ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၇ စာ. ၁
  • ယေရှုနောက်တော်သို့ အဆက်မပြတ်လိုက်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုနောက်တော်သို့ အဆက်မပြတ်လိုက်လော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါအမှုတော်ကို ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မိမိအလိုသို့လိုက်၍ အသက်မရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ကိုယ်ကျိုးစွန့်စိတ်ထားရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၅/၉၇ စာ. ၁

ယေရှုနောက်တော်သို့ အဆက်မပြတ်လိုက်လော့

၁ တစ်ခါက ယေရှုဤသို့မိန့်မြွက်ခဲ့သည်– “တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုစွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့အဆက်မပြတ်လိုက်ရမည်။” (မ. ၁၆:၂၄၊ ကဘ) ကျွန်ုပ်တို့သည် ယေရှု၏စကားများကို အပြုသဘောရှိရှိတုံ့ ပြန်လိုသည်မှာအမှန်ပင်။ ကိုယ်တော့်ဖိတ်ခေါ်ချက်၏စကားစုတစ်ခုစီတွင် ပါဝင်သည့်အရာများကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြစို့။

၂ “ကိုယ့်ကိုယ်ကိုစွန့်လွှတ်ရမည်”– ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံချိန်တွင် ကျွန်ုပ်တို့ကိုယ်ကိုစွန့်လွှတ်ကြသည်။ “စွန့်လွှတ်” ဟုဘာသာပြန်ဆိုသော ဂရိစကားလုံး၏အခြေခံအဓိပ္ပာယ်မှာ “ငြင်းဆန်ပြောဆိုရန်” ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့၏ရည်မှန်းချက်၊ အလိုဆန္ဒ၊ စည်းစိမ်ချမ်းသာနှင့် ကိုယ့်အလိုဆန္ဒပြည့်ဝမှုများကို စိတ်လိုကိုယ်လျောက်စွန့်လွှတ်ခြင်း—ထာဝစဉ်ကာလပတ်လုံး ယေဟောဝါ၏သဘောကျနှစ်သက်မှုရရှိရန် ပိုင်းဖြတ်ထားခြင်းဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။—ရော. ၁၄:၈; ၁၅:၃။

၃ “ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်းရမည်”– ခရစ်ယာန်အသက်တာသည် ယေဟောဝါထံ ကိုယ်ကျိုးစွန့်အမှုဆောင်ခြင်းတည်းဟူသော ညှဉ်းဆဲခံရာနှက်တိုင်ကို ထမ်းရသည့်အသက်တာဖြစ်သည်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုတင်ပြနိုင်သည့်နည်းတစ်နည်းမှာ ဓမ္မအမှု၌ ကိုယ်တိုင် ကြိုးစားလုပ်ဆောင်နေခြင်းအားဖြင့်ဖြစ်သည်။ ဤနှစ်အထိ ကြေညာသူမြောက်မြားစွာတို့သည် အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ သင်သည် သူတို့ထဲမှတစ်ဦးဖြစ်ကောင်းဖြစ်နိုင်ပြီး သင်ရရှိသည့်ကောင်းချီးသည် သင့်စွန့်လွှတ်အနစ်နာခံမှုအတွက် ရင်းစားရသည်ထက်မကကြောင်း အခိုင်အမာပြောနိုင်သည်။ အရန်ရှေ့ဆောင်မလုပ်နိုင်သူများသည် အသင်းတော်ကြေညာသူများအနေနှင့် ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ကိုပို၍အသုံးပြုရန် ရံဖန်ရံခါ စီစဉ်ခဲ့ကြသည်။ ထိုရည်ရွယ်ချက်ဖြင့် အသင်းတော်တချို့သည် လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများကို ယခင်ထက် မိနစ်အနည်းငယ်စောပြီးကျင်းပရန် စီစဉ်ကြသည်။ အချို့သူများသည်လည်း ‘နောက်ထပ်တစ်အိမ်မျှသာ’ သွားရန် သို့မဟုတ် ‘ပို၍ မိနစ်အနည်းငယ်ကြာ’ လုပ်ဆောင်ရန် ဆုံးဖြတ်ကြသောအခါ အထူးကောင်းမွန်သည့်ရလဒ်များရရှိကြသည်။

၄ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြသည့်အခြားနည်းတစ်နည်းမှာ ကိုယ်ပိုင်ပန်းတိုင်များထားခြင်းအားဖြင့်ဖြစ်သည်။ အသေအချာအစီအစဉ်ဆွဲပြီး မိမိတို့၏ဇယားကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် တချို့သူတို့သည် မှန်မှန်ရှေ့ဆောင်များဖြစ်လာကြသည်။ အခြားသူများမူ ဗေသလ သို့မဟုတ် သာသနာပြုလုပ်ငန်းအတွက် အသင့်ဖြစ်နေရန် မိမိတို့၏ကိစ္စဝိစ္စများကို စီစဉ်နိုင်ကြသည်။ အချို့သူများသည် နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သောဒေသသို့ ပြောင်းရွှေ့ကြသည်။

၅ “ငါ့နောက်သို့ အဆက်မပြတ်လိုက်ရမည်”– ယေရှု၏တပည့်များသည် စမ်းသပ်မှုများစွာကြုံရသော်လည်း ဓမ္မအမှုတွင် ကိုယ်တော်၏ဇွဲနှင့် ခံနိုင်ရည်ရှိခြင်းက သူတို့ကိုအားတက်စေသည်။ (ယော. ၄:၃၄) သူတို့သည် ကိုယ်တော်ရှိနေခြင်းနှင့် ကိုယ်တော့်သတင်းတရားကြောင့် စိတ်သစ်လန်းဆန်းမှုခံစားရသည်။ ထိုအကြောင်းကြောင့် ကိုယ်တော့်နောက်လိုက်သူများတွင် စစ်မှန်သောရွှင်လန်းမှု ထင်ဟပ်နေသည်။ (မ. ၁၁:၂၉) အလားတူ ကျွန်ုပ်တို့သည်လည်း အရေးအကြီးဆုံးသောနိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ခံနိုင်ရည်ရှိရန် အချင်းချင်းအားပေးကြစို့။

၆ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် မိမိနောက်တော်သို့ အဆက်မပြတ်လိုက်ရန် ယေရှု၏ဖိတ်ခေါ်ချက်ကို အပြုသဘောရှိရှိ ကျွန်ုပ်တို့တုံ့ ပြန်ကြစို့။ ထိုသို့လုပ်ဆောင်သည်နှင့်အမျှ ကျွန်ုပ်တို့သည် ယခုလောလောဆယ် ကြီးမားသည့်ရွှင်လန်းမှုကိုရရှိကာ အနာဂတ်တွင် သာ၍ကြီးမားသောကောင်းချီးများကိုပင် မျှော်လင့်စောင့်စားနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ