ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၄ စာ. ၈
  • ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ဆွေမျိုးများကော မည်သို့နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
    ကင်းမျှော်စင်—မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
  • သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အမှန်တရားက “ငြိမ်သက်ခြင်းအစား ဓားကို” ယူဆောင်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၁၂/၀၄ စာ. ၈

ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း

၁။ ဆွေမျိုးများအား သက်သေခံသည့်အခါ အဘယ်ကြောင့် ပိုင်းခြားသိမြင်မှုရှိဖို့လိုသနည်း။

၁ ကျွန်ုပ်တို့ချစ်မြတ်နိုးသူများနှင့်အတူ ကမ္ဘာသစ်ထဲဝင်ကာ ယေဟောဝါအား စည်းလုံးစွာဝတ်ပြုရခြင်းထက် သာ၍ပျော်ရွှင်စရာ ရှိနိုင်ဦးမည်လော! ဆွေမျိုးများအား သက်သေခံခြင်းဖြင့် ဤပျော်ရွှင်ဖွယ်အလားအလာသည် အမှန်တကယ်ဖြစ်လာနိုင်သည်။ သို့သော် လန်းဆန်းစေသောနည်းဖြင့် ယင်းကိုပြုလုပ်ရန် ပိုင်းခြားသိမြင်မှုရှိဖို့လို၏။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦး ဤသို့သတိပြုမိခဲ့သည်– “တစ်ခွန်းစနှစ်ခွန်းစပုံမှန်သက်သေခံခြင်းဖြင့် ဆွေမျိုးများ၏သိချင်စိတ်ကို နှိုးဆွပေးသူများသည် အကောင်းဆုံးအကျိုးရလဒ်များကို ရရှိကြသည်။” ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။

၂။ ဆွေမျိုးများ၏သိချင်စိတ်ကို နှိုးဆွပေးရန် သူတို့အား အမှန်တကယ်စိတ်ဝင်စားခြင်းက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။

၂ သူတို့၏သိချင်စိတ်ကို နှိုးဆွပေးပါ– သင့်ဆွေမျိုးများ၏စိတ်ဝင်စားမှုကို မည်သို့နှိုးဆွပေးနိုင်ကြောင်း ဂရုတစိုက် ကြိုတင်စဉ်းစားပါ။ (သု. ၁၅:၂၈) သူတို့၏စိုးရိမ်မှုများကား အဘယ်နည်း။ အဘယ်စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်နေရသနည်း။ သင်သည် သူတို့အား ဆောင်းပါးတစ်ခုကို ပြနိုင်သည် သို့မဟုတ် သူတို့အထူးစိတ်ဝင်စားသည့် အကြောင်းအရာနှင့်ဆိုင်သော နှစ်လို့ဖွယ် ကျမ်းချက်တစ်ချက်ကို ဖော်ပြနိုင်သည်။ သင့်ဆွေမျိုးများသည် အနီးအနားတွင်မနေပါက စာဖြင့် သို့မဟုတ် တယ်လီဖုန်းဖြင့် ယင်းကို ပြုလုပ်နိုင်သည်။ သူတို့ကို လွှမ်းမိုးဖိစီးမှုမဖြစ်စေဘဲ သမ္မာတရားမျိုးစေ့ကိုကြဲကာ ထိုမျိုးစေ့များပေါက်လာရန် ယေဟောဝါကို မျှော်ကိုးပါ။—၁ ကော. ၃:၆။

၃။ ကျွန်ုပ်တို့အပေါ်ရှိသော ဆွေမျိုးများ၏စိတ်ဝင်စားမှုက သက်သေခံဖို့ မည်သို့လမ်းပွင့်လာစေနိုင်သနည်း။

၃ နတ်ဆိုးများစွာကို မိမိနှင်ထုတ်ပေးခဲ့သူတစ်ဦးအား ယေရှုက ဤသို့ညွှန်ကြားခဲ့သည်– “ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌အဘယ်မျှလောက်ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့။” (မာ. ၅:၁၉) ယင်းက သူ၏ဆွေမျိုးများစိတ်ထဲ စွဲမှတ်စရာဖြစ်စေမည်ကို မြင်ယောင်ကြည့်ပါ! သင်သည် ထိုသို့သောထူးခြားသည့်ဖြစ်ရပ်မျိုး ကြုံချင်မှကြုံမည်ဖြစ်သော်လည်း သင်၏ဆွေမျိုးများသည် သင် သို့မဟုတ် သင့်ကလေးများ၏လုပ်ဆောင်မှုများကို စိတ်ဝင်စားလာနိုင်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်ဟောခဲ့သည့် ဟောပြောချက်တစ်ခု၊ သင်တက်ရောက်ခဲ့သည့် စည်းဝေးကြီးတစ်ခု၊ ဗေသလသို့ အလည်တစ်ခေါက် သို့မဟုတ် ထူးခြားသည့် ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပြောပြခြင်းဖြင့် ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းအကြောင်း ထပ်မံဝေမျှရန် လမ်းပွင့်နိုင်သည်။

၄။ ဆွေမျိုးများအား သက်သေခံသည့်အခါ အဘယ်အန္တရာယ်များကို ရှောင်ကွင်းသင့်သနည်း။

၄ ပိုင်းခြားသိမြင်မှုရှိပါ– ဆွေမျိုးများအား သက်သေခံသည့်အခါ တစ်ခါတည်းနှင့် များများပြောခြင်းကိုရှောင်ပါ။ သူကျမ်းစာစလေ့လာခဲ့သည့်အချိန်ကို ပြန်အမှတ်ရကာညီအစ်ကိုတစ်ဦး ဤသို့ဝန်ခံခဲ့သည်– “အဲဒီတုန်းက အမေကို ကျမ်းစာကနေ ကျွန်တော်သိရှိခဲ့တဲ့အရာအားလုံးနီးပါးအကြောင်း နာရီနဲ့ချီပြီး တရစပ်ရှင်းပြခဲ့တယ်။ အဲဒါကြောင့် ခဏခဏ အငြင်းအခုံဖြစ်ခဲ့ရတယ်၊ အထူးသဖြင့် ကျွန်တော့်အဖေနဲ့ပေါ့။” ဆွေမျိုးတစ်ဦးသည် ကျမ်းစာသတင်းတရားကို စိတ်ဝင်စားမှုပြသည့်အခါ၌ပင် နောက်ထပ်သိချင်စိတ်ဖြစ်ပေါ်စေသောနည်းဖြင့် ဖြေဆိုပါ။ (သု. ၂၅:၇) ဓမ္မအမှုတွင် သူစိမ်းများနှင့်ပြောဆိုသည့်အခါ လေးစားမှု၊ ကြင်နာမှုနှင့် သည်းခံမှုတို့ကို သင် ပြသမည်ဖြစ်သကဲ့သို့ ဆွေမျိုးများထံတွင်လည်း ၎င်းတို့ကို အမြဲပြပါ။—ကော. ၄:၆။

၅။ ဆွေမျိုးများအား သက်သေခံသည့်အခါ ကောင်းစွာမတုံ့ပြန်လျှင် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်သင့်သနည်း။

၅ တစ်ခါက ယေရှု၏ဆွေမျိုးများသည် ကိုယ်တော်အား ရူးသွားပြီဟုထင်ခဲ့ကြသည်။ (မာ. ၃:၂၁) သို့သော် နောက်ပိုင်းတွင် ဆွေမျိုးအချို့ ယုံကြည်သူများဖြစ်လာသည်။ (တ. ၁:၁၄) ဆွေမျိုးများသည် သမ္မာတရားဝေမျှရန် သင်၏အစပြုကြိုးစားမှုများကို ကောင်းစွာလက်မခံလျှင် လက်မလျှော့လိုက်ပါနှင့်။ အခြေအနေနှင့် သဘောထားများသည် ပြောင်းသွားနိုင်သည်။ သူတို့၏သိချင်စိတ်ကို နှိုးဆွပေးနိုင်မည့် အချက်တစ်ချက်ကို ပြောပြရန် နောက်ထပ်အခွင့်အရေး ဆက်ရှာပါ။ သင်သည် ထာဝရအသက်လမ်းပေါ် ရောက်ရှိရန် သူတို့ကိုကူညီပေးခြင်းမှ ပျော်ရွှင်မှုရရှိပေမည်။—မ. ၇:၁၃၊ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ