ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၁ စာ. ၁
  • တွန့်ဆုတ်မနေပါနှင့်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တွန့်ဆုတ်မနေပါနှင့်!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “တစ်အိမ်မှ တစ်အိမ်”
    ယေဟောဝါအား တေးသီကျူးကြ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၇/၀၁ စာ. ၁

တွန့်ဆုတ်မနေပါနှင့်!

၁ တစ်အိမ်မှတစ်အိမ်ဟောပြောရန် အသင့်ဖြစ်သည့်အခါ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် အကြီးမားဆုံးအတားအဆီးမှာ ကျွန်ုပ်တို့ကိုယ်တိုင်ပင်ဖြစ်၏။ ကျွန်ုပ်တို့သည် အရည်အချင်းမပြည့်မီဟူသော ခံစားချက်များကြောင့် “လူအပေါင်းတို့” ကို သမ္မာတရားဟောပြောဖို့ တွန့်ဆုတ်ကောင်းတွန့်ဆုတ်ပေမည်။ (၁ တိ. ၂:၄) သို့သော် ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောရန် မတွန့်ဆုတ်သင့်ပါ။ အဘယ်ကြောင့်နည်း။

၂ ယင်းသည် ယေဟောဝါ၏သတင်းစကားဖြစ်၏– ယေဟောဝါသည် မိမိ၏နှုတ်ထွက်စကားကို သမ္မာကျမ်းစာမှတစ်ဆင့် ပြောကြားခဲ့သည်။ ဤသတင်းစကားကို အခြားသူတို့ထံ ကျွန်ုပ်တို့ယူဆောင်သွားသည့်အခါ ကျွန်ုပ်တို့၏အကြံအစည်များကိုမဟုတ်ဘဲ ကိုယ်တော်၏အကြံအစည်များကို သယ်ဆောင်သွားခြင်းဖြစ်၏။ (ရော. ၁၀:၁၃-၁၅) လူတို့သည် နိုင်ငံတော်သတင်းစကားကို ငြင်းပယ်သည့်အခါ အမှန်မှာ ယေဟောဝါကိုငြင်းပယ်နေခြင်းဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့စိတ်ဓာတ်မကျကြပါ။ ဤသတင်းစကားသည် ကမ္ဘာ့အခြေအနေများပြောင်းလဲဖို့ တောင့်တသူများနှင့် မိမိတို့၏ဝိညာဉ်ရေးလိုအပ်ချက်ကို သတိပြုမိသူများ၏ နှစ်လိုဖွယ်တုံ့ပြန်မှုကိုရရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—ယေဇ. ၉:၄; မ. ၅:၃၊ ၆။

၃ ယေဟောဝါသည်လူတို့ကိုဆွဲဆောင်– ယခင်က ကျွန်ုပ်တို့ကိုနားထောင်ဖို့ ငြင်းဆိုသူတစ်ဦးသည် ယခု သူ၏အခြေအနေများပြောင်းလဲကာ နှလုံးအခြေအနေပျော့ပျောင်းလာသောကြောင့် လက်ခံကောင်းလက်ခံပေမည်။ ယေဟောဝါသည် ယခု ထိုသူအပေါ်မျက်နှာသာပြကာ သူ့အား ‘ဆွဲဆောင်’ ကောင်းဆွဲဆောင်ပေမည်။ (ယော. ၆:၄၄၊ ၆၅) ဤသို့ဖြစ်လာသောအခါ ကျွန်ုပ်တို့သည် ထိုသို့သောသူများကိုရှာဖွေရာတွင် ယေဟောဝါ၏အသုံးတော်ခံဖို့နှင့် ကောင်းကင်တမန်၏ညွှန်ကြားမှုကိုခံယူဖို့ အသင့်ရှိလိုကြပါသည်။—ဗျာ. ၁၄:၆။

၄ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဝိညာဉ်တော်ပေးထား– သန့်ရှင်းသောဝိညာဉ်တော်သည် “ယေဟောဝါ၏အခွင့်အာဏာအားဖြင့် ရဲရင့်စွာ” ဟောပြောနိုင်စေသည်။ (တ. ၁၄:၁-၃၊ ကဘ) ကျွန်ုပ်တို့သည် မိမိတို့၏ဓမ္မအမှုတွင် ဤတန်ခိုးပါသောကျောထောက်နောက်ခံပြုမှုကို ရရှိထားကြောင်းသတိရကာ အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ အတန်းဖော်များ၊ ဆွေမျိုးများ၊ ပညာတတ် သို့မဟုတ် လူကုံထံများအား သမ္မာတရားဟောပြောရန် တွန့်ဆုတ်ကြမည်မဟုတ်ပေ။

၅ မည်သို့ပြုရမည်ကို ယေရှုသွန်သင်ပေးခဲ့– ယေရှုသည် စဉ်းစားစရာမေးခွန်းများ၊ လက်တွေ့ကျသောပုံဥပမာများနှင့် ကျမ်းစာကျိုးကြောင်းဆင်ခြင်မှုတို့ကို အသုံးပြုခဲ့သည်။ ကိုယ်တော်သည် သမ္မာတရားကို ရိုးရိုးကလေးနှင့် နှစ်သက်ဖွယ်နည်းဖြင့် နှလုံးပါပါ ရှင်းပြခဲ့သည်။ ၎င်းတို့သည် ယနေ့အထိ အကောင်းဆုံးနည်းများဖြစ်နေဆဲပင်။ (၁ ကော. ၄:၁၇) ကျွန်ုပ်တို့ဟောပြောရသည့်အခြေအနေမှာ အမျိုးမျိုးပြောင်းလဲနိုင်သော်လည်း တန်ခိုးပါသောနိုင်ငံတော်သတင်းစကားမှာမူ မပြောင်းလဲပေ။

၆ ကျွန်ုပ်တို့သည် ထူးခြားပြီးအရေးပါသည့်နည်းဖြင့် လူတို့ကိုကူညီရန် ယေဟောဝါ၏အသုံးပြုခြင်းခံရသည့်အခွင့်ထူးကို ရရှိထားကြသည်။ တွန့်ဆုတ်မနေကြစို့နှင့်! ကျွန်ုပ်တို့သည် ရဲစွမ်းသတ္တိရှိကာ အခြားသူတို့အား သတင်းကောင်းဟောပြောနိုင်ရန် “တရားဟောရာတံခါးကို ငါတို့အားဖွင့်” ပေးဖို့ ယေဟောဝါအား ခွင့်ပြုနိုင်ကြပါစေ။—ကော. ၄:၂-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ