ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၇
  • အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တော်သင့်ရုံ သောက်တယ်ဆိုတာ ဘာလဲ
  • သောက်တာ များသွားပြီဆိုတဲ့ လက္ခဏာတွေက ဘာလဲ
  • အရက်သောက်ရာမှာ ချင့်ချိန်မှု ရှိစေဖို့ ကူညီပေးတဲ့ အကြံပြုချက် ငါးချက်
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၇
အိမ်မှာ တစ်ယောက်တည်း ထိုင်ရင်း ဝိုင်ခွက်ကို စိုက်ကြည့်နေတဲ့ အမျိုးသမီး။

အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ

လူတချို့က စိတ်ညစ်တဲ့အခါ အရက် ပိုသောက်ကြတယ်။ အထီးကျန်လို့၊ ပျင်းလို့ဆိုပြီး ပိုသောက်တာလည်း ရှိတယ်။ သင်ကော ခါတိုင်းထက် ပိုသောက်နေသလား။ အရက် အလွန်အကျွံ မသောက်မိအောင်၊ အရက်မစွဲအောင် ဘာလုပ်နိုင်သလဲ။ အောက်ပါ လက်တွေ့ကျတဲ့ အကြံပြုချက်တွေက အရက်သောက်ရာမှာ ချင့်ချိန်မှု ရှိစေဖို့ ကူညီပေးနိုင်တယ်။

  • တော်သင့်ရုံ သောက်တယ်ဆိုတာ ဘာလဲ

  • သောက်တာ များသွားပြီဆိုတဲ့ လက္ခဏာတွေက ဘာလဲ

  • အရက်သောက်ရာမှာ ချင့်ချိန်မှု ရှိစေဖို့ ကူညီပေးတဲ့ အကြံပြုချက် ငါးချက်

တော်သင့်ရုံ သောက်တယ်ဆိုတာ ဘာလဲ

ကျမ်းစာအဆို- ‘သောက်ကြူးသူတွေထဲမှာ မင်း မပါစေနဲ့။’—ပညာအလိမ္မာ ၂၃:၂၀။

စဉ်းစားကြည့်ပါ။ အရက် တော်သင့်ရုံ သောက်တာကို ကျမ်းစာ မတားမြစ်ဘူး။ (ဒေသနာ ၉:၇) ဒါပေမဲ့ တော်သင့်ရုံ သောက်တာ၊ သောက်ကြူးတာ၊ အရက်မူးတာ မတူကြောင်း ကွဲကွဲပြားပြား ဖော်ပြတယ်။ (လုကာ ၂၁:၃၄။ ဧဖက် ၅:၁၈။ တိတု ၂:၃) အရက်မူးတဲ့အဆင့် မရောက်ရင်တောင် အလွန်အကျွံ သောက်တာက ဆုံးဖြတ်နိုင်စွမ်း၊ ကျန်းမာရေး၊ တခြားသူနဲ့ ဆက်ဆံရေးတို့ကို ထိခိုက်ပျက်စီးစေနိုင်တယ်။—ပညာအလိမ္မာ ၂၃:၂၉၊ ၃၀။

တော်သင့်ရုံ သောက်တာလား၊ အလွန်အကျွံ သောက်တာလားဆိုတာကို တစ်နေ့ ဘယ်နှခွက်၊ တစ်ပတ် ဘယ်နှရက် သောက်တယ်ဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာကြောင်း အာဏာပိုင်တွေ သိကြတယ်။a တစ်ယောက်နဲ့ တစ်ယောက် အရက်ကို တုံ့ပြန်မှု မတူလို့ တချို့အတွက် လုံးဝ မသောက်တာ အကောင်းဆုံးပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ-

“အောက်ပါအခြေအနေမျိုးမှာ တစ်ခွက်၊ နှစ်ခွက်ပဲဆိုရင်တောင် များလွန်းတယ်-

  • ယာဉ်မောင်းနေတဲ့အခါ၊ စက်ကိရိယာတွေသုံးပြီး အလုပ်လုပ်နေတဲ့အခါ။

  • ကိုယ်ဝန်ဆောင်တဲ့အခါ၊ နို့တိုက်နေရတဲ့အခါ။

  • ဆေးသောက်ထားတဲ့အခါ။

  • ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ။

  • အရက်သောက်တာ မထိန်းနိုင်တဲ့အခါ။”

သောက်တာ များသွားပြီဆိုတဲ့ လက္ခဏာတွေက ဘာလဲ

ကျမ်းစာအဆို- ‘ငါတို့ရဲ့ လမ်းစဉ်တွေကို အသေအချာ ဆန်းစစ်ကြစို့။’—မြည်တမ်းစကား ၃:၄၀။

စဉ်းစားကြည့်ပါ- ကိုယ့်ရဲ့ အရက်သောက်တဲ့အကျင့်ကို မှန်မှန် ဆန်းစစ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အရက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ်။ အရက်စွဲနေပြီဆိုတာ ပြတဲ့ အောက်ပါလက္ခဏာတွေ ကိုယ့်မှာ ရှိမရှိ ဆန်းစစ်ကြည့်ပါ။

  • သောက်လိုက်ရမှ စိတ်ပျော်တယ်လို့ ယူဆတယ်။ စိတ်ပြေလက်ပျောက်ဖြစ်ဖို့၊ လူပေါင်းဆံ့ဖို့၊ စိတ်ပျော်ဖို့ အရက်သောက်ရမယ်လို့ ယူဆတယ်။ ပြဿနာတွေ ကြုံတဲ့အခါ အရက်သောက်တယ်။

  • ခါတိုင်းထက် ပိုသောက်တယ်။ သောက်တဲ့အကြိမ်ရေ ပိုစိတ်လာတယ်။ အပြင်းစားတွေ သောက်လာတယ်။ ပိုသောက်တာတောင် မတိုးတော့ဘူး။

  • အရက်ကြောင့် အိမ်မှာ၊ အလုပ်မှာ ပြဿနာတက်တယ်။ ဥပမာ၊ အရက်ဖိုး မတတ်နိုင်တာတောင် ဝယ်သောက်တယ်။

  • သောက်ပြီးတဲ့နောက် အန္တရာယ်မကင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတယ်။ ဥပမာ၊ ကားမောင်းတာ၊ ရေကူးတာ၊ စက်ကိရိယာတွေသုံးပြီး အလုပ်လုပ်တာတို့ ဖြစ်တယ်။

  • ကိုယ်အရက်သောက်တာကို စိတ်ပူကြောင်း တခြားသူတွေ ပြောတယ်။ တခြားသူတွေ ကိုယ့်ကို အဲဒီလို ပြောလာတဲ့အခါ ဆင်ခြေကန်တယ်။ တခြားသူတွေ မသိအောင် ခွက်ပုန်းသောက်တယ်။ ဘယ်လောက် သောက်တယ်ဆိုတာ အမှန်အတိုင်း မပြောဘူး။

  • အရက်ဖြတ်ဖို့ ခက်တယ်။ လျှော့သောက်ဖို့၊ ဖြတ်ဖို့ ကြိုးစားပေမဲ့ ဒုံရင်းပဲ ဖြစ်နေတယ်။

အရက်သောက်ရာမှာ ချင့်ချိန်မှု ရှိစေဖို့ ကူညီပေးတဲ့ အကြံပြုချက် ငါးချက်

၁။ ဇယား ဆွဲပါ။

ကျမ်းစာအဆို- “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

ပြက္ခဒိန်။

ဒီနည်း စမ်းကြည့်ပါ- တစ်ပတ်အတွင်း ဘယ်နေ့တွေမှာပဲ သောက်မယ်ဆိုတာ ကြိုသတ်မှတ်ထားပါ။ အဲဒီနေ့တွေမှာ ဘယ်နှခွက်ပဲ သောက်မယ်ဆိုပြီး ကန့်သတ်ထားပါ။ တစ်ပတ်မှာ အနည်းဆုံး နှစ်ရက်ကို အရက်မသောက်တဲ့နေ့ဆိုပြီး သတ်မှတ်ထားပါ။

“သောက်တဲ့ရက် ဆက်နေတာမျိုး မဖြစ်အောင် ထိန်းတာက အရက်ချိုး မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းကောင်းပဲ” လို့ ယူကေအခြေစိုက် အရက်ပညာပေးအဖွဲ့က ဆိုတယ်။

၂။ ဇယားအတိုင်း လက်တွေ့ လုပ်ပါ။

ကျမ်းစာအဆို- ‘အစပြုလုပ်ဆောင်ခဲ့တာကို အပြီးသတ်လိုက်ပါ။’—၂ ကောရိန္သု ၈:၁၁။

သစ်သီးဖျော်ရည်ပုလင်းဘေးက ဝိုင်ခွက်။

ဒီနည်း စမ်းကြည့်ပါ- သောက်တဲ့ ပမာဏ၊ ဘယ်နှခွက်ဆိုတာကို အတိအကျ မှတ်နိုင်ဖို့ စံသတ်မှတ်ထားတဲ့ ခွက်ကို သုံးပါ။ ကျန်းမာရေးနဲ့ညီပြီး အရက်မပါတဲ့ ဖျော်ရည်တွေ အသင့်ဆောင်ထားပါ။

“အပြောင်းအလဲ ခပ်သေးသေးတွေ လုပ်တာက အရက်ကြောင့် ဖြစ်လာတဲ့ ပြဿနာကို လျှော့ချနိုင်တယ်” လို့ အရက်စွဲခြင်းဆိုင်ရာ ယူအက်စ် အမျိုးသားအသင်းအဖွဲ့က ဆိုတယ်။

၃။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ပါ။

ကျမ်းစာအဆို- “ဟုတ်ရင် “ဟုတ်တယ်၊” မဟုတ်ရင် “မဟုတ်ဘူး” လို့ပဲ ပြောပါ။”—ယာကုပ် ၅:၁၂။

ဝိုင်ခွက်ကို ငြင်းနေသူ။

ဒီနည်း စမ်းကြည့်ပါ- မသောက်ဖို့ ဆုံးဖြတ်ထားတဲ့ရက်မှာ တစ်ယောက်ယောက်က သောက်ဖို့ ပြောလာရင် ယဉ်ယဉ်ကျေးကျေး ငြင်းတတ်အောင် ပြင်ဆင်ထားပါ။

“ကမ်းလှမ်းချက်ကို မြန်မြန် ငြင်းနိုင်လေ အလျှော့ပေးနိုင်ချေ ပိုနည်းလေပဲ” လို့ အရက်စွဲခြင်းဆိုင်ရာ ယူအက်စ် အမျိုးသားအသင်းအဖွဲ့က ဆိုတယ်။

၄။ ဆုံးဖြတ်ချက်ရဲ့ အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။

ကျမ်းစာအဆို- “ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်။”—ဒေသနာ ၇:၈။

စာရင်း။

ဒီနည်း စမ်းကြည့်ပါ- အရက်ကို ချင့်ချိန်မှုရှိရှိ သောက်ရတဲ့ အကြောင်းရင်းတွေကို စာရင်း လုပ်ထားပါ။ အိပ်စက်ခြင်း၊ ကျန်းမာရေး၊ ငွေကြေး၊ တခြားသူတွေနဲ့ ဆက်ဆံရေးစတဲ့ ကဏ္ဍတွေမှာ တိုးတက်ကောင်းမွန်လာတယ်ဆိုတဲ့ အချက်တွေ ပါဝင်စေပါ။ ကိုယ့်ဆုံးဖြတ်ချက်အကြောင်း တခြားတွေကို ပြောပြတဲ့အခါ အခက်အခဲတွေထက် ကောင်းကျိုးတွေကို အာရုံစိုက်ပါ။

၅။ ဘုရားသခင်ဆီ အကူအညီ တောင်းပါ။

ကျမ်းစာအဆို- “ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။”—ဖိလိပ္ပိ ၄:၁၃။

ဆုတောင်းနေသူ။

ဒီနည်းကို စမ်းကြည့်ပါ- ကိုယ့်ရဲ့ အရက်သောက်တဲ့အကျင့်ကို တွေးပူနေရင် ဘုရားသခင်ဆီ ဆုတောင်းပါ။ ခွန်အားနဲ့ ချုပ်တည်းမှု ရှိဖို့ ဆုတောင်းပါ။b ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံဉာဏ်ကို အချိန်ယူ ရှာဖွေပါ။ ဒါဆိုရင် အရက်နဲ့ပတ်သက်ပြီး ချင့်ချိန်မှု ရှိနိုင်ဖို့ ဘုရားသခင် ကူညီပါလိမ့်မယ်။

a ဥပမာ၊ ယူအက်စ် ကျန်းမာရေးနဲ့ လူ့ဝန်ဆောင်မှုဌာနအဆိုအရ အလွန်အကျွံ သောက်ခြင်းဆိုတာ “အမျိုးသမီးဆိုရင် တစ်ရက်မှာ လေးခွက်နဲ့ အထက်၊ တစ်ပတ်မှာ ရှစ်ခွက်နဲ့ အထက် သောက်တာ၊ အမျိုးသားဆိုရင် တစ်ရက်မှာ ငါးခွက်နဲ့ အထက်၊ တစ်ပတ်မှာ ၁၅ ခွက်နဲ့ အထက် သောက်တာ” ကို ဆိုလိုတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ခွက်အရွယ်အစား စံသတ်မှတ်ပုံချင်း မတူလို့ ကိုယ့်အတွက် တော်သင့်ရုံ ပမာဏက ဘယ်လောက်ဆိုတာ သိဖို့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပါ။

b အရက်သောက်တာကို မထိန်းနိုင်ရင် ကျွမ်းကျင်သူ ပညာရှင်တွေဆီက အကူအညီ ရယူဖို့ လိုနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ