ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၄ စာ. ၁
  • ဘုရားသခင် ကူညီထောက်ပံ့သည့်လုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ကူညီထောက်ပံ့သည့်လုပ်ငန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာမန်ထက်ထူးကဲသောတန်ခိုးတော်ကို ယေဟောဝါပေးသနား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဟောပြောခြင်းအခွင့်ထူးကို တန်ဖိုးထားပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင့် နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာ ဆက်လက်၍ ဟောပြောလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၂/၀၄ စာ. ၁

ဘုရားသခင် ကူညီထောက်ပံ့သည့်လုပ်ငန်း

၁ယနေ့ ဘုရားသခင့်ကျေးကျွန်များအလယ်တွင် လက်ရှိအစီအစဉ်စနစ်၌ ထူးချွန်သောပညာရေး၊ ချမ်းသာကြွယ်ဝမှု သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကို ပိုင်ဆိုင်ကြသူနည်း၏။ ယင်းကြောင့် အချို့သူများက ကျွန်ုပ်တို့၏ဓမ္မအမှုကို အရေးမပါသည့်အလား ငြင်းပယ်ကြသည်။ (ဟေရှာ. ၅၃:၃) သို့သော် ကျွန်ုပ်တို့လုပ်ဆောင်သည့် ကျမ်းစာပညာပေးလုပ်ငန်းက ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအား နှစ်သိမ့်မှုနှင့် မျှော်လင့်ချက် ရရှိစေခဲ့ပြီ။ သာမန်လူတို့သည် ထိုသို့သောထူးခြားသည့် အကျိုးကျေးဇူးများကို မည်သို့ရရှိခဲ့ကြသနည်း။ ဘုရားသခင်၏ ကူညီထောက်ပံ့မှုအားဖြင့်သာဖြစ်၏။ (မ. ၂၈:၁၉၊ ၂၀; တ. ၁:၈) တမန်တော်ပေါလုက “ဘုရားသခင်သည် ... အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏” ဟု ရှင်းပြခဲ့သည်။—၁ ကော. ၁:၂၆-၂၉။

၂ တမန်တော်ပေါလုနှင့် အခြားသော ပထမရာစုခရစ်ယာန်တို့သည် အများအားဖြင့် “လူတတ်မဟုတ်၊ လူသာမည” များသာဖြစ်ကြ၏။ (တ. ၄:၁၃) သို့တိုင် သူတို့သည် သတင်းကောင်းဟောပြောခြင်းတာဝန်ကို ရဲရင့်စွာထမ်းဆောင်ခဲ့ကြရာ သူတို့၏ ကြိုးစားမှုများကို ယေဟောဝါ ကောင်းချီးပေးခဲ့သည်။ အတားအဆီးများနှင့် အတိုက်အခံများကြား “ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် အားကြီးစွာတိုးပွားလျက် လွှမ်းမိုးလေ၏။” ယေဟောဝါ၏ ကူညီထောက်ပံ့မှုရရှိခြင်းကြောင့် အဘယ်အရာကမျှ ထိုလုပ်ငန်းကို မဟန့်တားနိုင်ခဲ့ချေ။ (တ. ၅:၃၈၊ ၃၉; ၁၉:၂၀၊ ကဘ) မျက်မှောက်ခေတ်တွင်လည်း အလားတူပင်ဖြစ်၏။ အင်အားကြီးအုပ်စိုးရှင်များ၏ အလျှော့မပေးသော ဆန့်ကျင်တိုက်ခိုက်မှုများပင် သတင်းကောင်း တိုးပွားပျံ့နှံ့မှုကို မဟန့်တားနိုင်ခဲ့ချေ။—ဟေရှာ. ၅၄:၁၇။

၃ အားလုံးအတွက် ယေဟောဝါကိုချီးမွမ်း– ဘုရားသခင်၏ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့၏မျက်နှာသာရ အနေအထားက ကျွန်ုပ်တို့ကိုယ်ကို ဝါကြွားရန် အကြောင်းရှိစေသလော။ လုံးဝမရှိစေပါ။ ခရစ်ယာန်ဓမ္မအမှုကိုရည်ညွှန်း၍ ပေါလုက “တန်ခိုးတော်၏ဂုဏ်အသရေ [“သာမန်ထက်ထူးကဲသောတန်ခိုးတော်၊” ကဘ] သည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏” ဟု ရေးသားခဲ့သည်။ (၂ ကော. ၄:၇) မိမိသည် ဘုရားပေးခွန်အားဖြင့်သာ ဓမ္မအမှုကို ထမ်းဆောင်နိုင်ခဲ့ကြောင်း ပေါလုအသိအမှတ်ပြုခဲ့သည်။—ဧ. ၆:၁၉၊ ၂၀; ဖိ. ၄:၁၃။

၄ ကျွန်ုပ်တို့လည်းဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်လျက်ရှိခြင်းမှာ ‘ဘုရားသခင်မစတော်မူသော ကျေးဇူးတော်ကို ခံရ’ ခြင်းကြောင့်သာဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။ (တ. ၂၆:၂၂) ထိုသို့သော ကမ္ဘာချီကြွေးကြော်ခြင်းအားဖြင့် ယေဟောဝါသည် လူမျိုးများအား တုန်လှုပ်နေစေရန် ထူးခြားသောနည်းဖြင့် ကျွန်ုပ်တို့ကို အသုံးပြုလျက်ရှိသည်၊ ယင်းသည် မကြာမီရောက်ရှိလာမည့် တရားစီရင်ခြင်းဆိုင်ရာနိမိတ်ဖြစ်သည့် လှုပ်ခြင်းဖြစ်၏။ (ဟဂ္ဂဲ ၂:၇) မြင့်မြတ်သောဝိညာဏရိတ်သိမ်းခြင်းတွင် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ” ဖြစ်ရခြင်းသည် ကျွန်ုပ်တို့အတွက် အခွင့်ထူးပါတကား!—၁ ကော. ၃:၆-၉၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ