ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၇
  • ထွက်မြောက်ရာ ၂၀:၁၂— “မိဘကို ရိုသေပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထွက်မြောက်ရာ ၂၀:၁၂— “မိဘကို ရိုသေပါ”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထွက်မြောက်ရာ ၂၀:၁၂ ရဲ့ အဓိပ္ပာယ်
  • ထွက်မြောက်ရာ ၂၀:၁၂ အထက်အောက်စကား
  • “မိဘကို ရိုသေပါ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • “မိဘကို ရိုသေပါ” ဆိုတာ ဘာအဓိပ္ပာယ်လဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၇

ကျမ်းပိုဒ် ရှင်းပြချက်များ

ထွက်မြောက်ရာ ၂၀:၁၂— “မိဘကို ရိုသေပါ”

“မိဘကို ရိုသေပါ။ ဒါမှသာ ယေဟောဝါဘုရားသခင် ပေးတဲ့ ပြည်မှာ အသက်ရှည်ရှည် နေနိုင်မယ်။”—ထွက်မြောက်ရာ ၂၀:၁၂၊ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

“သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာ ရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။”—ထွက်မြောက်ရာ ၂၀:၁၂၊ ယုဒသန်ကျမ်း။

ထွက်မြောက်ရာ ၂၀:၁၂ ရဲ့ အဓိပ္ပာယ်

ဘုရားသခင်က ရှေးအစ္စရေးတွေကို မိဘကို ရိုသေပါဆိုတဲ့ ပညတ် ပေးတယ်။ နောက်မှာလိုက်ပါလာတဲ့ ကတိက အဲဒီပညတ်ကို လိုက်နာသင့်တဲ့ နောက်ထပ် အကြောင်းရင်းပါပဲ။ အစ္စရေးတွေ ရတဲ့ မောရှေပညတ်ကို ခရစ်ယာန်တွေ မလိုက်နာကြတော့ပေမဲ့ ဘုရားသခင့် စံနှုန်းတွေကတော့ မပြောင်းလဲပါဘူး။ ဘုရားသခင့်ပညတ် နောက်ကွယ်က မူတွေဟာ မှန်ကန်နေဆဲ၊ ခရစ်ယာန်တွေအတွက် အရေးပါနေဆဲပါပဲ။—ကောလောသဲ ၃:၂၀။

ကလေးဖြစ်စေ၊ အရွယ်ရောက်သူဖြစ်စေ သားသမီးတိုင်း မိဘကို လေးစားတာ၊ နာခံတာဟာ ရိုသေရာရောက်တယ်။ (ဝတ်ပြုရာ ၁၉:၃။ ပညာအလိမ္မာ ၁:၈) သားသမီးတွေ အရွယ်ရောက်လို့ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားရင်တောင် မိဘကို ဆက်မေတ္တာပြပြီး ဂရုစိုက်ရမယ်။ ဥပမာ၊ သက်ကြီးရွယ်အို မိဘတွေကို ဂရုစိုက်ရမယ်။ ငွေကြေး ခက်ခဲရင် ကူညီပေးရမယ်။—မဿဲ ၁၅:၄-၆။ ၁ တိမောသေ ၅:၄၊ ၈။

အစ္စရေးဟာ ဖခင်ကိုရော မိခင်ကိုပါ ရိုသေရမယ်။ မိသားစုမှာ မိခင်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။ (ပညာအလိမ္မာ ၆:၂၀။ ၁၉:၂၆) အခုအချိန်မှာလည်း သားသမီးတွေ အဲဒီအတိုင်း လုပ်ဆောင်ကြရမယ်။

ဒါပေမဲ့ မိဘကို ရိုသေပါဆိုတဲ့ ပညတ်မှာ ခြွင်းချက်တော့ ရှိတယ်။ ဘုရားသခင် မိန့်မှာချက်နဲ့ ဆန့်ကျင်တဲ့အခါမျိုးမှာတော့ အစ္စရေးသားသမီးတွေဟာ မိဘကိုဖြစ်စေ၊ တစ်ဦးတစ်ယောက်ကိုဖြစ်စေ နာခံစရာ မလိုပါဘူး။ (တရားဟောရာ ၁၃:၆-၈) ဒီနေ့အချိန်မှာလည်း ခရစ်ယာန်တွေဟာ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ကြတယ်။—တမန်တော် ၅:၂၉။

အစ္စရေးတွေကို ဘုရားသခင် ပေးတဲ့ ပညတ်အရ မိဘကို ရိုသေတဲ့ သားသမီးတွေဟာ ယေဟောဝါဘုရား ပေးမယ့် ပြည်မှာ “အသက်ရှည်ရှည် နေနိုင်ပြီး ကောင်းစားမယ်။” (တရားဟောရာ ၅:၁၆) ဘုရားပညတ် မလိုက်နာဘဲ မိဘကို ကလန်ကဆန် လုပ်တဲ့ သားသမီးတွေ ခံရမယ့် ပြစ်ဒဏ်ကိုလည်း ရှောင်ရှားနိုင်ကြမယ်။ (တရားဟောရာ ၂၁:၁၈-၂၁) အချိန်တွေ ကုန်လွန်ခဲ့ပေမဲ့ ဒီပညတ်နောက်ကွယ်က အခြေခံမူတွေ မပြောင်းလဲပါဘူး။ (ဧဖက် ၆:၁-၃) လူကြီးလူငယ်အားလုံး ဘုရားသခင်ဆီမှာ စာရင်းရှင်းကြရမယ်။ ဘုရားသခင်နဲ့ မိဘကို နာခံတဲ့ သားသမီးတွေဟာ ဘုရားကတိအတိုင်းပဲ အသက်ရှည်ကြပါလိမ့်မယ်။ ထာဝစဉ် အသက်ရှင်ရမယ့် မျှော်လင့်ချက် ရှိကြလို့ပါ။—၁ တိမောသေ ၄:၈။ ၆:၁၈၊ ၁၉။

ထွက်မြောက်ရာ ၂၀:၁၂ အထက်အောက်စကား

ပညတ်တော် ဆယ်ခုမှာ ထွက်မြောက်ရာ ၂၀:၁၂ ပါ ပညတ်ရှိတဲ့ နေရာကနေ စိတ်ဝင်စားစရာ အချက်တစ်ချက် သိရတယ်။ (ထွက်မြောက်ရာ ၂၀:၁-၁၇) ရှေ့ပညတ်တွေမှာ ဘုရားသခင်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်စတဲ့ ဘုရားနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ တာဝန်တွေကို မိန့်မှာတယ်။ နောက်ပညတ်တွေမှာ အိမ်ထောင်ဖက်ကို သစ္စာရှိဖို့၊ မခိုးဖို့စတဲ့ လူလူချင်းနဲ့ပတ်သက်တဲ့ တာဝန်တွေကို မိန့်မှာတယ်။ “မိဘကို ရိုသေပါ” ဆိုတဲ့ ပညတ်က တောင်းဆိုချက်နှစ်မျိုးကို ပေါင်းကူးချိတ်ဆက်ပေးတယ်။

ထွက်မြောက်ရာ အခန်းကြီး ၂၀ ကို အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်အညွှန်းတွေနဲ့အတူ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ