ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်—ကိုယ်ပိုင်နဲ့ မိသားစုလေ့လာမှုမှာ သုံးပါ
နောက်ဆုံးထုတ်မဂ္ဂဇင်းတွေကို အွန်လိုင်းမှာဖတ်ပါ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို စာအုပ်နဲ့မရခင် အစောကြီးကတည်းက အွန်လိုင်းပေါ်မှာ ဖတ်နိုင်ပါပြီ။ မဂ္ဂဇင်း အသံသွင်းထားရာတွေကိုလည်း နားထောင်နိုင်ပါတယ်။—ထိပ်မှာတွေ့ရတဲ့ “စာအုပ်စာပေများ” ကိုနှိပ်ပါ၊ ပြီးတဲ့နောက် ဘေးမှာတွေ့ရတဲ့ “မဂ္ဂဇင်းများ” ကိုနှိပ်ပါ။
ဝက်ဘ်ဆိုက်ပေါ်မှာပဲ တွေ့ရတဲ့ ဆောင်းပါးတွေကို ဖတ်ပါ– “လူငယ်များအတွက်၊” “ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ၊” “မိသားစုအတူတကွ လေ့လာရန်” နဲ့ “လူငယ်များအမေး” စတဲ့ တချို့ဆောင်းပါးတွေကို ဝက်ဘ်ဆိုက်ပေါ်မှာပဲ တွေ့ရတော့မှာဖြစ်ပါတယ်။ အင်တာနက်က ဒီဆောင်းပါးတွေကိုရယူပြီး ကိုယ်ပိုင်နဲ့ မိသားစုဝတ်ပြုမှုမှာ လေ့လာပါ။—“သမ္မာကျမ်းစာ သွန်သင်ချက်များ” ကိုနှိပ်ပါ။ ပြီးနောက် “ကလေးများ” ဒါမှမဟုတ် “ဆယ်ကျော်သက်များ” ဆိုတာကို နှိပ်နိုင်တယ်။
နောက်ဆုံးသတင်းအချက်အလက်ကို ဖွင့်ကြည့်ပါ– ကျွန်ုပ်တို့လုပ်ငန်းရဲ့ ကမ္ဘာတစ်ဝန်းက တိုးတက်မှုအခြေအနေတွေကိုဖော်ပြထားတဲ့ အားရှိဖွယ် မှတ်တမ်းတွေ၊ တွေ့ကြုံမှုတွေကို ဖတ်ပါ၊ ဗီဒီယိုအတိုလေးတွေကို ကြည့်ပါ။ တချို့မှတ်တမ်းတွေက သဘာဝဘေးအန္တရာယ်နဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေခံနေရတဲ့ ညီအစ်ကို၊ ညီအစ်မတွေအကြောင်းဖြစ်တယ်၊ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေထဲမှာ သူတို့အတွက် ထည့်တောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ (ယာ. ၅:၁၆)—“News” ကိုနှိပ်ပါ။
အွန်လိုင်းစာကြည့်တိုက်ကိုသုံးပြီး သုတေသနလုပ်ပါ– သင့်ဘာသာစကားနဲ့ အွန်လိုင်းစာကြည့်တိုက်ရနိုင်တယ်ဆိုရင် ကွန်ပျူတာ၊ အီလက်ထရောနစ်ပစ္စည်းတွေကိုသုံးပြီး နေ့စဉ်ကျမ်းချက် ဖတ်နိုင်တယ်၊ မကြာသေးခင်က ထုတ်ဝေတဲ့စာပေတွေမှာ ရှာဖွေသုတေသနလုပ်နိုင်တယ်။—“စာအုပ်စာပေများ” ကိုနှိပ်ပါ၊ “အွန်လိုင်းစာကြည့်တိုက်” ကိုဖွင့်ပါ။ ဒါမှမဟုတ် ဝက်ဘ်ဆိုက်လိပ်စာရိုက်ထည့်ရမယ့်နေရာမှာ www.wol.jw.org လို့ ရိုက်ထည့်လိုက်ပါ။
[စာမျက်နှာ ၄ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ခုလို စမ်းကြည့်ပါ
၁ ရုပ်ပုံ ဒါမှမဟုတ် “ကူးယူ” ဆိုတာကို နှိပ်ပါ။ ရုပ်ပုံတွေကို PDF ပုံစံနဲ့ တွေ့ရမှာဖြစ်တယ်။ စာရွက်နဲ့ထုတ်ပါ၊ သင့်ကလေးကိုပေးပြီး ဖြည့်ခိုင်းနိုင်ပါတယ်။
၂ ဗီဒီယိုကြည့်ဖို့အတွက် မြားသင်္ကေတကို နှိပ်ပါ။