တိုက်နယ်စည်းဝေးပွဲ ပြန်လည်သုံးသပ်ခြင်း
အသင်းတော်သည် ၂၀၀၆ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲ မတက်ရောက်မီနှင့် တက်ရောက်ပြီးနောက်မကြာမီ လုပ်ငန်းတော်စည်းဝေးအစီအစဉ်၌ ဤအကြောင်းအရာကို အသုံးပြုမည်ဖြစ်သည်။ ဩဂုတ် ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ တွင်ဖော်ပြထားသည့်အတိုင်း ဦးစီးကြီးကြပ်မှူးသည် ဤကြိုတင်သုံးသပ်မှုနှင့် ပြန်လည်သုံးသပ်မှုအတွက် စီစဉ်ပါမည်။ ပြန်လည်သုံးသပ်ချိန်အတွင်း မေးခွန်းအားလုံးကို မေးကာ တင်ဆက်ခဲ့သည့် အချက်အလက်များအား လက်တွေ့ကျင့်သုံးနိုင်ပုံအပေါ် အာရုံစိုက်သင့်သည်။
ပထမနေ့
၁။ ဥပဓိရုပ်သစ်ကို ကျွန်ုပ်တို့ မည်သို့ယူတင်ဝတ်ဆောင်ကြမည်နည်း၊ ယင်းကို အဘယ်ကြောင့် ဆက်၍ထိန်းသိမ်းရမည်နည်း။
၂။ အချို့သူတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် မည်သို့တိုး၍ပါဝင်ခဲ့ကြပြီနည်း။
၃။ ကျွန်ုပ်တို့ကိုယ်ကို အခြားသူများနှင့်နှိုင်းယှဉ်ခြင်း အဘယ်ကြောင့် မပြုသင့်သနည်း။
၄။ မိသားစုဝင်များသည် မိသားစုအသိုင်းအဝိုင်းတွင် ဥပဓိရုပ်သစ်ကို မည်သို့ထင်ရှားပြနိုင်သနည်း။
၅။ အသင်းတော်အတွင်း သစ္စာရှိရှိထောက်ခံမှုကို ကျွန်ုပ်တို့ မည်သို့ပြသနိုင်သနည်း။
၆။ ကျွန်ုပ်တို့သည် လယ်ကွင်းဓမ္မအမှုတွင် ဥပဓိရုပ်သစ်ကို အဘယ်ကြောင့် ပြသဖို့လိုသနည်း။
၇။ လျောက်ပတ်စွာတွေးတောဆင်ခြင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း၊ ထိုသို့သောတွေးတောဆင်ခြင်ခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးကျေးဇူးခံစားရမည်နည်း။
၈။ အဘယ်အရည်အသွေးများက ကျွန်ုပ်တို့အား ယေဟောဝါ၏လက်တော်ဖြင့်ပုံသွင်းရန် လွယ်ကူစေမည်နည်း။
ဒုတိယနေ့
၉။ ကျွန်ုပ်တို့၏လျှာကို မှန်ကန်စွာအသုံးပြုရန် မည်မျှအရေးကြီးသနည်း။
၁၀။ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ အခြားသူများနှင့် အကျိုးရှိသောစကားပြောဆိုခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။
၁၁။ ယုံကြည်သူချင်းများနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ဧဖက် ၄:၂၅-၃၂ ပါပေါလု၏သြဝါဒကို မည်သို့ကျင့်သုံးနိုင်သနည်း။
၁၂။ ကျွန်ုပ်တို့၏လျှာကို အသရေအရှိဆုံး အသုံးပြုနည်းကား အဘယ်နည်း။
၁၃။ မာရ်နတ်ကိုအနိုင်ရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၁၄။ လောကအညစ်အကြေးနှင့်ကင်းစင်နေရန် မည်သည့်ကဏ္ဍများတွင် ကျွန်ုပ်တို့ကြိုးစားသင့်သနည်း။
၁၅။ ကျွန်ုပ်တို့၏အတွင်းလူကို အဘယ်ကြောင့် နေ့စဉ်အားသစ်လောင်းရမည်နည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
၁၆။ ဤနှစ်တိုက်နယ်စည်းဝေးပွဲအစီအစဉ်မှ အဘယ်သြဝါဒကို လက်တွေ့ကျင့်သုံးရန် သင်ရည်ရွယ်ထားသနည်း။