ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကင်မရာ၊ အင်တာကွန်းကနေ သက်သေခံခြင်း
ဘာကြောင့်အရေးကြီး– နည်းပညာတွေ တိုးတက်လာလို့၊ ရာဇဝတ်မှုတွေ တိုးများလာလို့ လုံခြုံရေး ကင်မရာတွေ၊ အင်တာကွန်းတွေ (တံခါးပေါက်မှာ တပ်ဆင်ထားတဲ့ စကားပြောခွက်) အသုံးပြုတာ ပိုများလာတယ်။ ကိုယ်က မမြင်ရပေမဲ့၊ ကိုယ့်ကို မြင်နေရသူ တစ်ယောက်ယောက်ကို ဟောပြောရတာ စိုးရိမ်မိနိုင်တယ်။ အောက်ပါ သတိပေးချက်တွေက ကင်မရာ၊ အင်တာကွန်းကတစ်ဆင့် ယုံကြည်စိတ်ချမှုရှိရှိ ဟောပြောဖို့ ကူညီပေးပါလိမ့်မယ်။
လုပ်ဆောင်နိုင်ပုံ–
အပြုသဘောရှိပါ။ ကင်မရာ ဒါမှမဟုတ် အင်တာကွန်း တပ်ထားတဲ့ အိမ်ရှင်များစွာဟာ ကျွန်တော်တို့နဲ့ စကားပြောချင်ကြတယ်
တချို့ ကင်မရာတွေဟာ သင် တံခါးမခေါက်ခင်၊ တံခါးနား ရောက်တာနဲ့ စပြီး မှတ်တမ်းတင်တဲ့အတွက် အိမ်ရှင်က သင့်ကို ကြည့်နေနိုင်တယ်၊ နားထောင်နေနိုင်တယ်
အိမ်ရှင် ပြန်ဖြေတဲ့အခါ လူချင်း တွေ့ရသလိုပဲ ကင်မရာ၊ အင်တာကွန်းကနေ စကားပြောပါ။ သဘာဝကျကျ ပြုံးပါ၊ လှုပ်ရှားပါ။ အိမ်ရှင် တံခါးနား ကပ်လာတဲ့အခါ သင် ပြောဖို့ ပြင်ဆင်ထားတာကို ပြောပါ။ ကင်မရာ တပ်ထားရင် မျက်နှာကို အရမ်း မကပ်ပါနဲ့။ အိမ်ရှင် ပြန်မဖြေရင် ဘာမှ မပြောခဲ့ပါနဲ့
စကားပြောလို့ ပြီးသွားတဲ့အခါ အိမ်ရှင် သင့်ကို ကြည့်နေတုန်း၊ နားစွင့်နေတုန်းဆိုတာ သတိရပါ