ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၅ စာ. ၁
  • အသက်ရစေသောပညာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရစေသောပညာရေး
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သမ္မာကျမ်းစာခေတ်ပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁၂/၀၅ စာ. ၁

အသက်ရစေသောပညာရေး

၁ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကို လူတို့နားလည်လာသောအခါ သူတို့၏မျက်လုံးများတောက်ပနေသည်ကို မြင်ရသည်မှာ အလွန်အားရစရာပင်! ဘုရားသခင်အကြောင်းနှင့် လူသားများအတွက် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း အသိပညာကို အခြားသူများအား ဝေမျှခြင်းက အမှန်ပင် ကျေနပ်မှုရရှိစေ၏။ ထိုသို့သောပညာရေးသည် လူတစ်ဦးအား ထာဝရအသက်ရရှိစေနိုင်သည်။—ယော. ၁၇:၃။

၂ အဘယ်ကြောင့် သာလွန်ကောင်းမွန်– ယနေ့အချိန်တွင် နည်းလမ်းမျိုးစုံ၊ စိတ်ကြိုက်ဘာသာရပ်မျိုးစုံဖြင့် ပညာရေးကို ရရှိနေသည်။ (ဒေ. ၁၂:၁၂) သို့သော် ထိုသို့သောပညာသည် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” နှင့် တန်ဖိုးချင်းယှဉ်၍မရနိုင်ပေ။ (တ. ၂:၁၁) လောကပညာရေးသည် လူသားများအား ဖန်ဆင်းရှင်နှင့် ပို၍နီးကပ်စေကာ ကိုယ်တော့်ရည်ရွယ်ချက်များကို သိရှိစေနိုင်သလော။ ကျွန်ုပ်တို့သေသောအခါ ဘာဖြစ်သွားကြောင်း သို့မဟုတ် ဆင်းရဲဒုက္ခ အဘယ်ကြောင့် ဤမျှများပြားရကြောင်းတို့ကို နားလည်ရန် လူတို့အား ကူညီပေးသလော။ ယင်းက လူတို့ကို မျှော်လင့်ချက်ရှိစေသလော။ မိသားစုအစီအစဉ်ကို တိုးတက်စေရန် ကူညီပေးခဲ့ပြီလော။ ဝေးလေစွ။ မြင့်မြတ်သောပညာရေးအားဖြင့်သာ ဘဝနှင့်ဆိုင်သည့် အရေးအကြီးဆုံးမေးခွန်းများအတွက် အဖြေမှန်များကို ကျွန်ုပ်တို့ရရှိနိုင်မည်ဖြစ်သည်။

၃ မြင့်မြတ်သောပညာရေးသည် ယနေ့ လောကတွင် အလွန်ရှားပါးသော စာရိတ္တဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ၏။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ယင်း၏သွန်သင်ချက်များကို ခံယူကျင့်သုံးသူတို့၏နှလုံးထဲမှ လူမျိုးခြားမုန်းတီးစိတ်၊ လူမျိုးစုစွဲစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို အမြစ်ပါမကျန်အောင်ဖယ်ရှားပေး၏။ (ဟေဗြဲ ၄:၁၂) ယင်းသည် အကြမ်းဖက်မှုအမျိုးမျိုးကို စွန့်လွှတ်ရန်နှင့် “လူသစ်ကို ယူတင်ဝတ်ဆောင်” ရန် လူတို့ကိုလှုံ့ဆော်ပေးခဲ့ပြီ။ (ကော. ၃:၉-၁၁; မိ. ၄:၁-၃) ထို့ပြင် မြင့်မြတ်သောပညာရေးသည် ဘုရားသခင်မနှစ်သက်သည့် အရိုးစွဲနေသောအကျင့်စရိုက်များကို ချိုးနှိမ်နိုင်ရန် သန်းနှင့်ချီသောသူတို့အား ခွန်အားရှိစေခဲ့ပြီဖြစ်သည်။—၁ ကော. ၆:၉-၁၁။

၄ ယခု  အဘယ်ကြောင့် အရေးတကြီးလိုအပ်နေ– မဟာသွန်သင်ရှင်သည် ကျွန်ုပ်တို့အသက်ရှင်နေသည့် အချိန်ကာလ၏အရေးပါမှုကို ကျွန်ုပ်တို့အား သတိပြုစေ၏။ ကိုယ်တော်၏ ပရောဖက်ပြုစီရင်ချက်များတွင် ကမ္ဘာတစ်ဝန်း ကြေညာရမည့် နောက်ဆုံးပေါ် သတင်းများပါဝင်သည်။ (ဗျာ. ၁၄:၆၊ ၇) ခရစ်တော်သည် ကောင်းကင်တွင် အုပ်စိုးနေပြီ၊ မှားယွင်းသောဘာသာရေး ကမ္ဘာ့အင်ပါယာသည် မကြာမီ လုံးလုံးဖျက်ဆီးခံရမည်၊ ဘုရားသခင့်နိုင်ငံတော်သည် လူ့အစိုးရအားလုံးကို ဖျက်ဆီးရန် အသင့်ရှိနေသည် ဟူသောသတင်းများပါဝင်သည်။ (ဒံ. ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၅; ၁၇:၁၆) ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ယခုနန်းထိုင်ဘုရင်ကို အသိအမှတ်ပြုရန်၊ မဟာဗာဗုလုန်မှထွက်ရန်နှင့် ယေဟောဝါ၏နာမတော်ကို ယုံကြည်ခြင်းဖြင့် ပတ္ထနာပြုရန် အရေးတကြီးလိုအပ်နေသည်။ (ဆာ. ၂:၁၁၊ ၁၂; ရော. ၁၀:၁၃; ဗျာ. ၁၈:၄) အသက်ရစေသောပညာရေးကို အခြားသူတို့အားဝေမျှရာတွင် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်နိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ