ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၅
  • အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အစ္စရေးနိုင်ငံကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အာမဂေဒုန်ကို လူတချို့ ဘယ်လိုယူမှတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၅
ကန့်မီးမိုးရွာသွန်း

အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

အာမဂေဒုန်စစ်ပွဲဆိုတာ လူ့အုပ်စိုးရှင်တွေနဲ့ ဘုရားသခင်စပ်ကြား အပြီးသတ်တိုက်မယ့်စစ်ပွဲကို ပြောနေတာ ဖြစ်တယ်။ လူ့အုပ်စိုးရှင်တွေနဲ့ သူတို့ရဲ့ဘက်တော်သားတွေဟာ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို လက်မခံခြင်းအားဖြင့် အခုကတည်းက ဘုရားကို ဆန့်ကျင်နေကြတယ်။ (ဆာလံ ၂:၂) အာမဂေဒုန်စစ်ပွဲမှာ လူ့အုပ်ချုပ်မှုတွေဟာ အပြီးသတ်ချုပ်ငြိမ်းသွားပါလိမ့်မယ်။​—ဒံယေလ ၂:၄၄၊ ၄၅။

အာမဂေဒုန်ဆိုတဲ့စကားလုံးကို တစ်ခါတလေ ဟေဗြဲဘာသာစကားနဲ့ ဟာမေဂဒုန်လို့ ဘာသာပြန်ဆိုကြတယ်။ အဲဒီစကားလုံးကို ကျမ်းစာအုပ်ရဲ့ ဗျာဒိတ် ၁၆:၁၆ မှာပဲ တွေ့ရှိရပါတယ်။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်” တွေဟာ “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး” မှာ စစ်တိုက်ဖို့ “ဟေဗြဲဘာသာအားဖြင့် ဟာမေဂဒုန်ဟု ခေါ်ဆိုသောအရပ်” ကို စုရုံးရောက်ရှိလာကြပါတယ်။​—ဗျာဒိတ် ၁၆:၁၄။

အာမဂေဒုန်စစ်ပွဲမှာ ဘယ်သူတွေ စစ်တိုက်ကြမှာလဲ။ ယေရှုခရစ်က ကောင်းကင်စစ်တပ်ကို ဦးစီးပြီး ဘုရားသခင်ရဲ့ရန်သူတွေကို အပြီးသတ် ချေမှုန်းသွားပါလိမ့်မယ်။ (ဗျာဒိတ် ၁၉:၁၁–၁၆၊ ၁၉–၂၁) အဲဒီရန်သူတွေထဲမှာ ဘုရားသခင်ရဲ့အခွင်အာဏာကို ဆန့်ကျင်တဲ့သူတွေ၊ ဘုရားသခင်ကို မထီမဲ့မြင်ပြုသူတွေ ပါ,ပါလိမ့်မယ်။​—ယေဇကျေလ ၃၉:၇။

အရှေ့အလယ်ပိုင်းဒေသမှာ အာမဂေဒုန်စစ်ပွဲ ဖြစ်မှာလား။ မဖြစ်ပါဘူး။ အာမဂေဒုန်စစ်ပွဲဟာ ဒေသတစ်ခုတည်းမှာ မဟုတ်ဘဲ ကမ္ဘာနဲ့ချီဖြစ်ပါလိမ့်မယ်။​—ယေရမိ ၂၅:၃၂–၃၄; ယေဇကျေလ ၃၉:၁၇–၂၀။

အာမဂေဒုန်ဆိုတာ “မေဂိဒ္ဒေါတောင်” လို့ အဓိပ္ပာယ်ရပါတယ်။ မေဂိဒ္ဒေါမြို့ဟာ ရှေးအစ္စရေးပြည်ရဲ့ မြို့ဖြစ်ခဲ့ဖူးပါတယ်။ မေဂိဒ္ဒေါအနီးတဝိုက်မှာ အနိုင်အရှုံးပေါ်တဲ့ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတယ်လို့ သမိုင်းက ဖော်ပြတယ်။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ စစ်ပွဲတချို့လည်း အဲဒီဒေသမှာ ဖြစ်ပွားခဲ့တယ်။ (တရားသူကြီး ၅:၁၉၊ ၂၀; ၄ ဓမ္မရာဇဝင် ၉:၂၇; ၂၃:၂၉) ဒါပေမဲ့ အာမဂေဒုန်စစ်ပွဲဟာ ရှေးခေတ်မေဂိဒ္ဒေါဒေသတစ်ဝိုက်မှာ ဖြစ်ပွားမှာမဟုတ်ဘူး။ အဲဒီဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ တောင်တန်းမရှိဘူး။ ဘုရားသခင်ကို တိုက်ခိုက်မယ့်သူတွေအားလုံး စုဝေးမယ်ဆိုရင် တောင်တန်းဒေသနဲ့ ထိစပ်နေတဲ့ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်အထိတောင် ဆန့်မှာမဟုတ်ဘူး။ တကယ်တော့ အာမဂေဒုန်ဆိုတာ ဘုရားသခင့်အုပ်ချုပ်မှုကို အပြီးသတ်ဆန့်ကျင်တဲ့အနေနဲ့ တိုင်းနိုင်ငံတွေစုဝေးကြတဲ့ ကမ္ဘာ့အခြေအနေ ဖြစ်ပါတယ်။

အာမဂေဒုန်စစ်ပွဲမှာ ဘာတွေဖြစ်မှာလဲ။ ဘုရားသခင်က တန်ခိုးကို ဘယ်လိုအသုံးပြုသွားမလဲဆိုတာ ကျွန်ုပ်တို့ မသိကြပါဘူး။ ဒါပေမဲ့ ရှေးတုန်းက ကိုယ်တော်အသုံးပြုခဲ့တဲ့ လက်နက်တွေကို အာမဂေဒုန်စစ်ပွဲမှာ လိုသလို အသုံးပြုသွားနိုင်ပါတယ်။ ဘုရားသခင်ရဲ့လက်နက်တွေထဲမှာ မိုးသီးရွာတာ၊ ငလျင်လှုပ်တာ၊ ရေလွှမ်းမိုးတာ၊ ကန့်မီးလောင်တာ၊ မိုးကြိုးပစ်တာ၊ ရောဂါထူပြောတာတွေ ပါတယ်။ (ယောဘ ၃၈:၂၂၊ ၂၃; ယေဇကျေလ ၃၈:၁၉၊ ၂၂; ဟဗက္ကုတ် ၃:၁၀၊ ၁၁; ဇာခရိ ၁၄:၁၂) ဘုရားသခင့်ရန်သူတချို့ဟာ အချင်းချင်းရှုပ်ထွေးသွားပြီး သတ်ဖြတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တိုက်ခိုက်နေတဲ့သူဟာ ယေဟောဝါဘုရားဖြစ်နေမှန်း နောက်ဆုံးမှာ သူတို့ သိသွားပါလိမ့်မယ်။​—ယေဇကျေလ ၃၈:၂၁၊ ၂၃; ဇာခရိ ၁၄:၁၃။

အာမဂေဒုန်စစ်ပွဲကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားမှာလား။ ဒီကမ္ဘာကြီးဟာ လူသားတွေ ထာဝစဉ်နေထိုင်ရမယ့် စံအိမ်ဖြစ်တဲ့အတွက် ပျက်စီးသွားမှာ မဟုတ်ပါဘူး။ (ဆာလံ ၃၇:၂၉; ၉၆:၁၀; ဒေသနာ ၁:၄) အာမဂေဒုန်စစ်ပွဲကြောင့် လူသားအားလုံး ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကျေးကျွန်တွေဖြစ်တဲ့ “လူအုပ်ကြီး” ဟာ ကပ်ကျော်ပြီး အသက်ရှင်ကျန်ရစ်ပါလိမ့်မယ်။​—ဗျာဒိတ် ၇:၉၊ ၁၄; ဆာလံ ၃၇:၃၄။

ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ “လောက” ဆိုတဲ့စကားလုံးဟာ ကမ္ဘာကိုရည်ညွှန်းတဲ့အပြင် တစ်ခါတလေ ဘုရားသခင်ကို ဆန့်ကျင်တဲ့လူဆိုးတွေကိုလည်း ရည်ညွှန်းတတ်ပါတယ်။ (၁ ယောဟန် ၂:၁၅–၁၇) အဲဒီသဘောမျိုးနဲ့ အာမဂေဒုန်စစ်ပွဲကြောင့် “ကမ္ဘာကုန်” သွားပါလိမ့်မယ်။​—မဿဲ ၂၄:၃၊ သမ္မာကျမ်း။

ဘယ်အချိန်မှာ အာမဂေဒုန်စစ်ပွဲ ဖြစ်မှာလဲ။ “ကြီးစွာသောဒုက္ခ” အထွတ်အထိပ်ဖြစ်တဲ့ အာမဂေဒုန်စစ်ပွဲနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၂၁၊ ၃၆) ဒါပေမဲ့ အာမဂေဒုန်စစ်ပွဲဟာ ၁၉၁၄ ခုနှစ်ကနေစပြီး လူ့မျက်စိနဲ့မမြင်ရတဲ့ ယေရှုရောက်ရှိလာချိန်အတွင်းမှာ ဖြစ်ပျက်လာမယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။​—မဿဲ ၂၄:၃၄–၃၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ