ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၈ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို ဂုဏ်တင်သည့် မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁၁/၀၈ စာ. ၃

မေးခွန်းသေတ္တာ

◼ မောင်နှံတစ်စုံသည် မင်္ဂလာပွဲအတွက် နိုင်ငံတော်ခန်းမကို အသုံးပြုလိုလျှင် အကြီးအကဲများနှင့် အဘယ်အကြောင်းအရာများကို ဆွေးနွေးဖို့လိုသနည်း။

ကျမ်းစာမူများနှင့်အညီ ကျင်းပသော မင်္ဂလာပွဲများ၊ အထူးသဖြင့် နိုင်ငံတော်ခန်းမတွင်ကျင်းပသော မင်္ဂလာပွဲများသည် ယေဟောဝါကို ဘုန်းထင်ရှားစေသည်။ အကြောင်းမှာ ထိုတွင်ကျင်းပသောအစီအစဉ်များကို ကျွန်ုပ်တို့အဖွဲ့အစည်း၏အစီအစဉ်အဖြစ် လူတို့ရှုမြင်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒေသခံအကြီးအကဲများသည် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” နိုင်ရန် နိုင်ငံတော်ခန်းမကို အသုံးပြုခွင့်တောင်းသောမောင်နှံစုံနှင့် တွေ့ဆုံဆွေးနွေးသင့်သည်။​—၁ ကော. ၁၄:၄၀။

နိုင်ငံတော်ခန်းမတွင် မင်္ဂလာပွဲကျင်းပလိုသောမောင်နှံစုံသည် ထိုခန်းမတွင်စည်းဝေးသော အသင်းတော်၏လုပ်ငန်းတော်ကော်မတီထံ တောင်းခံစာရေးသင့်သည်။ ထိုစာတွင် ခန်းမအသုံးပြုလိုသော နေ့စွဲနှင့်အချိန်ကို ဖော်ပြကာ ကြိုတင်၍တင်သွင်းသင့်သည်။ အကြီးအကဲများသည် မင်္ဂလာပွဲအတွက် အစည်းအဝေးအစီအစဉ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်မဟုတ်ကြောင်း သူတို့စိတ်စွဲမှတ်ထားသင့်သည်။ ထို့ပြင် သတို့သားနှင့်သတို့သမီးသည် ပုံသက်သေကောင်းသူများ၊ ကျမ်းစာမူများနှင့် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများအတိုင်း လိုက်နာသူများဖြစ်ရမည်။

မင်္ဂလာပွဲသည် ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေကြောင်း သေချာစေရန် မောင်နှံစုံသည် သူတို့၏မင်္ဂလာပွဲအစီအစဉ်များကို အပြီးသတ်မဆုံးဖြတ်မီ လုပ်ငန်းတော်ကော်မတီနှင့် ဆွေးနွေးသင့်သည်။ အကြီးအကဲများသည် မိမိတို့၏အကြိုက်ကို မောင်နှံစုံအား အတင်းလိုက်နာစေမည်မဟုတ်သော်လည်း အစီအစဉ်တွင် ကန့်ကွက်စရာတစ်စုံတစ်ခုရှိပါက ယင်းတို့ကို ပြုပြင်ပြောင်းလဲသင့်သည်။ နိုင်ငံတော်တေးသံသာမှရွေးချယ်ထားသော တေးသံ သို့မဟုတ် ကျွန်ုပ်တို့၏သီချင်းစာအုပ်မှ သီချင်းများကိုသာ အသုံးပြုနိုင်ပါသည်။ နိုင်ငံတော်ခန်းမအလှဆင်ခြင်း သို့မဟုတ် ထိုင်ခုံအနေအထား ပြန်လည်စီစဉ်ခြင်းတို့ကိုလည်း ခွင့်ပြုချက်ရယူရမည်။ ဓာတ်ပုံရိုက်မည် သို့မဟုတ် ဗီဒီယိုမှတ်တမ်းတင်မည်ဆိုလျှင် မင်္ဂလာပွဲ၏ဂုဏ်အသရေကို မညှိုးနွမ်းစေသင့်ပါ။ နိုင်ငံတော်ခန်းမတွင် အစမ်းလေ့ကျင့်မှုပြုမည်ဆိုလျှင် အသင်းတော်၏ အခြားအစီအစဉ်များကို မထိခိုက်သရွေ့ အကြီးအကဲများ ခွင့်ပြုပေမည်။ မင်္ဂလာဖိတ်စာများကို ကြော်ငြာသင်ပုန်းတွင် မကပ်ထားသင့်ပါ။ သို့သော် နိုင်ငံတော်ခန်းမတွင် မင်္ဂလာပွဲကျင်းပမည်ဖြစ်ကြောင်း အသင်းတော်ကိုအသိပေးရန် အကြီးအကဲများသည် လုပ်ငန်းတော်အစည်းအဝေးတွင် အတိုချုပ်ကြေညာနိုင်သည်။

သတို့သားသတို့သမီးအရန်များသည် နှစ်ခြင်းခံပြီးသူများဖြစ်ရမည်ဟူ၍ သတ်မှတ်ချက်မရှိသော်လည်း သူတို့၏ဝတ်စားဆင်ယင်မှုသည် ကျမ်းစာမူများနှင့် လုံးဝဆန့်ကျင်နေမည် သို့မဟုတ် သူတို့၏အပြုအမူသည် တက်ရောက်လာသူများ၏စိတ်ထဲ သံသယဝင်စေမည်ဆိုလျှင် သင့်တော်မည်မဟုတ်ပါ။ ဖြစ်နိုင်လျှင် ခန့်အပ်ခံအကြီးအကဲတစ်ဦးက မင်္ဂလာဟောပြောချက် ပေးသင့်သည်။ အကြီးအကဲများသည် အရည်အချင်းပြည့်မီသော သွန်သင်သူများဖြစ်သောကြောင့် ထိုအရေးကြီးသောအခါသမယတွင် သက်ဆိုင်ရာကျမ်းစာမူများကို အလေးပေးဖော်ပြရန် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။​—၁ တိ. ၃:၂။

ဂုဏ်ရှိသောမင်္ဂလာပွဲသည် ဦးစီးကျင်းပသော အကြီးအကဲအပေါ်တွင်လည်း မူတည်နေသောကြောင့် မင်္ဂလာအစီအစဉ်အသေးစိတ်ကို သူ ကြိုသိရှိထားသင့်သည်။ သူသည် မောင်နှံစုံနှင့်တွေ့ဆုံကာ သူတို့ပိုးပန်းစဉ်အတွင်း ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ မေးမြန်းမည်ဖြစ်ပြီး မောင်နှံစုံအနေနှင့်လည်း ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးသင့်သည်။ သတို့သား သို့မဟုတ် သတို့သမီးသည် ယခင်က အိမ်ထောင်သည်ဖြစ်ခဲ့လျှင် သူသည် ကျမ်းစာအရရော၊ တရားဥပဒေအရပါ နောက်ထပ်အိမ်ထောင်ပြုရန် လွတ်လပ်သူဖြစ်သင့်သည်။ (မ. ၁၉:၉) ကွာရှင်းစာချုပ်မိတ္တူကို အကြီးအကဲအား ပြသင့်သည်။

မောင်နှံစုံသည် အကြီးအကဲများနှင့် ပွင့်လင်းစွာပြောဆိုပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်သည့်အခါ မင်္ဂလာပွဲမှာ အားလုံးအတွက် ရွှင်လန်းဖွယ်အခါသမယဖြစ်ပါလိမ့်မည်။​—သု. ၁၅:၂၂; ဟေဗြဲ ၁၃:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ