တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်
ပျက်စီးယိုယွင်းနေသည့် ဤကမ္ဘာဟောင်း၏ နောက်ဆုံးနေ့ရက်များအတွင်း ကျွန်ုပ်တို့၏ဝိညာဏဝတ်ရုံနှင့် ခရစ်ယာန်ဂုဏ်ပုဒ်ကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီးသည်။ (ဗျာ. ၁၆:၁၆) ထို့ကြောင့် “ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟူသော ၂၀၀၆ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲ၏ အဓိကအကြောင်းသည် သင့်လျော်ပါသည်။—ကော. ၃:၁၀၊ ကဘ။
ပထမနေ့–“ဥပဓိရုပ်သစ်၏ အသွင်အပြင်များကို ထင်ရှားပြခြင်း” ဟူသော ပထမအခန်းဆက်ဟောပြောချက်က ဥပဓိရုပ်သစ်ကို ပြုစုပျိုးထောင်ခြင်းသည် ဘဝကဏ္ဍအသီးသီးတွင် ကျွန်ုပ်တို့အား မည်သို့အကျိုးပြုကြောင်း ပေါ်လွင်စေပါမည်။ ဥပဓိရုပ်သစ်ကို ကျွန်ုပ်တို့ မည်သို့ ပြုစုပျိုးထောင်ကြမည်နည်း။ ယင်းကို “လျောက်ပတ်စွာတွေးတောဆင်ခြင်ရန် သင့်ကိုယ်သင် ကြပ်မတ်ပါ” နှင့် “ဥပဓိရုပ်သစ်ကိုပုံသွင်းပေးသည့် ပညာရေး” ဟူသော ပထမနေ့၏နောက်ဆုံးဟောပြောချက်နှစ်ခုတွင် သုံးသပ်ပါလိမ့်မည်။
ဒုတိယနေ့–“ပညာရှိတို့၏လျှာဖြစ်ရန် ပြုစုပျိုးထောင်ခြင်း” ဟူသော ဒုတိယအခန်းဆက်ဟောပြောချက်တွင် ဥပဓိရုပ်သစ်က ကျွန်ုပ်တို့၏လျှာအသုံးပြုမှုအပေါ် ဩဇာသက်ရောက်ပုံကို သုံးသပ်ပါမည်။ “မာရ်နတ်ကို သင်အနိုင်ယူနေသလော” ဟူသော လူထုဟောပြောချက်၏ အဓိကအကြောင်းက စာတန်၏နည်းဗျူဟာများနှင့်ပတ်သက်၍ နိုးနိုးကြားကြားရှိနေဖို့လိုကြောင်းကို ပေါ်လွင်စေပါမည်။ “လောကအညစ်အကြေးမှ ကင်းစင်နေကြလော့” နှင့် “ကျွန်ုပ်တို့၏အတွင်းလူကို နေ့စဉ်အားသစ်လောင်းခြင်း” ဟူသော စည်းဝေးပွဲ၏နောက်ဆုံးဟောပြောချက်နှစ်ခုက ဘုရားသခင်၏ ဖြောင့်မတ်သောနည်းလမ်းတော်များနှင့်ဆန့်ကျင်သည့် သဘောထားများနှင့် ပြုမူကျင့်ကြံပုံကိုရှောင်ရန်၊ ယေဟောဝါအား ဝတ်ပြုရာတွင် စွဲစွဲမြဲမြဲရှိနေရန် ကျွန်ုပ်တို့ကို ကူညီပေးပါမည်။
ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ပြီး ဆက်၍ထိန်းသိမ်းထားပါ ဟူသော ဤအားပေးချက်ကိုရရှိရန် ကျွန်ုပ်တို့စောင့်မျှော်နေကြသည်!