ခရိုင်စည်းဝေးကြီးက ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေး
“ဘုရားသခင်နှင့်အတူလျှောက်လှမ်းလော့” ခရိုင်စည်းဝေးကြီးက “အသင်လူတို့၊ ဤသည် လမ်းဖြစ်၏။ ဤအတိုင်း လျှောက်လှမ်းလော့” ဟူသော ယေဟောဝါ၏ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်ကို ပဲ့တင်ထပ်ခဲ့ပါသည်တကား! (ဟေရှာ. ၃၀:၂၁၊ ကဘ) ကျွန်ုပ်တို့ရရှိခဲ့သည့် ညွှန်ကြားချက်ကို လက်တွေ့ကျင့်သုံးခြင်းက ‘ကျွန်ုပ်တို့မည်သို့ လျှောက်လှမ်းသည်ကို စေ့စေ့သတိပြု’ ရန် ကူညီပေးပါလိမ့်မည်။ (ဧ. ၅:၁၅၊ ကဘ) ကျွန်ုပ်တို့သိရှိခဲ့ရာများကို တွေးတောဆင်ခြင်ခြင်းက “သမ္မာတရား၌ ဆက်လက်လျှောက်လှမ်းနေ” ရန် ကျွန်ုပ်တို့ကို ထောက်ကူပါလိမ့်မည်။—၃ ယော. ၃၊ ကဘ။
စည်းဝေးကြီးအစီအစဉ်ကိုသုံးသပ်ရာတွင် ကြိုတင်ပြင်ဆင် ပါဝင်ရန် သင်၏ကိုယ်ပိုင်မှတ်စုများနှင့်အတူ အောက်ပါမေးခွန်းများကို အသုံးပြုပါ။ ဇန်နဝါရီ ၁၇ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင် သုံးသပ်မှုပြုလုပ်မည်ဖြစ်သည်။
၁။ ဧနောက်သည် ကသောင်းကနင်းနိုင်သောအချိန်တွင် အသက်ရှင်နေရသော်လည်း ဘုရားသခင်နှင့်အတူ မည်သို့လျှောက်လှမ်းနိုင်ခဲ့သနည်း။ (ဟေဗြဲ ၁၁:၁၊ ၅၊ ၆; ယု. ၁၄၊ ၁၅; “ကသောင်းကနင်းနိုင်သော အချိန်ကာလတွင် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းလော့”)
၂။ လုကာ ၁၆:၁၀ ပါမူကို အသက်တာ၏ မည်သည့်ကဏ္ဍများ၌ လက်တွေ့ကျင့်သုံးနိုင်သနည်း။ (“သင်သည် ‘သေးငယ်သောအမှု၌ သစ္စာရှိ’ သလော”)
၃။ (က) ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့ကိုကူညီပေးမည့် ဟောရှေ အခန်းကြီး ၆ မှ ၉ တွင်တွေ့ရသည့် လက်တွေ့ကျသင်ခန်းစာလေးခုကို ဖော်ပြပါ။ (ဟော. ၆:၆၊ ၇; ၇:၁၄; ၈:၇) (ခ) ဟောရှေ အခန်းကြီး ၁၀ မှ ၁၄ တွင်ပါသည့် နောက်ထပ်အဘယ်အချက်များက ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့ကို ကူညီပေးသနည်း။ (“ဟောရှေ၏ ပရောဖက်ပြုချက်က ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့ကိုကူညီပေး”—အခန်းဆက်)
၄။ ခရစ်ယာန်လင်ယောက်ျားများနှင့် ဇနီးသည်တို့သည် အိမ်ထောင်ခိုင်မြဲရန် လက်တွေ့ကျသော အဘယ်အရာများကို လုပ်နိုင်သနည်း။ (သု. ၁၂:၄; ဧ. ၅:၂၉; “‘ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို’ မခွဲမခွာစေနှင့်”)
၅။ ကျွန်ုပ်တို့၏အထွတ်အမြတ်စုရုံးမှုတို့ကို လေးစားကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြကြသနည်း။ (ဒေ. ၅:၁; ဟေရှာ. ၆၆:၂၃; “ကျွန်ုပ်တို့၏အထွတ်အမြတ်စုရုံးမှုတို့ကို လေးစားကြောင်းတင်ပြ”)
၆။ (က) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်နေကြောင်း သေချာစေရန် ဟောပြောခြင်းလုပ်ငန်း၏ အရေးပါသောအဘယ်ကဏ္ဍသုံးခုကို ဆန်းစစ်သင့်သနည်း။ (ဟေရှာ. ၅၂:၇; ဇာ. ၈:၂၃; မာ. ၆:၃၄) (ခ) လူမျိုးအပေါင်းမှလူတို့အတွက် သတင်းကောင်း စာအုပ်၏ အဘယ်ကြန်အင်လက္ခဏာများသည် အထူးအသုံးဝင်ကြောင်း သင် တွေ့ရှိသနည်း။ (“လူမျိုးအပေါင်းမှလူတို့အတွက် သတင်းကောင်း”; “ဘာသာခြားစကားပြောသူများကို ကူညီပေးခြင်း”)
၇။ နိုင်ငံတော်သတင်းကို တင်ဆက်ရာတွင် ယုံကြည်စိတ်ချမှုရှိရန် လူသစ်များအား မည်သို့ကူညီပေးနိုင်သနည်း။ (သူကြီး. ၇:၁၇; “ဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်အတူ လူများစွာပါဝင်လာရန် ကူညီပေးခြင်း”)
၈။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့ကြီး နီးပြီ” ဖြစ်ကြောင်း ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို မည်သို့ပြသကြသနည်း။ (ဇေ. ၁:၁၄; “မျက်မှောက်မမြင်ဘဲ ယုံကြည်ခြင်းရှိသည်အတိုင်း လျှောက်လှမ်းခြင်း”)
၉။ (က) ထိမိ၍လဲစေခြင်းသည် မည်မျှအပြစ်ကြီးလေးသနည်း။ (မာ. ၉:၄၂-၄၈) (ခ) ထိမိ၍လဲခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။ (ဆာ. ၁၁၉:၁၆၅) (ဂ) အခြားသူများအား ထိမိ၍လဲစေခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။ (၁ ကော. ၁၀:၂၄; “‘ထိမိ၍လဲစေမည့် မည်သည့်အကြောင်းကိုမဆို’ ရှောင်”)
၁၀။ အိမ်ထောင်ဖက်ရှာရာတွင်၊ ကျန်းမာရေးလိုက်စားရာတွင်နှင့် စီးပွားရေးကိစ္စများကို ကိုင်တွယ်ရာတွင် ကျွန်ုပ်တို့၏ဟန်ချက်ကို မည်သို့ထိန်းသိမ်းနိုင်သနည်း။ (ဆာ. ၂၆:၄; မ. ၆:၂၅; ၁ တိ. ၆:၉; “သမ္မာသတိရှိကြလော့”)
၁၁။ (က) အခြားသူများ၏ဧည့်ဝတ်ပြုမှုကို ယေရှုခံယူခဲ့သည့် အခါသမယများနှင့်ပတ်သက်၍ မှတ်သားထိုက်သည့်အရာကား အဘယ်နည်း။ (လု. ၁၀:၄၂; ၂၄:၃၂) (ခ) အပန်းဖြေရန်လိုအပ်ချက်ကို ကျွန်ုပ်တို့နှင့် အခြားသူတို့အား လန်းဆန်းစေသည့်နည်းဖြင့် မည်သို့ဖြည့်ဆည်းနိုင်သနည်း။ (၁ ကော. ၁၀:၃၁-၃၃; “လန်းဆန်းစေသော အကျိုးပြု လုပ်ဆောင်မှုများ”)
၁၂။ ဆာလံ ၂၃ အရ ကျွန်ုပ်တို့သည် ယေဟောဝါ၏သိုးများအနေဖြင့် မည်သည့်ကောင်းချီးများရရှိကြသနည်း၊ ကျွန်ုပ်တို့၏တာဝန်များကား အဘယ်နည်း။ (၁ ကော. ၁၀:၂၁; “ယေဟောဝါသည် ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်တော်မူ၏”)
၁၃။ ခရစ်ယာန်များသည် “အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့” ဟူသော မှုတ်သွင်းခံအကြံပြုချက်ကို မည်သို့လိုက်နာကြသနည်း။ (ဧ. ၅:၁၆၊ ကဘ; “အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့”)
၁၄။ (က) ဗျာဒိတ် ၁၄:၇ တွင်ဖော်ပြထားသည့် “တရားစီရင်တော်မူသောအချိန်” တွင် အဘယ်အရာပါဝင်သနည်း။ (ခ) ကျွန်ုပ်တို့သည် မဟာဗာဗုလုန်နှင့် အမှန်ပင်သီးခြားနေကြောင်း မည်သို့သက်သေထူကြသနည်း။ (“‘စောင့်နေကြလော့’—တရားစီရင်ချိန်ရောက်ပြီ”) (ဂ) စောင့်နေကြလော့! ဘရိုရှာမှ မည်သည့်အချက်များကို သင်နှစ်သက်ခဲ့ပြီနည်း။
၁၅။ ကျွန်ုပ်တို့ ‘ဖြောင့်သောလမ်းကိုစွန့်’ ခြင်းမပြုရန် လိုအပ်သည့်အရည်အသွေးသုံးခုကို ဖော်ပြပါ။ (၂ ပေ. ၂:၁၅; “‘ဖြောင့်သောလမ်းကိုစွန့်’ ခြင်းမပြုရန် သတိပြုလော့”)
၁၆။ လူငယ်တို့သည် “လူဆိုးတို့လမ်း” ကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။ (သု. ၄:၁၄၊ သမ္မာ; “လူငယ်တို့—ဖြောင့်မတ်ခြင်းတရားလမ်း၌ လျှောက်လှမ်းလော့”)
၁၇။ (က) ပေါလုသည် ခံနိုင်ရည်တင်ပြရာတွင် မည်သည့်နည်းများဖြင့် အလွန်ကောင်းသောပုံသက်သေဖြစ်ခဲ့သနည်း။ (တ. ၁၄:၁၉၊ ၂၀; ၁၆:၂၅-၃၃) (ခ) စစ်မှန်သောဝတ်ပြုရေးကို ဆန့်ကျင်သူများအား အဘယ်ကြောင့် ကြောက်ရွံ့ဖို့မလိုသနည်း။ (ပြဇာတ်နှင့် “ဆန့်ကျင်မှုကြားမှ ယနေ့ စေ့စေ့စပ်စပ် သက်သေခံကြလော့” ဟောပြောချက်)
၁၈။ ဘုရားသခင်နှင့်အတူလျှောက်လှမ်းသူများသည် မည်သည့်ကောင်းချီးများရရှိကြသနည်း။ (“ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းက ယခုနှင့် ထာဝစဉ် ကောင်းချီးများရရှိစေ”)
ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့်အတူ ထာဝစဉ်လျှောက်လှမ်းရန်အလို့ငှာ ‘ကျွန်ုပ်တို့နောက်၌ ပြောသောစကားသံ’ ကို လိုက်နာဖို့ သန္နိဋ္ဌာန်ချနိုင်ကြပါစေ။—ဟေရှာ. ၃၀:၂၁; ယော. ၃:၃၆။