ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၀ စာ. ၁
  • သင်၌ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၌ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကျိုးစွန့်စိတ်ထားရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါအမှုတော်ကို ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အဘယ်ကြောင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၄/၀၀ စာ. ၁

သင်၌ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသလော

၁ လူသားတို့အတွက် ယေရှုခရစ်၏ကိုယ်ကျိုးစွန့်လုပ်ဆောင်ပြီးမြောက်ခဲ့ရာများကို လေးမြတ်ခြင်းက ကျွန်ုပ်တို့၏အစွမ်းအစ၊ စွမ်းအင်နှင့်ခွန်အားတို့ကို ကိုယ်ကျိုးစွန့်သောနည်းဖြင့်အသုံးပြုရန် ကျွန်ုပ်တို့အားလုံးကို လှုံ့ဆော်ပေးသင့်သည်။ သမ္မာကျမ်းစာက ဤသို့တောင်းဆိုသည်– “ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ရန်နှင့် ကိုယ်တော်နှစ်သက်သော သက်ရှိယဇ်ကောင်သဖွယ်ဖြစ်ရန် သင်တို့၏ကိုယ်ကို ဆက်ကပ်ပူဇော်ကြလော့။” (ရော. ၁၂:၁၊ သက) အခါအားလျော်စွာ မိမိကိုယ်ကိုဆန်းစစ်ခြင်းက သင်သည် သင့်အခြေအနေခွင့်ပြုသရွေ့ အတတ်နိုင်ဆုံး ထိုစိတ်ဓာတ်မျိုးတင်ပြနေမနေကိုသိမြင်စေရန် ကူညီပေးပါလိမ့်မည်။

၂ ကျမ်းစာအသိပညာကိုဆည်းပူးရာတွင်– သင်သည် ပုံမှန် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာမှုအတွက် အချိန်သီးသန့်ဖယ်ထားသလော။ ထိုဇယားအတိုင်း သင်လုပ်ဆောင်သလော။ အသင်းတော်အစည်းအဝေးများအတွက် ကောင်းစွာပြင်ဆင်ခြင်းသည် သင့်လုပ်ရိုးလုပ်စဉ်လော။ သင်သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်လျှင် သင့်အိမ်သားများနှင့် ပုံမှန်ကျမ်းစာလေ့လာသလော။ ယင်းတို့ကိုလုပ်ဆောင်ရန် တီဗွီရှေ့၊ ကွန်ပျူတာရှေ့ သို့မဟုတ် အခြားလိုက်စားမှုများတွင် သုံးသည့်အချိန်ကို စွန့်လွှတ်ဖို့လိုပေမည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်အတွက် သုံးသည့်အချိန်သည် သင့်အား ထာဝရအသက်သို့ ပို့ဆောင်ပေးမည်ကိုသိထားရာ ပြုလုပ်ရသည့်စွန့်လွှတ်မှုသည် အလွန်နည်းပါသည်တကား!—ယော. ၁၇:၃။

၃ သင့်ကလေးများကိုလေ့ကျင့်ပေးရာတွင်– ကိုယ်ကျိုးစွန့်လမ်းစဉ်ကို စသင်ယူရန်အကောင်းဆုံးအချိန်သည် ကလေးဘဝတွင်ဖြစ်သည်။ ကစားရမည့်အချိန်ရှိသကဲ့သို့ အလုပ်လုပ်ရမည့်အချိန်နှင့် သီအိုကရက်တစ်လုပ်ငန်းများအတွက်အချိန်လည်း ရှိရမည်ဖြစ်ကြောင်း သင့်ကလေးများကို သင်ပေးပါ။ (ဧ. ၆:၄) အကျိုးရှိသည့်အိမ်မှုကိစ္စအလုပ်အချို့ကို သူတို့အားပေးထားပါ။ သူတို့နှင့်အတူ ဓမ္မအမှုတွင်ပါဝင်ရန် ပုံမှန်ဇယားတစ်ခုကိုဆွဲထားပါ။ သင့်သွန်သင်ချက်ကို သင်ကိုယ်တိုင်၏ပုံသက်သေကောင်းဖြင့် ထပ်လောင်းဖြည့်စွက်ပါ။

၄ အသင်းတော်လုပ်ငန်းများတွင်– ၎င်းလုပ်ငန်းတွင်ပါဝင်သူတိုင်းသည် ယောက်တိုင်းအကျိုးအတွက် အရာခပ်သိမ်းကိုပြီးမြောက်စေရန် လိုလိုလားလားစွန့်လွှတ်မှုများပြုကြသည့်အခါ အသင်းတော်သည် တိုးတက်ကောင်းမွန်လာ၏။ (ဟေဗြဲ ၁၃:၁၆) သင်သည် နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အချိန်ပို၍အသုံးပြုနိုင်မည်လော။ ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများအား အစည်းအဝေးများသို့ အကြိုအပို့လုပ်ပေးခြင်းဖြင့် အကူအညီပေးရန် စေတနာ့ဝန်ထမ်းနိုင်မည်လော။

၅ ယေရှုသည် မိမိ၏လူသားအသက်တာကို နောက်ဆုံးစွန့်လွှတ်မှုမပြုမီ တပည့်တော်များအား နိုင်ငံတော်ရေးရာများအပေါ် အာရုံစိုက်ကြရန်နှင့် ဘဝတွင်ရှိသည့်အခြားအရာများကို ဒုတိယနေရာတွင်ထားရန် သွန်သင်ခဲ့သည်။ (မ. ၆:၃၃) ယေဟောဝါ၏အမှုတော်ကို ဆက်၍ရွှင်လန်းစွာဆောင်ရွက်နေစဉ် ထိုကဲ့သို့သောကိုယ်ကျိုးစွန့်စိတ်ဓာတ်ထားရှိခြင်းသည် သာ၍ကြီးမားသောပျော်ရွှင်မှုကို ရရှိစေပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ