ရှေ့ဆောင်လုပ်ငန်းတွင် ညီအစ်ကိုများစွာ လိုအပ်နေ
၁ ကျွန်ုပ်တို့ကို ပေါလုက ‘သခင်ဘုရား၏အမှုတော်၌လုပ်ကိုင်စရာများစွာရှိ’ သည်ဟု တိုက်တွန်းအားပေးခဲ့ပါသည်။ (၁ ကော. ၁၅:၅၈) ယင်းသည် အများစုအတွက် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ရမည်ဟူသည့် အဓိပ္ပာယ်သက်ရောက်ပါသည်။ ဤပြီးခဲ့သည့်စက်တင်ဘာတွင် ၅၀၀၀ ကျော်သောသူများသည် ရှေ့ဆောင်လုပ်ငန်း၌ တိုး၍ပါဝင်လာကြပါသည်တကား!
၂ လက်ရှိအချိန်၌ ဤနိုင်ငံတွင် ရှေ့ဆောင်များအဖြစ်အမှုဆောင်သည့်သူအများစုမှာ ညီအစ်မများဖြစ်သည်။ (ဆာ. ၆၈:၁၁) များစွာသောညီအစ်ကိုများသည် အချိန်ပြည့်ကျေးကျွန်များအဖြစ် ပူးပေါင်းပါဝင်နိုင်ပါက အသင်းတော်အတွက် မည်မျှရွှင်လန်းဖွယ်ပါတကား! (ဆာ. ၁၁၀:၃) ယင်းက ညီအစ်ကိုများစွာတွင် အရေးကြီးသည့်လောကီလုပ်ငန်းနှင့် မိသားစုတာဝန်များရှိနေကြောင်းကို သဘောပေါက်နိုင်ပါသည်။ အချို့သူများသည်လည်း အသင်းတော်၏ဝိညာဉ်ရေးလိုအပ်ရာများကိုကြည့်ရှုရန် ကြိုးစားကြရသည်။ နိုင်ငံတော်အကျိုးအတွက် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်နေကြသော ဤသူများကို ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်ပါသည်။—၁ တိ. ၄:၁၀။
၃ သို့ဖြစ်လျက်ပင် အသင်ညီအစ်ကိုများ ရှေ့ဆောင်လုပ်ငန်း၌ တိုး၍ပါဝင်နိုင်ပါမည်လော။ သင်၏ဇနီးသည် ရှေ့ဆောင်လုပ်ငန်း၌ပါဝင်နေပါက သူနှင့်အတူပူးပေါင်းလုပ်ဆောင်နိုင်သလော။ သင်သည် အလုပ်မှအငြိမ်းစားယူပြီးပါက အချိန်ပြည့်အမှုဆောင်ခြင်းတွင်ပါဝင်ခြင်းထက် သင်၏အချိန်ကိုသုံးရန် ကျေနပ်မှုပေးသည့် အခြားနည်းလမ်းမရှိတော့သည်ကို သင်သဘောမတူပေလော။ သင်သည်ကျောင်းပြီးခါစဖြစ်ပါက ထပ်ဆင့်လုပ်ငန်းတော်အခွင့်အလမ်းများကို တက်လှမ်းရန် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ရန်အတွက် စိတ်ထက်သန်မှုနှင့်ဆုတောင်းဖူးသလော။—ဧ. ၅:၁၅-၁၇။
၄ ညီအစ်ကိုတစ်ဦးသည် ကြီးပွားသည့်လုပ်ငန်းကိုစွန့်ပြီး ရှေ့ဆောင်လုပ်နိုင်ရန် အချိန်ပိုင်းအလုပ်ကိုလုပ်ခဲ့သည်။ သူ၏ကောင်းမွန်သည့်ဦးဆောင်မှုကြောင့် သားသမီးလေးယောက်အနက်သုံးယောက်သည် ကျောင်းပြီးပြီးချင်းရှေ့ဆောင်များဖြစ်လာကြသည်။ စတုတ္ထတစ်ယောက်သည် သူတို့နှင့်အတူ ပါဝင်လုပ်ဆောင်ရန် စိတ်ထက်သန်မှုရှိသည်။ ဤညီအစ်ကိုနှင့်သူ့မိသားစုသည် ကြွယ်ဝသောကောင်းချီးများခံစားရသည်။
၅ ကးမားသည့်တံခါးတစ်ခုဖွင့်လျက်ရှိ– ရှေ့ဆောင်လုပ်ငန်းသည် “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး” ကိုဖွင့်ပေးနိုင်ပါသည်။ (၁ ကော. ၁၆:၉) ရှေ့ဆောင်ညီအစ်ကိုများသည် အသင်းတော်တွင် တိုး၍အသုံးခံနိုင်ပါသည်။ ဇွဲရှိသော လယ်ကွင်းလုပ်ဆောင်မှုက ဝိညာဏရင့်ကျက်မှုနှင့် သီအိုကရက်တစ်တိုးတက်မှုကိုရရှိစေပါသည်။ ရှေ့ဆောင်လုပ်ခြင်းသည် လုပ်ငန်းတော်ထပ်ဆင့်အခွင့်အရေးများကို ဖွင့်ပေးနိုင်ပါသည်။ ပထမနှစ်ရှေ့ဆောင်လုပ်ပြီးနောက် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတက်ရခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်ပါသည်။ လူလွတ်ဓမ္မအမှုထမ်းနှင့်အကြီးအကဲများသည် ဓမ္မအမှုလေ့ကျင့်ရေးကျောင်းကို တက်ရောက်နိုင်ပါသည်။ အရည်အချင်းရှိသည့်အိမ်ထောင်သည်များသည် ဂိလဒ်ကျောင်းအတွက် လျှောက်ထားနိုင်ပါသည်။ ညီအစ်ကိုများသည် နောက်ဆုံးတွင် နယ်လှည့်လုပ်ငန်းတော်အတွက် အရည်အချင်းပြည့်မီလာပေမည်။ မှန်ပါသည်၊ ရှေ့ဆောင်ဓမ္မအမှုသည် ယေဟောဝါ၏အဖွဲ့အစည်းတွင် ဤပို၍ကြီးမားသည့်အခွင့်အရေးများရရှိရန်တံခါးကိုဖွင့်ပေးပါသည်။
၆ မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ရန် မိမိတို့၏အရေးကိစ္စများကို စီစဉ်နိုင်သည့်ညီအစ်ကိုများသည် တိုး၍ပေးကမ်းခြင်းမှရရှိလာသည့် ကြီးမားသည့်ပျော်ရွှင်မှုကို ခံစားရပေမည်။—တ. ၂၀:၃၅။