ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၀
  • “မိဘကို ရိုသေပါ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မိဘကို ရိုသေပါ” ဆိုတာ ဘာအဓိပ္ပာယ်လဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • မိဘကို ရိုသေခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ
  • “မိဘကို ရိုသေပါ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ထွက်မြောက်ရာ ၂၀:၁၂— “မိဘကို ရိုသေပါ”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၀
သားဖြစ်သူ အသက်ကြီးဖခင်နဲ့အတူ လမ်းလျှောက်နေ

“မိဘကို ရိုသေပါ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

သမ္မာကျမ်းစာဖြေဆိုရာ

“မိဘကို ရိုသေပါ” ဆိုတဲ့ ပညတ်ကို ကျမ်းစာမှာ မကြာခဏ တွေ့ရတယ်။ (ထွက်မြောက်ရာ ၂၀:၁၂။ တရားဟောရာ ၅:၁၆။ မဿဲ ၁၅:၄။ ဧဖက် ၆:​၂၊ ၃) မိဘကို ရိုသေကြောင်း တင်ပြနိုင်တဲ့နည်း လေးနည်းကို ဖော်ပြသွားပါမယ်။

  1. ၁။ မိဘကို တန်ဖိုးထားလေးမြတ်ပါ။ မိဘနှစ်ပါး လုပ်ပေးသမျှကို ကျေးဇူးတင်တတ်သူဟာ သူတို့ကို ရိုသေသူဖြစ်တယ်။ မိဘတွေ ဆုံးမသွန်သင်တာကို တန်ဖိုးထားရင် သူတို့ကို ကျေးဇူးတင်လေးမြတ်ရာ ရောက်တယ်။ (ပညာအလိမ္မာ ၇:​၁၊ ၂။ ၂၃:၂၆) မိဘနှစ်ပါးကို “ဂုဏ်ကျက်သရေ” ရှိသူတွေအဖြစ် ယူမှတ်ပြီး ဂုဏ်ယူဖို့ ကျမ်းစာက အားပေးတိုက်တွန်းထားတယ်။​—ပညာအလိမ္မာ ၁၇:၆။

  2. ၂။ မိဘရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုပါ။ ဘုရားက မိဘနှစ်ပါးကို အခွင့်အာဏာ ပေးထားတဲ့အတွက် အထူးသဖြင့် ငယ်ရွယ်ချိန်မှာ သူတို့စကားကို နားထောင်ရင် မိဘကိုရိုသေရာ ရောက်တယ်။ “သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။ အဲဒီလိုနာခံတာကို သခင် နှစ်သက်တယ်” လို့ ကောလောသဲ ၃:၂၀ မှာ လူငယ်တွေကို ဆုံးမထားတယ်။ ယေရှုဟာ လူငယ်ဘဝတုန်းက “မိဘစကားကို” စိတ်လိုကိုယ်လျောက် ‘နာခံခဲ့တယ်။’​—လုကာ ၂:၅၁။

  3. ၃။ မိဘကို ရိုရိုသေသေ ဆက်ဆံပါ။ (ဝတ်ပြုရာ ၁၉:၃။ ဟီဘရူး ၁၂:၉) ကိုယ်ပြောတဲ့ စကားလုံးတွေသာမက ပြောဆိုတဲ့လေသံနဲ့လည်း ရိုသေမှု ပြနိုင်တယ်။ မိဘတချို့က တစ်ခါတလေ ရိုသေစရာမကောင်းပေမဲ့ သားသမီးတွေက သူတို့ကို မခန့်လေးစား မလုပ်သင့်ဘူး။ သူတို့ကို ရိုရိုသေသေ ပြောဆိုဆက်ဆံရမယ်။ (ပညာအလိမ္မာ ၃၀:၁၇) အဖေကိုဖြစ်စေ၊ အမေကိုဖြစ်စေ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်းဟာ ကြီးလေးတဲ့အပြစ် ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။​—မဿဲ ၁၅:၄။

  4. ၄။ မိဘကို ထောက်ပံ့ပါ။ မိဘတွေ အသက်ကြီးလာတဲ့အခါ အကူအညီ လိုလိမ့်မယ်။ အဲဒီအခါ သူတို့လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပြီး ရိုသေမှု ပြရမယ်။ (၁ တိမောသေ ၅:​၄၊ ၈) ယေရှုဟာ အသက်ထွက်ခါနီးမှာ မိခင်ရဲ့ရှေ့ရေးအတွက် စီစဉ်ပေးခဲ့တယ်။​—ယောဟန် ၁၉:​၂၅-၂၇။

မိဘကို ရိုသေခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

အမှား– မိဘကို ရိုသေတယ်ဆိုရင် ကိုယ့်အိမ်ထောင်ရေးကို စီမံခွင့်ပေးရမယ်။

အမှန်– မိဘ၊ မောင်နှမ ဆက်ဆံရေးထက် အိမ်ထောင်ရေးနှောင်ကြိုးက အဓိကဖြစ်တယ်လို့ ကျမ်းစာက သွန်သင်တယ်။ “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” လို့ ကမ္ဘာဦး ၂:၂၄ မှာ ပြောထားတယ်။ (မဿဲ ၁၉:​၄၊ ၅) နှစ်ဖက်မိဘတွေရဲ့ အကြံဉာဏ်တွေက ဇနီးမောင်နှံကို အကျိုးရှိနိုင်တာတော့ မှန်ပါတယ်။ (ပညာအလိမ္မာ ၂၃:၂၂) ဒါပေမဲ့ ဇနီးမောင်နှံတွေက ဆွေမျိုးတွေ ကိုယ့်အိမ်ထောင်ရေးမှာ ဝင်စွက်ဖက်တာကို ကန့်သတ်ခွင့်ရှိတယ်။​—မဿဲ ၁၉:၆။

အမှား– မိဘတွေမှာ အခွင့်အာဏာ အပြည့်အဝရှိတယ်။

အမှန်– မိသားစုထဲမှာ မိဘတွေကို ဘုရားက အခွင့်အာဏာပေးထားပေမဲ့ လူတွေရဲ့ အခွင့်အာဏာဟာ အကန့်အသတ်ရှိတယ်၊ ဘုရားရဲ့ အခွင့်အာဏာကို ကျော်လွန်လို့ မရဘူး။ တစ်ခါက ယေရှုရဲ့ တပည့်တွေကို ဘုရားစကား နားမထောင်ဖို့ ဂျူးတရားရုံးက အမိန့်ထုတ်တဲ့အခါ သူတို့က “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ ပြောခဲ့တယ်။ (တမန်တော် ၅:​၂၇-၂၉) အဲဒီလိုပဲ ဘုရားပညတ်နဲ့ မဆန့်ကျင်ဘူးဆိုရင် ကလေးတွေဟာ “ဘုရားသခင့် အလိုတော်နဲ့အညီ” မိဘစကားကို နားထောင်ရမယ်။​—ဧဖက် ၆:၁။

အမှား– မိဘကိုရိုသေတဲ့အတွက် မိဘကိုးကွယ်တဲ့ ဘာသာကို လိုက်ရမယ်။

အမှန်– သွန်သင်ချက်တွေ မှန်မမှန်သိနိုင်ဖို့ အသေအချာ ဆန်းစစ်ကြည့်ပါလို့ ကျမ်းစာမှာ ပြောထားတယ်။ (တမန်တော် ၁၇:၁၁။ ၁ ယောဟန် ၄:၁) အဲဒီလိုဆန်းစစ်တဲ့သူက နောက်ဆုံး မိဘတွေနဲ့မတူတဲ့ ယုံကြည်ချက်ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်။ ကျမ်းစာထဲမှာ မိရိုးဖလာ ဘာသာကို မလိုက်စားတဲ့ အာဗြဟံ၊ ရုသ၊ တမန်တော်ပေါလု စတဲ့ သစ္စာရှိကျေးကျွန်တွေအကြောင်း ဖော်ပြထားတယ်။​—ယောရှု ၂၄:​၂၊ ၁၄၊ ၁၅။ ရုသ ၁:​၁၅၊ ၁၆။ ဂလာတိ ၁:​၁၄-၁၆၊ ၂၂-၂၄။

အမှား– မိဘကိုရိုသေတဲ့သူဟာ ဘိုးဘေးကိုးကွယ်မှုနဲ့ဆိုင်တဲ့ ထုံးစံတွေမှာ ပါဝင်ရမယ်။

အမှန်– “ယေဟောဝါ ဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (လုကာ ၄:၈) ဘိုးဘေးကိုးကွယ်တဲ့သူကို ဘုရားသခင် နှစ်သက်မှာ မဟုတ်ဘူး။ အဲဒီအပြင် ကျမ်းစာက “သေလွန်သူကတော့ ဘာမှမသိဘူး” လို့ သွန်သင်တယ်။ ဒါကြောင့် သူတို့ကို ဝတ်ပြုကိုးကွယ်တာကို ဘိုးဘေးတွေ မသိသလို အသက်ရှင်နေသူတွေကို သူတို့ မကူညီနိုင်၊ အန္တရာယ်လည်း မပေးနိုင်ကြဘူး။​—ဒေသနာ ၉:​၅၊ ၁၀။ ဟေရှာယ ၈:၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ