ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၄ စာ. ၁
  • သင်ကူညီနိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ကူညီနိုင်မည်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသူများအားကူညီရန် သင် “အလိုရှိ” သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • သစ္စာရှိသက်ကြီးရွယ်အိုများကို သတိရပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • သင့်ရဲ့ ဖိတ်ခေါ်ခြင်းကို တိုးချဲ့နိုင်မလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၁၁/၀၄ စာ. ၁

သင်ကူညီနိုင်မည်လော

၁ ယေဟောဝါသည် သစ္စာစောင့်သိသော မိမိ၏ကျေးကျွန်များအား ကူညီရန် နည်းလမ်းများကို အမြဲရှာကြံနေသည်။ (၆ ရာ. ၁၆:၉; ဟေရှာ. ၄၁:၁၀၊ ၁၃) ဂရုစိုက်သောသိုးထိန်းတစ်ဦးနှင့် ကိုယ်တော်အား နှိုင်းယှဉ်ကာ ဟေရှာယက ဤသို့ရေးသားခဲ့သည်– “သိုးသငယ်တို့ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာပို့ဆောင်တော်မူမည်။” (ဟေရှာ. ၄၀:၁၁) ယေဟောဝါ၏ မေတ္တာပါသောစိတ်ဝင်စားမှုကို ကျွန်ုပ်တို့တုပနိုင်သည့် နည်းလမ်းအချို့ကို သုံးသပ်ကြည့်ပါ။

၂ လူသစ်များကိုကူညီပါ– ကျွန်ုပ်တို့နှင့်အတူ တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှုတွင် ပျော်မွေ့ရန် လူသစ်များအား ဖိတ်ခေါ်ခြင်းဖြင့် ကူညီပေးနိုင်သည်။ (သု. ၁၃:၂၀) အသင်းတော်နှင့် စတင်ပေါင်းသင်းသည့်အခါ မိမိအား အခြားသူများကူညီပေးပုံကို ပြန်သတိရကာ ညီအစ်ကိုတစ်ဦးက ဤသို့ဆို၏– “မိသားစုတစ်စုဟာ သူတို့ရဲ့မိသားစုသင်အံမှုမှာ ကျွန်တော့်ကို အကြိမ်ကြိမ်ပါဝင်စေခဲ့တယ်။ ကျွန်တော်တိုးတက်လာတာနဲ့ ရှေ့ဆောင်လူငယ်မောင်နှံတစ်စုံက ဓမ္မအမှုမှာ သူတို့နဲ့အတူ တစ်နေကုန်ပါဝင်ဖို့ အမြဲဖိတ်ခေါ်တယ်။ အလွန်ကောင်းတဲ့ ဝိညာဉ်ရေး အကြောင်းအရာတွေကို ကျွန်တော်တို့ အမြဲပြောဆိုခဲ့ကြတယ်။” သူက ဤသို့ထပ်ဆင့်၏– “ခရစ်ယာန်တစ်ဦးဖြစ်မလာခင်က သောကြာနဲ့ စနေနေ့ညတွေမှာ အပြင်ထွက်ပြီး ပေါင်းသင်းမှုရှာလေ့ရှိတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေနဲ့အတူရှိနေတဲ့အချိန်ဟာ ကျွန်တော်ရဲ့ ပေါင်းသင်းမှုလိုအပ်ချက်ကို ပြည့်ဝစေခဲ့တယ်။” အသင်းတော်၏ မေတ္တာပါသောစိတ်ဝင်စားမှုက ဤညီအစ်ကိုအား ယုံကြည်ခြင်းတွင် ကောင်းစွာအမြစ်စွဲပြီး မြဲမြံသူဖြစ်လာရန် ကူညီပေးခဲ့ရာ ယခုဆိုလျှင် သူသည် ဗေသလမိသားစုဝင်တစ်ဦးအဖြစ် အမှုတော်ဆောင်လျက်ရှိ၏။—ကော. ၂:၆၊ ၇။

၃ အချင်းချင်းတည်ဆောက်ပါ– ကျွန်ုပ်တို့၏ညီအစ်ကိုများ ခက်ခဲသောအခြေအနေများနှင့် ကြုံရသည့်အခါ ကူညီပေးရန် အခွင့်အလမ်းတစ်ခုကို ကျွန်ုပ်တို့သတိပြုမိပေမည်။ အိုမင်းမစွမ်းသောကြေညာသူတစ်ဦးနှင့်အတူ တယ်လီဖုန်းဖြင့် သက်သေခံခြင်းတွင်ပါဝင်ရန် စီစဉ်နိုင်မည်လော သို့မဟုတ် အိုမင်းမစွမ်းသူ၏အိမ်တွင်ပင် သင်သားကို ခေါ်ယူကျင်းပသည့် ကျမ်းစာသင်အံမှုတွင် သင်နှင့်အတူပါဝင်ရန် သူ့အား ဖိတ်ခေါ်နိုင်မည်လော။ ကလေးငယ်များရှိသည့် မိဘတစ်ဦးသည် ဓမ္မအမှုတွင်ပါဝင်သည့်အခါ အကူအညီလိုအပ်မည်လော။ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ သို့မဟုတ် ဓမ္မအမှု၏ အခြားကဏ္ဍအချို့တွင် ပါဝင်သည့်အခါ သင်၏အကူအညီကို ကြိုဆိုလက်ခံကြမည့် ရှက်ကြောက်တတ်သူများရှိသလော။ ကျွန်ုပ်တို့၏ညီအစ်ကိုများအပေါ် မေတ္တာပါသောစိတ်ဝင်စားမှုက သူတို့ကို တည်ဆောက်ရန် နည်းလမ်းများရှာကြံဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။—ရော. ၁၄:၁၉။

၄ မိမိ၏ကျေးကျွန်များအပေါ် ယေဟောဝါ၏ အကြင်နာပြည့်ဝသောစိတ်ဝင်စားမှုကို ကျွန်ုပ်တို့တုပကြသည့်အခါ တစ်ဦးကိုတစ်ဦး ခွန်အားရှိစေရုံမက အသင်းတော်ကို မေတ္တာဖြင့်ပေါင်းစည်းစေကာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၏ဘုန်းကို ထင်ရှားစေကြသည်။—ဧ. ၄:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ