ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၃၂
  • ယေဟောဝါသက်သေတွေဟာ ဓမ္မဟောင်းကျမ်းကို လက်ခံသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေဟာ ဓမ္မဟောင်းကျမ်းကို လက်ခံသလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်တွေဟာ ဓမ္မဟောင်းကျမ်းကိုရော ဓမ္မသစ်ကျမ်းကိုပါ ဘာကြောင့် အသုံးပြုဖို့လိုအပ်သလဲ
  • ယေဟောဝါသက်သေများသည် ဓမ္မဟောင်းကျမ်းကို လက်ခံကြသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ဓမ္မဟောင်းကျမ်း” သို့မဟုတ် “ဟေဗြဲကျမ်း”—မည်သည့်အရာနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျမ်းစာဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေဟောဝါ ဟူသော နာမတော်ကို ဓမ္မသစ်ကျမ်းတွင် အသုံးပြုသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၃၂

ယေဟောဝါသက်သေတွေဟာ ဓမ္မဟောင်းကျမ်းကို လက်ခံသလား

လက်ခံပါတယ်။ သမ္မာကျမ်းစာတစ်အုပ်လုံးက ‘ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် အကျိုးရှိ’ တယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ကြပါတယ်။ (၂ တိမောသေ ၃:၁၆) အဲဒီထဲမှာ ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့ လူအများခေါ်တဲ့ ကျမ်းနှစ်ကျမ်းစလုံး ပါဝင်ပါတယ်။ ယေဟောဝါသက်သေတွေကတော့ အဲဒီကျမ်းတွေကို ဟေဗြဲကျမ်းစာနဲ့ ခရစ်ယာန်ဂရိကျမ်းစာလို့ ခေါ်ကြတယ်။ အဲဒီလိုခေါ်ရတဲ့အကြောင်းရင်းက သမ္မာကျမ်းစာရဲ့အပိုင်းတချို့ဟာ ခေတ်ကုန်သွားတယ် ဒါမှမဟုတ် ကျွန်ုပ်တို့နဲ့ မသက်ဆိုင်ဘူးလို့ မယူဆစေချင်လို့ဖြစ်တယ်။

ခရစ်ယာန်တွေဟာ ဓမ္မဟောင်းကျမ်းကိုရော ဓမ္မသစ်ကျမ်းကိုပါ ဘာကြောင့် အသုံးပြုဖို့လိုအပ်သလဲ

ဘုရားသခင့်လမ်းညွှန်မှုနဲ့ တမန်တော်ပေါလု ခုလိုရေးသားခဲ့တယ်- “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။” (ရောမ ၁၅:၄) ဒါကြောင့် ဟေဗြဲကျမ်းစာမှာလည်း ကျွန်ုပ်တို့အတွက် တန်ဖိုးရှိတဲ့ အချက်အလက်တွေ ပါတယ်။ ဥပမာနှစ်ခုကို ပြောရရင် အရေးပါတဲ့သမိုင်းနဲ့ အကျိုးရှိတဲ့ အကြံဉာဏ်တွေ ပါတယ်။

  • အရေးပါတဲ့သမိုင်း။ ဟေဗြဲကျမ်းစာမှာ ဖန်ဆင်းခြင်းမှတ်တမ်းနဲ့ လူသားတွေ အပြစ်တရားအောက် ရောက်ရှိခဲ့ပုံအကြောင်း အသေးစိတ်ဖော်ပြထားတယ်။ အဲဒီအချက်အလက်တွေသာ မရှိဘူးဆိုရင် ‘လူတွေ ဘယ်လိုဖြစ်ပေါ်လာသလဲ။ လူတွေ ဘာကြောင့်သေရသလဲ’ စတဲ့မေးခွန်းတွေအတွက် စိတ်ကျေနပ်စရာအဖြေကို ရမှာမဟုတ်ဘူး။ (ကမ္ဘာဦး ၂:၇၊ ၁၇) အဲဒီအပြင် ပျော်ရွှင်မှုနဲ့ ပြဿနာတွေကို ကျွန်ုပ်တို့လို ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ ယေဟောဝါဘုရား ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ဟေဗြဲကျမ်းစာမှာ ဖော်ပြထားတယ်။—ယာကုပ် ၅:၁၇။

  • အကျိုးရှိတဲ့ အကြံဉာဏ်။ ဟေဗြဲကျမ်းစာထဲမှာပါတဲ့ သုတ္တံကျမ်းနဲ့ ဒေသနာကျမ်းမှာ အမြဲတမ်းအကျိုးရှိစေတဲ့ အကြံဉာဏ်တွေကို ဖော်ပြထားတယ်။ ပျော်ရွှင်တဲ့မိသားစုဘဝကို ရရှိနိုင်ပုံ (သုတ္တံ ၁၅:၁၇)၊ အလုပ်အကိုင်အပေါ် မျှတတဲ့အမြင် ထားရှိနိုင်ပုံ (သုတ္တံ ၁၀:၄; ဒေသနာ ၄:၆)၊ လူငယ်ဘဝကို ပျော်ရွှင်မှုအများဆုံး ရရှိနိုင်တဲ့နည်းနဲ့ အသုံးပြုနိုင်ပုံ (ဒေသနာ ၁၁:၉–၁၂:၁) စတဲ့အကြောင်းတွေကို အဲဒီကျမ်းတွေမှာ တွေ့ရှိရတယ်။

အဲဒီအပြင် ပထမဆုံးကျမ်း ငါးစောင် (တိုရာကျမ်း) ထဲမှာ ဖော်ပြထားတဲ့ မောရှေပညတ်ကို လေ့လာခြင်းကနေလည်း ကျွန်ုပ်တို့ အကျိုးရနိုင်ပါတယ်။ ခရစ်ယာန်တွေဟာ မောရှေပညတ်ကို လိုက်လျှောက်ဖို့ မလိုပေမဲ့ ပျော်ရွှင်တဲ့အသက်တာ ရရှိနိုင်တဲ့ အဖိုးတန် အကြံပြုချက်တွေကို အဲဒီပညတ်မှာ တွေ့နိုင်ပါတယ်။—ဝတ်ပြုရာ ၁၉:၁၈; တရားဟောရာ ၆:၅–၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ