ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၂
  • လင်းပိုင်ရဲ့ အသံလှိုင်း ခြေရာခံစနစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လင်းပိုင်ရဲ့ အသံလှိုင်း ခြေရာခံစနစ်
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
    နိုးလော့!—၂၀၀၃
  • ကျွန်ုပ်တို့နှင့်မလှမ်းမကမ်းတွင်ရှိ လင်းပိုင်
    နိုးလော့!—၁၉၉၉
  • မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၃
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၂
လင်းပိုင်

အလိုလို ဖြစ်လာနိုင်ပါ့မလား

လင်းပိုင်ရဲ့ အသံလှိုင်း ခြေရာခံစနစ်

လင်းပိုင်တွေဟာ သွားမယ့်လမ်းကြောင်း သိဖို့၊ ဝန်းကျင်အခြေအနေ သိဖို့ အသံထုတ်လွှင့်ပြီး ပဲ့တင်သံကို နားထောင်တယ်။ လင်းပိုင်ရဲ့ အသံလှိုင်း ခြေရာခံစနစ် (ဆိုနာ) ကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက လက်ရှိနည်းပညာထက် ကောင်းတဲ့ အသံလှိုင်းသုံး ရေအောက်ရှာဖွေရေး ကိရိယာတွေ တီထွင်နေကြပါတယ်။

သုံးသပ်ကြည့်ပါ။ လင်းပိုင်ရဲ့ ဆိုနာက ပင်လယ်ကြမ်းပြင် သဲထဲမှာ ပုန်းနေတဲ့ ငါးကို ရှာတွေ့နိုင်တယ်။ ငါးလား၊ ကျောက်ခဲလားဆိုတာ ခွဲခြားသိနိုင်တယ်။ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်မြို့၊ ဟဲရော့ဝတ် တက္ကသိုလ်က တွဲဖက်ပါမောက္ခ ကိတ်ဘရောင်းရဲ့ အဆိုအရ လင်းပိုင်က “ဆယ်မီတာ (၃၂.၈ ပေ) အကွာ ပုံးတွေဟာ ရေချိုပုံးလား၊ ရေငန်ပုံးလား၊ သကာရည်ပုံးလား၊ ဆီပုံးလားဆိုတာ သိနိုင်တယ်။” အလားတူစွမ်းဆောင်နိုင်မယ့် ကိရိယာတွေကို သိပ္ပံပညာရှင်တွေ တီထွင်ချင်ကြတယ်။

ပုံးထဲမှာ ဘာရှိသလဲဆိုတာကို လင်းပိုင်တစ်ကောင် ဆိုနာအသုံးပြုပြီး စူးစမ်းနေစဉ်

လင်းပိုင်တွေက ဆယ်မီတာအကွာ ပုံးတွေမှာ ဘာရှိသလဲဆိုတာကို သိနိုင်ကြ

သုတေသီတွေက လင်းပိုင်ရဲ့ အသံပြုပုံ၊ အသံကြားပုံကို အသေအချာ လေ့လာပြီး ပုံတူထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ရလဒ်အနေနဲ့ ခေတ်မီဆန်းပြားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တစ်မီတာ (၃.၃ ပေ) ခန့်ရှိတဲ့ ပြွန်ထဲ ထည့်ပြီး ဆိုနာအသံလှိုင်းသုံး ကိရိယာကို တီထွင်နိုင်ခဲ့ကြတယ်။ ပင်လယ်ကြမ်းပြင်ကို လေ့လာဖို့ တီထွင်ထားတဲ့ တော်ပီဒိုဗုံးပုံစံ ပင်လယ်ရေအောက်သွား စက်ရုပ်မှာ ဆိုနာအသံလှိုင်းသုံး ကိရိယာ တပ်ဆင်ပေးပြီး မြှုပ်နေတဲ့ ကြိုးလိုင်း၊ ပိုက်လိုင်းတွေကို ရှာကြတယ်။ တီထွင်သူတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ အသုံးပြုလာကြမှာကို ကြိုမြင်ကြတယ်။ လင်းပိုင်ရဲ့ ဆိုနာကို တုထားတဲ့ ကိရိယာဟာ လက်ရှိ ဆိုနာကိရိယာတွေ အချက်အလက် စုဆောင်းနိုင်စွမ်းထက် သာလွန်တယ်။ ရေအောက်ကိရိယာတွေကို အကောင်းဆုံးနေရာမှာ ချထားဖို့၊ ရေနံတူးစင်တွေမှာ အက်ကြောင်းတွေ၊ အပျက်အစီးတွေ၊ ပိုက်လိုင်း ပိတ်ဆို့မှုတွေကို ရှာဖွေပေးဖို့ နည်းပညာရှင်တွေကို ကူညီပေးတယ်။

သင် ဘယ်လို ထင်ပါသလဲ။ လင်းပိုင်ရဲ့ ဆိုနာက သူ့အလိုလို ဖြစ်လာတာလား။ တစ်စုံတစ်ဦးက ပုံစံပြု ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ