မဿဲ ၇:၁၂ ကိုဖတ်ပါ။ အပိုဒ် ၁၅ ပါအချက်များကို ထပ်ဆင့်တင်ပြ။] အဲ့ဒါ ကျမ်းစာသြဝါဒကနေရတဲ့ ဉာဏ်ပညာရဲ့နောက်ဥပမာပါ။ နောက်တစ်ခါလာတဲ့အခါ အိမ်ထောင်သည်များ ပျော်ရွှင်မှုပိုရနိုင်မယ့် ကျမ်းစာပေးတဲ့ အကြံဉာဏ်ကို ပြချင်တယ်။” ရွှင်လန်းသောမိသားစုဖြစ်ဖို့ရန် ကျမ်းစာထောက်ခံသည့်နည်းကို ဖော်ပြသော စာမျက်နှာ ၇၇-၈၀ ကိုပြန်လည်ဆွေးနွေးရန် အစီအစဉ်များပြုလုပ်ပါ။

၃ ကျမ်းစာကိုစိတ်ဝင်စားသူတစ်ဦးနှင့် စကားပြောဆိုခွင့်ရခဲ့မည်ဆိုလျှင် သင်အံမှုရနိုင်ရန် ဤချဉ်းကပ်နည်းသည် ထိရောက်မှုရှိပေမည်–

▪ “လူတိုင်းလိုလို ငြိမ်းချမ်းလုံခြုံတဲ့ကမ္ဘာပေါ်မှာ နေထိုင်ချင်ကြတာချည်းပဲ။ အဲ့ဒီကမ္ဘာမျိုးကို လူတိုင်းလိုချင်လျက်နဲ့ ဘာကြောင့် ဒုက္ခတွေ၊ အဓမ္မမှုတွေ များနေရတာလဲ။ [တုံ့ပြန်ခွင့်ပြုပါ။] အဖြေကို ဒီမှာတွေ့နိုင်တယ်။” “ဆွေးနွေးရန် ကျမ်းစာအကြောင်းများ” စာအုပ်၊ စာမျက်နှာ ၅၀၊ နံပါတ် ၅၉ဂ– “ကမ္ဘာ့အတိဒုက္ခများသည် မည်သူ့စနက်ဖြစ်” အကြောင်းပြောပါ။ ၂ ကောရိန္သု ၄:၄ ကိုဖတ်။ မာရ်နတ်ကို ဘုရားသခင် မည်သို့ဖျက်ဆီးမည့်အကြောင်း၊ ထို့နောက် အစဉ်အမြဲငြိမ်းချမ်းသာယာသောကမ္ဘာကို မည်သို့တည်ရှိစေမည့်အကြောင်း ရှင်းပြပါ။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။ ထိုနောက် ဤသို့ပြောနိုင်သည်– “နောက်တစ်ခါလာတဲ့အခါ အတိဒုက္ခကင်းမဲ့တဲ့ကမ္ဘာကို ကျွန်တော်တို့ ဘာကြောင့်စောင့်မျှော်နိုင်တဲ့အကြောင်း ကျမ်းချက်နဲ့ ရှင်းပြချင်တယ်။”

၄ သင်အံမှုစရန် တိုက်ရိုက်နည်းကိုအသုံးပြုခဲ့ပြီး တုံ့ ပြန်မှုကောင်းမည်ဆိုလျှင် ပြန်သွားသည့်အခါ ဤသို့ပြောလိုပေမည်–

▪ “အရင်တစ်ခေါက် စကားပြောဆိုကြတုန်းက ကျွန်တော်တို့မိသားစုတွေကို ဘယ်လိုကာကွယ်ပေးနိုင်မယ့်အကြောင်း ဆွေးနွေးခဲ့တယ်။ အဲ့ဒီလိုစိတ်ရိုးမှန်နဲ့ ကြိုးစားလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘုရားသခင်ပြင်ဆင်ထားတာကိုပိုတန်ဖိုးထားတတ်လာမယ်။ [ယောဟန် ၁၇:၃ ဖတ်။] ဘုရားသခင်ရဲ့ကတိတော်တွေအကြောင်း ပိုသိလာပြီး အလိုတော်နဲ့တွေ့နိုင်မယ့်နည်းကို ထောင်နဲ့ချီလူတွေ သိနားလည်ကြဖို့ ကျမ်းစာသင်အံတဲ့အစီအစဉ်တစ်ခုကို စီစဉ်ထားတယ်။” ထာဝစဉ်အသက်ရှင်စာအုပ်ကိုပြပြီး အခန်းများ၏ခေါင်းစဉ်များကိုသုံးသပ်ကာ ကျမ်းစာသင်အံမှုကို မည်သို့ကျင်းပကြောင်း ပြသပါ။

၅ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ထူးမြတ်လှသောတန်ဖိုးကို စိတ်ရင်းမှန်သူများ သိရှိနားလည်စေရန် ကူညီပေးနိုင်ပြီဆိုလျှင် သူတို့ကို အကောင်းဆုံးနည်းဖြင့် ကူညီပေးခဲ့ပေပြီ။ ကျမ်းစာကိုလေ့လာခြင်းအားဖြင့် သူတို့သိရှိလာသောဉာဏ်ပညာသည် သူတို့အတွက် “အသက်ပင်” ဖြစ်နိုင်ပြီး သူတို့အား ပျော်ရွှင်မှုများစွာရရှိစေပါလိမ့်မည်။—သု. ၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ