ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၀ စာ. ၄
  • သင်သည် ရှက်တတ်သူတစ်ဦးလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ရှက်တတ်သူတစ်ဦးလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါဘာကြောင့် ဒီလောက်တောင် အရှက်ကြီးရသလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • အရှက်အကြောက်ကြီးတာကို ဘယ်လို အောင်မြင်ကျော်လွှားနိုင်မလဲ
    လူငယ်များအမေး
  • ယေဟောဝါ သင့်ကို ခွန်အားပေးမယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ၂ တိမောသေ ၁:၇—“ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၇/၀၀ စာ. ၄

သင်သည် ရှက်တတ်သူတစ်ဦးလော

၁ သူ၏မိခင် သို့မဟုတ် ဖခင်နောက်မှ ကျွန်ုပ်တို့ကိုချောင်းကြည့်နေသည့် ကလေးငယ်တစ်ဦးကို တွေ့ရသည့်အခါ ကျွန်ုပ်တို့မအံ့သြကြပါ။ ရှက်တတ်ခြင်းသည် ကလေးတို့၏သဘာဝဖြစ်၏။ လူကြီးဖြစ်လာသည့်အခါ၌ပင် များစွာသောသူတို့သည် ပင်ကိုအားဖြင့် အတော်အတန်ရှက်တတ်ကြသည်။ ရှက်ရွံ့မှုက ဓမ္မအမှုတွင်သင့်ပါဝင်မှုကို ထိခိုက်မည်ဆိုလျှင် သင်ဘာလုပ်နိုင်သနည်း။

၂ ရှက်ရွံ့မှုကိုတိုက်လှန်ခြင်း– “စိတ်နှလုံး၏အတွင်းလူ” ကိုအာရုံစိုက်ရန် အရေးကြီးသည်။ (၁ ပေ. ၃:၄) ယေဟောဝါနှင့် သင့်အိမ်နီးချင်းအပေါ်ထားသည့်မေတ္တာကို သန်စွမ်းစေပါ။ ဟောပြောခြင်းတာဝန်ကိုကျေပွန်ခြင်းသည် ကိုယ်ကျိုးစွန့်မေတ္တာကိုတင်ပြရန် အကောင်းဆုံးနည်းတစ်နည်းဖြစ်သည်ကို လုံးဝယုံကြည်စိတ်ချပါ။ ကိုယ်ပိုင်လေ့လာမှုနှင့် အစည်းအဝေးတက်ခြင်း အလေ့အထကောင်းတစ်ခုကို လိုက်စားပါ။ ယေဟောဝါ၏အကူအညီအတွက် မှန်မှန်နှင့် သတ်သတ်မှတ်မှတ်ဆုတောင်းပါ။ ကိုယ်တော်အား ခိုင်ခံ့သောယုံကြည်ကိုးစားမှုက ယုံကြည်စိတ်ချမှုကိုတည်ဆောက်ပေးကာ “ကြောက်ရွံ့ ခြင်းမရှိဘဲ နှုတ်ကပါဌ်တရားတော်ကို သာ၍ဟောပြောဝံ့” စေမည်ဖြစ်သည်။—ဖိ. ၁:၁၄။

၃ အရည်အချင်းမပြည့်မီဟူသောခံစားချက်များကို တိုက်လှန်ပါ။ တိမောသေသည် ထိုသို့ခံစားခဲ့ရသည်မှာ ထင်ရှားသည်။ ပေါလုက တိမောသေအား “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ် . . . သဘောကိုပေးတော်မူ၏” ဟုသတိပေးကာ “[သူ]၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြုစေနှင့်” ဟူ၍ အားပေးခဲ့သည်။ (၁ တိ. ၄:၁၂; ၂ တိ. ၁:၇) ယေဟောဝါသည် တိမောသေကို အပြည့်အဝအသုံးပြုခဲ့သည်၊ ကိုယ်တော်ကိုလုံးဝယုံကြည်စိတ်ချမှုဖြင့် တိုးတက်ရန်ကြိုးစားလျှင် သင့်ကိုလည်းအသုံးပြုမည်ဖြစ်သည်။—ဆာ. ၅၆:၁၁။

၄ မဿဲ ၁၀:၃၇ ကဲ့သို့သော ကျမ်းချက်တစ်ချက်ကိုသုံးသပ်ခြင်းက ရှက်တတ်ခြင်းကြောင့် အတိုက်အခံပြုသည့်ခင်ပွန်းသည်ကိုကြောက်သည့် ညီအစ်မတစ်ဦးကို အကူအညီဖြစ်စေခဲ့သည်။ စွဲစွဲမြဲမြဲရပ်တည်ခဲ့သည်နှင့်အမျှ ဓမ္မအမှုသည် သူ့အတွက် ပို၍လွယ်ကူလာကာ နောက်ဆုံးတွင် သူ၏ခင်ပွန်း၊ မိခင်နှင့် မောင်များအားလုံး သမ္မာတရားကိုလက်ခံခဲ့ကြသည်!

၅ ပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်– ဓမ္မအမှုအတွက် စေ့စေ့စပ်စပ်ပြင်ဆင်လျှင် သင့်ယုံကြည်စိတ်ချမှု ပို၍တိုးပွားလာမည်ဖြစ်၏။ ကျိုးကြောင်းဆင်ခြင် စာအုပ် သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ယခင်လထုတ်များမှ နမူနာတင်ဆက်မှုတစ်ခုကို ရွေးချယ်သုံးသပ်ကာ အစမ်းလေ့ကျင့်ပါ။ မလိုအပ်သောစိုးရိမ်ပူပန်မှုကို တည်ဆောက်ပေးမည့်အစား အပြုသဘောဖြင့် တွေးတောပါ။ အခြားသူများနှင့် အနီးကပ်လုပ်ဆောင်ခြင်းမှ အားယူပါ။ အိမ်တံခါးဝများတွင် သင်တွေ့ရမည့်သူအများစုသည် သင့်ကဲ့သို့ပင် ရှက်တတ်သူများဖြစ်သည်ကို စိတ်တွင်စွဲမှတ်ထားပါ။ ယောက်တိုင်းသည် နိုင်ငံတော်သတင်းကို လိုအပ်ကြသည်။

၆ သင်သည် ရှက်တတ်လျှင် စိတ်မပျက်ပါနှင့်။ လက်တွေ့ကျင့်သုံးသည်နှင့်အမျှ သတင်းကောင်းကို ထိရောက်စွာဟောပြောနိုင်သူတစ်ဦးဖြစ်ရန် သင့်အား ယေဟောဝါကူညီပေးမည်ဖြစ်သည်။ ဤသို့ဖြင့် သင်သည် သင့်ဓမ္မအမှုတွင် ရွှင်လန်းမှုရရှိပါလိမ့်မည်။—သု. ၁၀:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ