တိုက်နယ်စည်းဝေးပွဲ ပြန်လည်သုံးသပ်ခြင်း
ဤအကြောင်းအရာကို ၂၀၀၅ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲအစီအစဉ်အား ကြိုတင်သုံးသပ်ရန်နှင့် ပြန်လည်သုံးသပ်ရန် အသုံးပြုမည်ဖြစ်သည်။ ဤကြားညှပ်၏စာမျက်နှာ ၄ ပါ “စည်းဝေးပွဲအစီအစဉ်များကိုသုံးသပ်ရန် အစီအစဉ်သစ်” ဆောင်းပါးက မည်သို့သုံးသပ်ရမည်ကို ရှင်းပြသည်။ ပြန်လည်သုံးသပ်ချိန်အတွင်း မေးခွန်းအားလုံးမေးနိုင်ရန် အချိန်ကိုခန့်ခွဲပါ။ ပြန်လည်သုံးသပ်ချက်သည် တင်ဆက်ခဲ့သည့် အချက်အလက်များအား လက်တွေ့ကျင့်သုံးနိုင်ပုံအပေါ် အာရုံစိုက်သင့်သည်။
ပထမနေ့ နံနက် [သို့မဟုတ် မွန်းလွဲ] ပိုင်း အစီအစဉ်
၁။ အဘယ်အရာက ဘုရားရေးရာဉာဏ်ပညာဆည်းပူးရန် ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
၂။ တိုက်နယ်အတွင်းရှိသူများသည် လူများများထံ သတင်းကောင်းရောက်ရှိရန် မည်သို့ကြိုးစားခဲ့ကြပြီနည်း။
ပထမနေ့ မွန်းလွဲ [သို့မဟုတ် ညနေ] ပိုင်းအစီအစဉ်
၃။ အတွင်းစိတ်သဘောသန့်ရှင်းနေခြင်းသည် ခရစ်ယာန်များအတွက် အဘယ်ကြောင့် အရေးပါသနည်း။ ယင်းကို မည်သို့ဖြစ်မြောက်စေနိုင်သနည်း။
၄။ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ငြိမ်းချမ်းစွာနေကြောင်း မည်သို့ပြသနိုင်သနည်း။
၅။ အကျိုးသင့်အကြောင်းသင့်ရှိခြင်းကား အဘယ်နည်း၊ ကျွန်ုပ်တို့၏အချိန်အသုံးပြုပုံတွင် ယင်းကို မည်သို့ထင်ရှားပြနိုင်သနည်း။
၆။ ရှောလုနှင့် နောဧတို့၏ပုံသက်သေများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ကျွန်ုပ်တို့သည် “နာခံရန်အသင့်ရှိ” ကြောင်း မည်သည့်နည်းများဖြင့် ပြသနိုင်သနည်း။ (ယာ. ၃:၁၇၊ ကဘ)
၇။ ခရစ်ယာန်များသည် နှစ်ဘဝစံခြင်းကို မည်သို့သတိပြုရှောင်ရှားနိုင်သနည်း။
၈။ ဘုရားသခင့်ဉာဏ်ပညာကိုပြသရာတွင် ပေါလု၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။
ဒုတိယနေ့ နံနက်ပိုင်းအစီအစဉ်
၉။ ကျွန်ုပ်တို့လိုက်စားသည့် လုပ်ဆောင်မှုများကို ရွေးချယ်ရာတွင် အဘယ်ကြောင့် သတိထားရမည်နည်း၊ ထိုသို့လုပ်ဆောင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
၁၀။ တိုက်နယ်အတွင်းရှိသူများသည် အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် မည်သို့ကြိုးစားနေကြသနည်း၊ ထိုသို့လုပ်ဆောင်ခြင်းမှ သူတို့ မည်သို့အကျိုးခံစားခဲ့ရပြီနည်း။
၁၁။ အိမ်ထောင်ဦးစီးများသည် မိမိတို့၏အိမ်ထောင်ကို မည်သို့တည်ဆောက်နိုင်သနည်း။
၁၂။ ကျွန်ုပ်တို့ကို ဂရုပြုစေခဲ့သည့် တိုက်နယ်လိုအပ်ရာများကား အဘယ်နည်း။
ဒုတိယနေ့ မွန်းလွဲပိုင်းအစီအစဉ်
၁၃။ လူထုဟောပြောချက်တွင် ဖော်ပြခဲ့သည့်အတိုင်း အထက်မှသက်ရောက်သောဉာဏ်ပညာသည် အဘယ်ဖြောင့်မတ်သောလုပ်ရပ်များကို ထွက်ပေါ်စေခဲ့ပြီနည်း။
၁၄။ ကျွန်ုပ်တို့ကိုယ်ကို သို့မဟုတ် ဘုရားရေးရာဉာဏ်ပညာ၏လမ်းညွှန်မှု မခံယူသူများကို ယုံကြည်ကိုးစားခြင်းသည် အဘယ်ကြောင့် မိုက်မဲရာကျသနည်း။ မည်သည့်ကဏ္ဍများတွင် ကျွန်ုပ်တို့သတိရှိဖို့လိုသနည်း။
၁၅။ ဘုရားရေးရာဉာဏ်ပညာသည် ကျွန်ုပ်တို့ကို အဘယ်အန္တရာယ်များမှ ကာကွယ်ပေးသနည်း။
၁၆။ တိုက်နယ်စည်းဝေးပွဲအစီအစဉ်မှရရှိခဲ့သည့် အကြံပြုချက်ကို လက်တွေ့ကျင့်သုံးရန် အဘယ်ကြောင့် အရေးကြီးသနည်း။