ခရစ်ယာန်အသက်တာလမ်းစဉ်
အလွန် ခက်ခဲတဲ့ တာဝန်ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြီးမြောက်
သမိုင်းတစ်လျှောက်မှာ ဘုရားသခင့် ကျေးကျွန်တွေဟာ အံ့ဩစရာကောင်းတာတွေကို ကိုယ့်အစွမ်းခွန်အားနဲ့မဟုတ်ဘဲ ယေဟောဝါရဲ့ အကူအညီနဲ့ ပြီးမြောက်နိုင်ခဲ့ကြတယ်။ ၁၉၅၄ ခုနှစ်မှာ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ “လှုပ်ရှားလျက်ရှိ ကမ္ဘာသစ် အဖွဲ့အစည်း” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တယ်။ ရုပ်ရှင်ထုတ်လုပ်ရေးမှာ အတွေ့အကြုံ မရှိတဲ့ ဗေသလ အိမ်သားတွေက အဓိက လုပ်ဆောင်ခဲ့ကြတာ။ အဲဒီအလွန်ခက်ခဲတဲ့ တာဝန်ကို ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့်သာ ပြီးမြောက်နိုင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ဘာတာဝန်ပဲ ရပါစေ ယေဟောဝါကို အားကိုးရင် အောင်မြင်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဇာ ၄:၆။
“လှုပ်ရှားလျက်ရှိ ကမ္ဘာသစ် အဖွဲ့အစည်း” ထုတ်လုပ်ခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ကမ္ဘာ့ဌာနချုပ်အကြောင်း ရုပ်ရှင် ထုတ်လုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ကြသလဲ။
ဗေသလဟာ လူ့ခန္ဓာကိုယ်နဲ့ တူတယ်လို့ ရုပ်ရှင်မှာ ဘယ်လို တင်ဆက်ထားသလဲ။—၁က ၁၂:၁၄-၂၀
ရုပ်ရှင်ထုတ်လုပ်ရာမှာ ညီအစ်ကိုတွေ ဘာအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲ။ ဘယ်လို ကျော်လွှားခဲ့ကြသလဲ။
ဒီဖြစ်ရပ်ကနေ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်အကြောင်း ဘာသိရသလဲ။