ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ စက်တင်ဘာ စာ. ၁၉
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဟောပြောဖို့ တပည့် ၇၀ ကိုစေလွှတ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏ခွဲခွာခါနီးနှုတ်ဆက်စကားကို အလေးဂရုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘အဲဒါက သင်တို့အတွက် အောက်မေ့ဖွယ်ဖြစ်ရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ စက်တင်ဘာ စာ. ၁၉
သခင့်ညစာစားပွဲကို သစ္စာရှိ တမန်တော်တွေနဲ့ ယေရှု အစပြုကျင်းပနေ။

စာရှုသူများထံမှ မေးခွန်းလွှာ

ဟောပြောဖို့ ယေရှု စေလွှတ်တဲ့ တပည့် ၇၀ ဟာ သခင့်ညစာစားပွဲကို ယေရှု အစပြု ကျင်းပချိန် ဘယ်မှာ ရှိနေကြသလဲ။ ယေရှုကို စွန့်သွားကြပြီလား

သခင့်ညစာစားပွဲကို ယေရှု အစပြု ကျင်းပချိန်မှာ တပည့် ၇၀ ရှိမနေတာနဲ့ပဲ သူတို့ကို ယေရှု တပည့်စာရင်း မသွင်းဘူး၊ ယေရှုကို သူတို့ စွန့်သွားကြပြီလို့ ထင်စရာအကြောင်း မရှိပါဘူး။ အဲဒီအခါသမယမှာ တမန်တော်တွေနဲ့ ယေရှု ရှိနေချင်ရုံသက်သက်ပါပဲ။

တမန်တော် ၁၂ ယောက်ကော တပည့် ၇၀ ပါ ယေရှုတပည့်တွေပါပဲ။ တပည့်အများကြီးထဲက ၁၂ ယောက်ကို အရင်ဆုံး ရွေးပြီး တမန်တော်တွေလို့ ယေရှု ခေါ်တယ်။ (လု. ၆:၁၂-၁၆) ဂါလိလဲနယ်မှာ ရှိနေချိန် “တမန်တော် ၁၂ ယောက်ကို ခေါ်ပြီး” “ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောဖို့၊ လူနာတွေကို ကုသပေးဖို့” စေလွှတ်တယ်။ (လု. ၉:၁-၆) နောက်တော့ ယုဒနယ်မှာ ရောက်နေချိန် ‘နောက်ထပ်တပည့် ၇၀ ကို ခန့်ပြီး နှစ်ယောက်တစ်တွဲ လွှတ်လိုက်တယ်။’ (လု. ၉:၅၁။ ၁၀:၁) ဒါကြောင့် ယေရှုအကြောင်း ဟောပြောတဲ့ တပည့်တွေ နေရာအနှံ့ ရှိတယ်။

ယေရှုတပည့် ဖြစ်လာတဲ့ ဂျူးတွေဟာ ပသခါပွဲကို နှစ်စဉ် ကျင်းပကြတယ်။ မိသားစု ရှိတဲ့သူတွေက မိသားစုနဲ့အတူ ကျင်းပကြပုံပဲ။ (ထွ. ၁၂:၆-၁၁၊ ၁၇-၂၀) ယေရှု မသေဆုံးခင်မှာ တမန်တော်တွေနဲ့အတူ ဂျေရုဆလင်မြို့ကို သွားတယ်။ ဒါပေမဲ့ ပသခါပွဲ အကြီးအကျယ် လုပ်ဖို့ ယုဒနယ်၊ ဂါလိလဲနယ်၊ ပေရိယနယ်က တပည့်အားလုံးကို လှမ်းမခေါ်ဘူး။ ဒီအခါသမယမှာ တမန်တော်တွေနဲ့ပဲ ရှိနေချင်တာ ထင်ရှားတယ်။ “ကျွန်တော် ဝေဒနာ မခံစားရခင် ခင်ဗျားတို့နဲ့အတူ ဒီပသခါညစာစားဖို့ စောင့်မျှော်နေတာ” လို့ ယေရှု ပြောတယ်။—လု. ၂၂:၁၅။

တမန်တော်တွေနဲ့အတူ ယေရှု ရှိနေချင်ရတဲ့ အကြောင်းရင်း ရှိပါတယ်။ “ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့ သိုးသငယ်” အဖြစ် ယေရှု မကြာခင် သေရတော့မယ်။ (ယော. ၁:၂၉) နှစ်တွေတစ်လျှောက် ဘုရားဆီ ပူဇော်သက္ကာတွေ ဆက်သနေကျ ဂျေရုဆလင်မြို့မှာ သေရမှာ။ ပသခါညမှာ ပသခါသိုးသငယ် စားတာက အီဂျစ်ပြည်ကနေ အစ္စရေးတွေကို ယေဟောဝါ လွတ်မြောက်စေခဲ့တာကို သတိရစေတယ်။ ယေရှုရဲ့ ပူဇော်သက္ကာကတော့ လူအားလုံးကို အပြစ်နဲ့ သေခြင်းလက်ကနေ လွတ်မြောက်စေမှာ ဖြစ်လို့ ပိုမြတ်တယ်။ (၁ ကော. ၅:၇၊ ၈) ယေရှုရဲ့ ပူဇော်သက္ကာကြောင့် တမန်တော် ၁၂ ယောက်ဟာ ခရစ်ယာန်အသင်းတော်ရဲ့ အုတ်မြစ် ဖြစ်လာကြမယ်။ (ဧ. ၂:၂၀-၂၂) စိတ်ဝင်စားစရာက သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့မှာ “အုတ်မြစ်ကျောက် ၁၂ တုံး” ရှိတယ်။ “အဲဒီကျောက်တွေပေါ်မှာ နာမည် ၁၂ ခု ရေးထားတယ်။ သိုးသငယ်ရဲ့ တမန်တော် ၁၂ ယောက်ရဲ့ နာမည်တွေပဲ။” (ဗျာ. ၂၁:၁၀-၁၄) မှန်ပါတယ်၊ ဘုရားရည်ရွယ်ချက် ပြည့်စုံစေရေးမှာ သစ္စာရှိ တမန်တော်တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကြရမယ်။ ဒါကြောင့် နောက်ဆုံး ပသခါပွဲမှာ၊ ပသခါပွဲ ပြီးတာနဲ့ တန်းကျင်းပမယ့် သခင့်ညစာစားပွဲမှာ တမန်တော်တွေကို ယေရှု ရှိနေစေချင်တာ။

အဲဒီညစာစားပွဲမှာ တပည့် ၇၀ နဲ့ တခြားတပည့်တွေ ရှိမနေခဲ့ကြဘူး။ ဒါပေမဲ့ သစ္စာရှိတဲ့ တပည့်အားလုံးဟာ ယေရှု အစပြု ကျင်းပခဲ့တဲ့ သခင့်ညစာစားပွဲကနေ အကျိုးရကြမယ်။ ဘိသိက်ခံ ခရစ်ယာန် ဖြစ်လာမယ့် အဲဒီတပည့်အားလုံးဟာ အဲဒီညမှာ တမန်တော်တွေနဲ့ ယေရှု ဖွဲ့ခဲ့တဲ့ နိုင်ငံတော်ပဋိညာဉ်မှာ ပါဝင်ကြရမယ်။—လု. ၂၂:၂၉၊ ၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ