နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် ဒီဇင်ဘာ ၁
“ဒီနေ့ခေတ်မှာ လူများစွာဟာ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး လွဲမှားစွာအမျိုးမျိုး ရှုမြင်ကြတယ်။ လူအများစုက ကျမ်းစာကိုလေးစားကြပေမဲ့ နားလည်ဖို့သိပ်ခက်တာပဲလို့ ပြောကြတယ်။ မိတ်ဆွေရော ဘယ်လိုထင်သလဲ။ [အဖြေကိုစောင့်ပါ။] ကျမ်းစာကို ကျွန်တော်တို့ ဘာကြောင့် နားလည်ဖို့ကြိုးစားသင့်သလဲဆိုတဲ့ အချက်တစ်ချက်ကို အခုလို ဖော်ပြထားတယ်။ [ရောမ ၁၅:၄ ကိုဖတ်ပါ] ကျမ်းစာကို ကျွန်တော်တို့နားလည်နိုင်တဲ့နည်းနဲ့ ဘယ်လိုရေးထားတယ်ဆိုတာရယ်၊ နားလည်နိုင်ဖို့ကူညီပေးတဲ့ အကြံပြုချက်တချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားတယ်။”
နိုးလော့ ဒီဇင်ဘာ
“ဒီနေ့၊ ဒီရပ်ကွက်မှာရှိတဲ့အိမ်တိုင်းဆီ ကျွန်တော်တို့ လာလည်ပတ်တာပါ။ ဘယ်သူမဆို ကိုယ့်အိမ်မှာ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိချင်ကြတယ်မဟုတ်လား။ မိသားစုအတွက် ဘာလုပ်ဖို့ ပိုလွယ်ကူသလဲ– မိသားစုမှာ ပြဿနာ လုံးဝမဖြစ်အောင် ရှောင်တာလား။ ပြဿနာဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဖြေရှင်းနည်းရှာတာလား။ မိတ်ဆွေကော ဘယ်လိုမြင်သလဲ။ [အဖြေကိုစောင့်ပါ] ကျမ်းစာမှာ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြောထားသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ [သုတ္တံ ၂၆:၂၀ ကိုဖတ်ပါ] မိသားစုဝင်အချင်းချင်း သင့်သင့်မြတ်မြတ်နေနိုင်အောင် ကူညီပေးတဲ့ ကျမ်းစာလမ်းညွှန်ချက်တချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”