ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုအပ်
“ပြဿနာတွေ ရှုပ်ထွေးနေတဲ့ လောကမှာ အသက်ရှင်နေရတယ်” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရတ်စ် ပြောခဲ့တယ်။ သူပြောတာ မှန်တယ် မဟုတ်လား။
သတင်းတွေမှာ စိတ်ပျက်စရာကောင်းတဲ့
- ရောဂါတွေ၊ ကပ်ရောဂါတွေ 
- သဘာဝ ဘေးအန္တရာယ်တွေ 
- ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု 
- ညစ်ညမ်းမှု၊ ကမ္ဘာချီ ပူနွေးမှု 
- ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက် ခြစားမှု 
- စစ်ပွဲတွေ အကြောင်းနဲ့ ပြည့်နေတယ်။ 
ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုတာ သိပ်ထင်ရှား နေပါပြီ။ ကျွန်တော်တို့ လိုအပ်နေတာက
- ဒေါင်ဒေါင်မြည် ကျန်းမာရေး 
- လူတိုင်းအတွက် ဘေးကင်းလုံခြုံမှု 
- စားစရာ အလျှံပယ် 
- သန့်ရှင်းတဲ့ သဘာဝဝန်းကျင် 
- လူတိုင်းအတွက် တရားမျှတမှု 
- ကမ္ဘာချီ ငြိမ်းချမ်းရေး ရှိတဲ့ နေရာမျိုးပါ။ 
ပိုကောင်းတဲ့ ကမ္ဘာလို့ ပြောတဲ့အခါ ဘာကို ဆိုလိုသလဲ။
ကျွန်တော်တို့ နေတဲ့ ကမ္ဘာ ဘာဖြစ်သွားမလဲ။
ပိုကောင်းတဲ့ ကမ္ဘာမှာ နေရဖို့ ဘာလုပ်နိုင်သလဲ။
အဲဒီမေးခွန်းတွေရဲ့ ကျမ်းစာအဖြေကို ဒီကင်းမျှော်စင်မှာ ဖော်ပြထားပါတယ်။