ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဒီဇင်ဘာ စာ. ၈
  • မဂ္ဂဇင်းတွေကို ဆက်အသုံးပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဂ္ဂဇင်းတွေကို ဆက်အသုံးပြုပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဒီဇင်ဘာ စာ. ၈
ညီအစ်မတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ‘နိုးလော့’ တစ်စောင်မှာပါတဲ့ အကြောင်းအရာကို ပြောပြနေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

မဂ္ဂဇင်းတွေကို ဆက်အသုံးပြုပါ

၂၀၁၈ ခုနှစ်ကစပြီး လူထုကို ဝေငှတဲ့ မဂ္ဂဇင်းတွေမှာ တစ်စောင်မှာ အကြောင်းအရာတစ်မျိုးပဲ ဖော်ပြတော့တယ်။ ဒီမဂ္ဂဇင်းတွေက သွန်သင်ခြင်း ကိရိယာတွေပါပဲ။ ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ အသုံးပြုနိုင်တယ်။ ခရီးသွားတဲ့အခါ၊ ဈေးဝယ်ထွက်တဲ့အခါမှာလည်း မဂ္ဂဇင်းတချို့ ဆောင်ထားနိုင်တယ်။ ဒီမဂ္ဂဇင်းတွေနဲ့ ကျမ်းစာသင်အံမှု လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပေမဲ့ ဘုရားအကြောင်း စိတ်ဝင်စားလာအောင် လူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

စကားစမြည် စပြောပြီးနောက် ကျမ်းချက်တစ်ချက် ဖတ်ပြပါ။ မဂ္ဂဇင်းမှာ ပါတဲ့ စိတ်ဝင်စားစရာ အချက်တစ်ချက်ကို ပြောပြပါ။ ဥပမာ၊ ကိုယ်နဲ့ စကားပြောနေတဲ့သူက မိသားစုကို ကျွေးမွေးနေသူ၊ ဝမ်းနည်းကြေကွဲနေသူ၊ ပြဿနာတစ်ခုကို ဖြေရှင်းနေသူ ဖြစ်မယ်ဆိုရင် ဒီလို ပြောနိုင်တယ်– “အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ်ကောင်းတဲ့ ဆောင်းပါးတစ်ခု ရှိတယ်။ ပြပေးချင်တယ်။” စိတ်ဝင်စားတယ်ဆိုရင် ဦးဆုံးတွေ့ဆုံချိန်မှာပဲ မဂ္ဂဇင်းတစ်စောင် ပေးနိုင်တယ်၊ အီလက်ထရောနစ်နဲ့ ပို့ပေးနိုင်တယ်။ မဂ္ဂဇင်း ဝေငှတာက အဓိက မဟုတ်ပေမဲ့ စိတ်ရင်းမှန်သူတွေကို ရှာတွေ့ဖို့ မဂ္ဂဇင်းတွေက ကူညီပေးနိုင်ပါတယ်။—တ ၁၃:၄၈။

၂၀၁၈

ရုပ်ပုံများ– ၂၀၁၈ ‘ကင်းမျှော်စင်’ နဲ့ ‘နိုးလော့’ မျက်နှာဖုံး အကြောင်းအရာများ။ ၁။ ‘ကျမ်းစာဟာ အခုချိန်မှာ လက်တွေ့ကျသေးရဲ့လား။’ ၂။ ‘အနာဂတ်မှာ ဘာဖြစ်လာမလဲ။’ ၃။ ‘ဘုရား သင့်ကို ဂရုစိုက်သလား။’ ၄။ ‘ပျော်ရွှင်မှု ရစေတဲ့လမ်း။’ ၅။ ‘မိသားစု အောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်။’ ၆။ ‘ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ။’

၂၀၁၉

ရုပ်ပုံများ– ၂၀၁၉ ‘ကင်းမျှော်စင်’ နဲ့ ‘နိုးလော့’ မျက်နှာဖုံး အကြောင်းအရာများ။ ၁။ ‘ဘုရားသခင် ဘယ်သူလဲ။’ ၂။ ‘အသက်ရှင်ရကျိုး နပ်ပါရဲ့လား။’ ၃။ ‘ဘဝဆိုတာ ဒါပဲလား။’ ၄။ ‘ဘေးကင်းလုံခြုံရေး ခံစားရပါဦးမလား။’ ၅။ ‘ကလေးတွေ သင်ယူရမယ့် သင်ခန်းစာ ခြောက်ခု။’ ၆။ ‘ကျမ်းစာက ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား။’

၂၀၂၀

ရုပ်ပုံများ– ၂၀၂၀ ‘ကင်းမျှော်စင်’ နဲ့ ‘နိုးလော့’ မျက်နှာဖုံး အကြောင်းအရာများ။ ၁။ ‘အမှန်တရား ရှာပုံတော်။’ ၂။ ‘ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ။’ ၃။ ‘မေတ္တာရှင် ဘုရားသခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှု။’ ၄။ ‘စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း။’ ၅။ ‘ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့ မေးခွန်း ၅ ခုရဲ့ အဖြေ။’ ၆။ ‘မလိုမုန်းထားမှု မရှိတော့မယ့်အချိန် ရောက်လာပါဦးမလား။’

ရပ်ကွက်ကလူတွေ ဘယ်အကြောင်းအရာကို စိတ်ဝင်စားသလဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ