ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၄
  • မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • မီးသင်္ဂြိုဟ်ခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ
  • မြေမှုန့်သို့ပြန်ခြင်း—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • မာတိကာ
    နိုးလော့!—၂၀၀၉
  • “ခြေထောက်ကိုမကျွေး၊ ပါးစပ်ကိုကျွေး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၄
ကွယ်လွန်သူ ဓာတ်ပုံနားက အရိုးအိုး

မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာအဆိုက ဘာလဲ

ကျမ်းစာအဖြေ

မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိဘူး။ သေဆုံးသွားသူကို မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းတို့နဲ့ပတ်သက်တဲ့ ကျမ်းစာ မိန့်မှာချက်လည်း မရှိပါဘူး။

ကွယ်လွန်သွားသူတွေကို ဘုရားသခင့် သစ္စာရှိကျွန်တွေ သင်္ဂြိုဟ်ခဲ့ကြပုံအကြောင်းကိုတော့ ဖော်ပြထားတယ်။ ဥပမာ၊ အာဗြဟံဆိုရင် ဇနီးစာရာကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းမြေတစ်ကွက် ရအောင် တော်တော်လေး ကြိုးစားခဲ့ရတယ်။​—ကမ္ဘာဦး ၂၃:၂-၂၀။ ၄၉:၂၉-၃၂။

အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့ကြတဲ့ သစ္စာရှိသူတွေအကြောင်းလည်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ အစ္စရေးဘုရင် ရှောလုနဲ့ သားသုံးယောက် တိုက်ပွဲမှာ ကျဆုံးသွားတဲ့အခါ အလောင်းတွေကို ရန်သူ့နယ်မြေမှာ အရှက်ခွဲတဲ့အနေနဲ့ ချိတ်ဆွဲထားကြတယ်။ ဒါကို ကြားတဲ့ သစ္စာရှိ အစ္စရေးစစ်သည်တွေက ရှောလုနဲ့ သားတွေရဲ့ အလောင်းတွေကို ပြန်အရယူပြီး မီးရှို့၊ ကျန်ကြွင်းတဲ့ အရိုးတွေကို မြေမြှုပ်လိုက်ကြတယ်။ (၁ ရှမွေလ ၃၁:၈-၁၃) အဲဒီလိုသင်္ဂြိုဟ်ခဲ့ကြတာကို လက်သင့်ခံစရာနည်းအဖြစ် ကျမ်းစာ ဖော်ပြထားတယ်။​—၂ ရှမွေလ ၂:၄-၆။

မီးသင်္ဂြိုဟ်ခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ

ယူဆချက်အမှား။ မီးသင်္ဂြိုဟ်တာက သေဆုံးသူကို ဂုဏ်ဖျက်ရာရောက်တယ်။

အမှန်။ လူသေရင် မြေကြီးကို ပြန်သွားတယ်လို့ ကျမ်းစာဆိုတဲ့အတိုင်း အလောင်း ဆွေးမြေ့သွားတဲ့အခါ မြေမှုန့်ပြန်ဖြစ်တယ်။ (ကမ္ဘာဦး ၃:၁၉) မီးသင်္ဂြိုဟ်လိုက်ရင် ပြာ ဒါမှမဟုတ် မြေမှုန့် ဖြစ်တာ မြန်တယ်။

ယူဆချက်အမှား။ ကျမ်းစာခေတ်ကဆိုရင် ဘုရားမျက်နှာသာ မရသူတွေကိုပဲ သေတဲ့အခါ မီးရှို့ကြတယ်။

အမှန်။ အာခန်နဲ့ မိသားစုတို့လို သစ္စာမဲ့သူတချို့ရဲ့ အလောင်းကို မီရှို့ခဲ့ကြတယ်။ (ယောရှု ၇:၂၅) ဒါက ခြွင်းချက် ဖြစ်တယ်။ စည်းမျဉ်းအရ လုပ်တာ မဟုတ်ဘူး။ (တရားဟောရာ ၂၁:၂၂၊ ၂၃) အစောပိုင်းမှာ ဖော်ပြခဲ့သလိုပဲ ရှောလုနဲ့ သားယောနသန်တို့လို သစ္စာရှိသူတချို့ရဲ့ အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ခဲ့ကြတယ်။

ယူဆချက်အမှား။ မီးသင်္ဂြိုဟ်လိုက်ရင် သူ့ကို ဘုရား ရှင်ပြန်ထမြောက်ပေးတော့မှာ မဟုတ်ဘူး။

အမှန်။ မြေမြှုပ်သင်္ဂြိုဟ်တာ၊ မီးသင်္ဂြိုဟ်တာ၊ ပင်လယ်မှာ သေဆုံးတာ၊ သားရိုင်းတိရစ္ဆာန် ကိုက်သတ်တာ၊ ဘယ်လိုနည်းနဲ့ သေဆုံးသွားပါစေ အသက်ပြန်ရှင်အောင် ဘုရား လုပ်ပေးနိုင်ပါတယ်။ (ဗျာဒိတ် ၂၀:၁၃) ခန္ဓာကိုယ်အသစ် ဖန်ဆင်းပေးပြီး အသက်ပြန်ရှင်စေဖို့ အနန္တတန်ခိုးရှင်အတွက် မခက်ပါဘူး။​—၁ ကောရိန္သု ၁၅:၃၅၊ ၃၈။

မီးသင်္ဂြိုဟ်မလား၊ မြေမြှုပ်သင်္ဂြိုဟ်မလား​—ဆုံးဖြတ်ချက် ချနိုင်ပုံ

လူသေကို ဘယ်လို သင်္ဂြိုဟ်မလဲဆိုတာ ဆုံးဖြတ်တဲ့အခါ အောက်ပါအချက်တွေကို ထည့်စဉ်းစားပါ။

  • ကွယ်လွန်သူရဲ့ဆန္ဒ။ သေဆုံးပြီးနောက် မိမိရဲ့အလောင်းကို ဘယ်လို သင်္ဂြိုဟ်ပေးပါဆိုတဲ့ မှာကြားချက်ကို ကျန်ရစ်သူမိသားစုတွေ လေးစားလိုက်နာတဲ့ မှတ်တမ်းတွေ ကျမ်းစာထဲမှာ ပါတယ်။​—ကမ္ဘာဦး ၅၀:၄၊ ၅။ ထွက်မြောက်ရာ ၁၃:၁၉။

  • ရပ်ရွာဓလေ့ထုံးစံ။ လူသေကို ရပ်ရွာဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်လေ့ရှိကြတယ်။ (ယောဟန် ၁၉:၄၀) ကျမ်းစာခေတ်မှာ လူသေကို မြေမြှုပ်သင်္ဂြိုဟ်တဲ့ ထုံးစံ ရှိခဲ့တယ်။ (ကမ္ဘာဦး ၄၉:၃၁။ ၁ ရှမွေလ ၂၈:၃) ခုခေတ်မှာလည်း ကျမ်းစာမူတွေနဲ့ မဆန့်ကျင်သရွေ့ ရပ်ရွာဓလေ့ထုံးစံအတိုင်း လူသေကို သင်္ဂြိုဟ်ကြတယ်။

  • တရားဥပဒေအရ။ အစိုးရအာဏာပိုင်တွေကို နာခံမှုပြဖို့ ကျမ်းစာ အားပေးတယ်။ (ရောမ ၁၃:၁) ဒေသတချို့မှာ လူသေအလောင်း စီမံပုံနဲ့ပတ်သက်တဲ့ အစိုးရဥပဒေတွေ ရှိတယ်။ ဥပမာ၊ မီးသင်္ဂြိုဟ်မယ်ဆိုရင် အရိုးပြာကို ဘယ်နေရာမှာ ထားရမယ်ဆိုတဲ့ ဥပဒေတွေ ဖြစ်တယ်။

  • တခြားသူတွေရဲ့ စိတ်သဘောထား။ သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးကြဖို့ ကျမ်းစာ တိုက်တွန်းထားတယ်။ (ဖိလိပ္ပိ ၂:၄) လူသေကို သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်တဲ့အခါ ဒီမေးခွန်းတွေ ထည့်စဉ်းစားပါ- ကွယ်လွန်သူကို မီးသင်္ဂြိုဟ်တာ၊ မြေမြှုပ်သင်္ဂြိုဟ်တာနဲ့ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ သဘောထားက ဘယ်လိုလဲ။ အဲဒီလိုသင်္ဂြိုဟ်တာကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘယ်လို ရှုမြင်ကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ